အင်းလေးရိုးရာ ပဲချဉ်နဲ့ တူတဲ့ Hummus တိုဟူးကြော်သုပ်

Hummus ဆိုတာ Arabic တွေ chick peas ကို ခေါ်တဲ့ အမည်ပါ။ ancient Egypt ခေတ်တွေ ကတည်း က စားသုံးခဲ့တဲ့ အရမ်းကို ရှေးကျတဲ့ စားစရာလေးလို့ ဖတ်မှတ် ရပါတယ်။ Hummus လုပ်နည်း အခြေခံ က အားလုံးနီးပါး အတူတူ ဖြစ်ပေမယ့် ပါဝင် ပစ္စည်းတွေကို မိမိကြိုက်နှစ်သက် သလို အတိုးအလျှော့ လုပ်လို့ ရသလို၊ hummus ဖြစ်ပြီးနောက် မိမိကြိုက်နှစ်သက်ရာ အရသာ၊ spice တွေ ထည့်လို့ရတာမို့ အရသာ အမျိုးမျိုးကွဲပြား ပါတယ်။Middle Eastern and Arabic တွေက dip, spread, side dish အနေနဲ့ hummus ကို သုံးကြပါတယ်။ ကျွန်မ ကတော့ အင်းလေးမှာသုံးတဲ့ ပဲချဉ်နဲ့ တူလို့ နံနံပင်၊ ကြက်သွန်ပင်၊ ငရုတ်သီး ဆီကြော် တွေထည့်ပြီး Cracker တွေ၊ တိုဟူးကြော်တွေနဲ့လည်း တို့ပြီးစားပါတယ်။ အင်း လူမျိုးတွေ ပဲချဉ်နဲ့ သုပ်တဲ့ တိုဟူးကြော်သုပ် လိုလည်း သုပ်စားပါတယ်။ Hummus ကို ပါးပါး လှီးထားတဲ့ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း နဲ့ ဆီစိမ်းလေးတို့ ထည့်သုပ်ကာ ထမင်းနဲ့ နယ်ဖတ်စားရင် နှမ်းဖတ် ချဉ်သုပ်နဲ့ စားရသလို အရသာ ရှိလှပါတယ်။
***... ရိုးရိုး Hummus လုပ်ဖို့အတွက် လိုအပ်တာလေးတွေ….
1. ကြက်သွန်ဖြူ အတက်ကြီး – ၅ တက်
2. အရည်ပါသော ready made boiled chick peas – ၁ ဗူး (400 g) (အရည်မပါလျှင် လိုအပ်သော chick pea ပမာဏ 1 cup (250 ml))
3. tahini (sesame seed paste) – 2 tbsp
4. lemon juice – 3 tbsp
5. ပဲပြုတ်ထားသော အရည် (သို့) ပဲဗူးထဲတွင်ပါသော အရည် – 5 tbsp
6. ဆား – 2/3 tsp
7. olive oil – 4 tbsp
ကြိတ်စက်ထဲ ကြက်သွန်ဖြူကို ထည့်ကြိတ်ပြီးလျှင် ပဲ၊ tahini, lemon juice, ပဲပြုတ်ရည် နှင့် ဆားတို့ကို ထည့်ကာ ပဲများ တတ်နိုင်သမျှ ကြေညက် သွားအောင် ကြိတ်ပေးပါ။
ပဲများကြေညက်သွားပြီးနောက် ပန်းကန်တစ်ခုထဲထည့်ကာ olive oil လေး ဆမ်းလိုက်လျှင် ရိုးရိုး hummus ကို ရပါပြီ။ (နှစ်သက်ရာ အရသာ နှင့် spice များထည့်ကာ ကြိုက်နှစ်သက်သလို သုံးဆောင်နိုင် ပါပြီ။)
ပါးပါးလှီးထားသောကြက်သွန်ပင် (2 tbsp) ၊ ပါးပါးလှီးထားသော နံနံပင် (2 tbsp)၊ ငရုတ်သီး အကြမ်း မှုန့်ကြော် (1 tbsp) တို့ထည့်ရောလိုက်လျှင် တိုဟူးကြော်၊ cracker တို့ဖြင့် တို့စားရန် အင်းလေးရိုးရာ ပဲချဉ် နှင့်တူသော hummus ကိုရပါပြီ။
အင်းလေးရိုးရာ ပဲချဉ် တိုဟူးကြော်သုပ်ပုံစံ သုပ်လိုလျှင် အင်းလေးရိုးရာပဲချဉ် နှင့်တူသော hummus ကို ကျန်နေသေးသော ပဲဗူးထဲမှ အရည် (မိမိကြိုက်နှစ်သက်သလို အပျစ်၊ အကျဲရအောင် ချိန်ဆထည့်ပေးပါ။)၊
ပဲငံပြာရည်အကျဲ အနည်းငယ်၊ ပဲငံပြာရည်အပျစ် အနည်းငယ်တို့ဖြင့် ရောဖျော်ကာ ငရုတ်သီး အကြမ်း မှုန့်ကြော်၊ ပါးပါးလှီးထားသော ဂေါ်ဖီထုပ်၊ ကြက်သွန်ပင်၊ နံနံပင် တို့ထပ်ထည့်ပြီး တိုဟူးကြော်လေးဖြင့် သုပ်ပေးလိုက်လျှင် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
ref;https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ညောင်ပင်ကြီး မုန့်ဟင်းခါး (သို့) အညာ မုန့်ဟင်းခါး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) Scabies ယားနာ (ဝဲ) Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review