တစ်နေ့ ၇ နာရီ အိပ်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်
![]() |
By သန်းထိုက်စိုး |
တစ်ပတ် ခုနစ်ရက်၊ တစ်ရက် (၂၄) နာရီပတ်လုံး သတင်းများနှင့် အဆက်မပြတ် လည်ပတ် နေသော ယနေ့ ကမ္ဘာကြီးတွင် လူသားများ စိတ် အနားမရခြင်း အကျိုးဆက်အဖြစ် အိပ်ရေး မ၀ခြင်း ပြဿနာများ ဖြစ်ပွားနေ ရသည်။ အိပ်ရေး ပျက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသလို၊ အခြား အစွန်းတစ်ဖက် ဖြစ်သော အလွန်အကျွံ အိပ်ခြင်း သည်လည်း ကျန်းမာရေးကို ထိခိုက်စေပြန်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက် သည်။
““လူသားရဲ့ ကျန်းမာရေးကို မထိခိုက်စေတဲ့ အိပ်စက်ချိန်ဟာ တစ်ည ခုနစ်နာရီ ဖြစ်ပါတယ်””ဟု အိပ်စက်ခြင်း ဆိုင်ရာ လေ့လာခဲ့သည့် အရီဇိုးနားတက္ကသိုလ် သုတေသနအဖွဲ့မှ ပါမောက္ခ ရှောင်ယန်းစတတ် က ပြောသည်။
““ရှစ်နာရီထက် ပိုရင်တော့ အိပ်စက်ချိန် ကြာမြင့်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်””ဟု ၎င်းကပြောသည်။
စစ်တမ်းတွင် လူပေါင်း (၉၀၀၀) ပါဝင်သည်။ အသက် (၅၀) မှ (၆၄) နှစ် ကြားများချည်း ဖြစ်သည်။ ထိုလူများအနက် အိပ်ချိန် ခြောက်နာရီထက် နည်းသူများ၊ ရှစ်နာရီထက် ပိုများသူများသည် ခုနစ်နာရီ ၀န်းကျင်သာ အိပ်စက်သူများထက် မှတ်ဉာဏ် အားနည်းနေသလို၊ ဆုံးဖြတ်ချက် ချနိုင်စွမ်းလည်း နည်းပါးကြကြောင်း တွေ့ခဲ့ရသည်။
စစ်တမ်းကို Clinical Sleep Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။ ခြောက် နာရီထက် အိပ်ချိန်နည်းခြင်း၊ ရှစ်နာရီထက် ပိုများခြင်းကြောင့် ဦးနှောက် အလုပ် လုပ်နိုင်စွမ်း ကျဆင်း ရသည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် သုတေသနများ တိုးချဲ့ပြုလုပ် သွားမည် ဖြစ်ကြောင်း ပါမောက္ခ ယန်းစတတ်က ပြောသည်။
Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ဆိုးလ်တွင် အစိုးရ ၀န်ထမ်းများ နေ့လယ်ခင်း တစ်ရေး အိပ်ခွင့်ရမည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) လက်သည်း ကိုက်တတ် ပါသလား၊ ၀မ်းပျက် ၀မ်းလျှော မှသည် အစာအိမ်နာ အထိ ဖြစ်ပွားနိုင် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'