သင့်ကိုတိုက်မည့် အရည်ထဲတွင် ဆေးခတ်ထားခြင်း ရှိမရှိကို သိရှိစေမည့် ကိရိယာ
ယနေ့ အချိန် အထိ ဖျော်ရည် ထဲတွင် မူးယစ် ထုံထိုင်း စေသော ဆေးများ ထည့် သွင်း ၍ လိမ်လည် ခြင်းများ၊ သို့မဟုတ် အလို မတူဘဲ အဓမ္မ ပြုမှုခြင်း အစ ရှိသည့် ဖြစ်စဉ် များကို ကြား သိနေရ ဆဲပင် ဖြစ်ပြီး မြောက် အမေရိကရှိ အမျိုးသမီး လေး ယောက်လျှင် တစ်ယောက် မှာ အနည်းဆုံး လိင်ကိစ္စ ပိုင်း ဆိုင်ရာ အတွက် စော်ကားရန် တိုက်ခိုက် မှုများ ကြုံတွေ့ ရသည် ဟု သိရှိရပြီး ၄င်း တိုက်ခိုက် မှုများ၏ ၂၅ ရာခိုင်နှုန်း မှာ အရက်ထဲ၊ အချိုရည် ထဲသို့ မူးယစ်စေ တက်သော ဆေးဝါးများ ထည့်သွင်း၍ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ထို့ကြောင့် ၄င်းပြဿနာမှ ကင်းဝေးစေရန် သင့်အနေဖြင့် PDID ဟုခေါ်သော ကိရိယာငယ်ကို အသုံးပြု၍ သင်သောက်သုံးမည့် အရည်ထဲတွင် မူးယစ်ဆေးဝါးခတ်ထားခြင်း ရှိမရှိကို သိရှိနိုင်ပြီ ဖြစ်ပေသည်။ ကိရိယာအနေဖြင့် နည်းပါးသော အရည်ပမာဏလောက်ကိုပင် စစ်ဆေးနိုင်စွမ်းရှိပြီး သောက်သုံးသူအား အန္တရာယ်ရှိမရှိကို ချက်ချင်းဆုံးဖြတ်ပေးမည်ဖြစ်သည်။
၎င်းကိရိယာတွင် အလင်း၊စီးကြောင်းနှင့် အပူချိန် အစရှိသည့် အခြေခံအချက်များကို အသုံးပြု၍ တီထွင် ထားခြင်းဖြစ်ပြီး စွမ်းအင်အနေဖြင့် သေးငယ်သော ဘက်ထရီများကို အသုံးပြုထားသည်။ ယခုကဲ့သို့ စစ်ဆေးနိုင်ရန် ရဲများ၏ နည်းပညာကို အခြေခံထားခြင်းဖြစ်ကြောင်း တီထွင်သည့်အဖွဲ့မှဆိုပါသည်။
ယခုကဲ့သို့ တီထွင်နိုင်ခဲ့မှုကြောင့် မလုံခြုံသော ကမ္ဘာကြီးပေါ်တွင် နေထိုင်နေရသည့် ကျွန်ုပ်တို့၏ သား၊သမီး၊အစ်ကို၊ညီမ၊အမျိုးသမီးများ၊သူငယ်ချင်းများ အစရှိသည့် သူများအားလုံးကို အန္တရာယ်ဖြစ်စေမှု တစ်စုံ တစ်ရာကိုကို လျှော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း တီထွင်သူများမှ ထပ်လောင်းပြောကြားခဲ့ပေသည်။
Ref:DM
WorldWide(BMSTU)

ref;TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ဖုန်းနံပါတ် သုံးခုအား တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှု စတင် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ကျန်းမာရေးကဏ္ဍထဲ တိုးဝင်လာသော မိုဘိုင်းနည်းပညာ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'