မည်သည့် User Manual ကိုမဆို အွန်လိုင်းမှာ ရှာဖွေခြင်း

သင့်ရဲ့ပီစီ၊ တက်ဘလက်သို့မဟုတ် အခြားသော device အဟောင်းတွေ သို့မဟုတ် အသစ်တွေ အတွက် သုံးစွဲသူ လမ်းညွှန်ချက် စာအုပ် လိုအပ် ပါသလား ? Robert Zak က သင့် အနေဖြင့် သုံးစွဲသူ လမ်းညွှန် စာအုပ် User Guide များကို အွန်လိုင်းမှာ ဘယ်နေရာတွေ ကနေ ရှာဖွေလို့ ရနိုင်မလဲ ဆိုတာ တင်ပြ ထားပါတယ်။

ခေတ်သစ် hardware ပစ္စည်း တွေဖြစ်တဲ့ ပီစီ များမှသည် ရေခဲသေတ္တာ တွေအထိ သူတို့နဲ့အတူ အသုံးပြုမှု လမ်းညွှန် စာအုပ်များနဲ့အတူ လာကြ ပါတ်ယ။ အကယ်၍ ပါမလာခဲ့ရင် သင့်အနေဖြင့် manual စာအုပ်ကို လှန်လှော ဖတ်ရှုနိုင်မှာ မဟုတ်ပါ ဘူး။

သင့်အနေဖြင့် မကြာခဏဆိုသလိုပဲ ထုတ်လုပ်သူများရဲ့ website ကနေ online manual တွေကို ရှာဖွေလေ့ရှိ မှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း သင့်ရဲ့ ပစ္စည်းတွေရဲ့ ထုတ်လုပ်သူ နဲ့မော်ဒယ် နံပါတ် တွေကို Google မှာ ရိုက်ထည့် ရှာဖွေမှာဖြစ်ပါတယ်။ အများစုသော ပီစီ၊ တက်ဘလက်၊ ဖုန်းနဲ့ ဒီဂျစ်တယ် ကင်မရာတွေမှာ သူတို့ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ လမ်းညွှန်ချက်များကို ထည့် သွင်း ပေးထားကြပါတယ်။ သင့်အနေဖြင့် စာရွက်တွေအနေနဲ့လည်းရရှိနိုင်မှာဖြစ်ပေမဲ့ အွန်လိုင်းမှာ ရနိုင်မဲ့ digital manuals များက များစွာသော အကျိုးဖြစ်ထွန်းမှုတွေကိုရရှိနိုင်မှာပါ။ မည်သည့် device များမှမဆို download ချကာရယူနိုင်ပြီး အကယ်၍ စာရွက်အနေဖြင့်လိုအပ်တယ်ဆိုရင်လည်း print ထုတ်နိုင် မှာဖြစ်ပါတယ်။

သို့သော်လည်းသင့်အနေဖြင့် အလွန်သက်တမ်း ကြာပြီဖြစ်သော စက်ပစ္စည်း အစိတ်အပိုင်း များနဲ့ ပတ်သက်လို့ instructions တွေ လိုအပ်တဲ့အခါ ထုတ်လုပ်သူများရဲ့ website မှာလည်းမတွေ့ဘူး၊ ဒါမှမဟုတ် ထုတ်လုပ်သူများက website မရှိဘူး ဆိုပါစို့။ ကံကောင်းစွာနဲ့ပဲ အွန်လိုင်းမှာ သက်တမ်း ကြာမြင့်ပြီဖြစ်သော စက်ပစ္စည်းများအပါအဝင် hardware အမျိုးအစား အားလုံးအတွက် အသုံးပြုမှု လမ်းညွှန်များကို databases များအနေဖြင့် စုဆောင်းထားရှိ ထားပါတယ်။

Manual အဟောင်းများကို အွန်လိုင်းမှာရှာဖွေခြင်း
=================================

အကယ်၍ စက်ပစ္စည်း အစိတ်အပိုင်း တစ်ခုအတွက် manual ကိုရှာဖွေမတွေ့လျှင် သို့မဟုတ် သူတို့ရဲ့ နေရာမှာ မရှိဘူးဆိုလျှင် eSpares (www.espares.co.uk/usermanuals) က အဲဒါတွေကို ရှာဖွေဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ဒီ site မှာ ရိုးရှင်းစွာ ရှာဖွေနိုင်မယ့် search bar တစ်ခုပါဝင်ပြီး အဲဒိမှာ ထုတ်လုပ်သူ သို့မဟုတ် မော်ဒယ် နံပါတ်ကိုရိုက်ထည့်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အကယ်၍ သင်က မော်ဒယ်နံပါတ်ကို မသိဘူးဆိုလျှင် eSpares က သင့်ရဲ့ စက်ပစ္စည်း အစိတ်အပိုင်းနဲ့ပတ်သက်ပြီး ဘယ်နေရာမှာ ရှာဖွေနိုင်မလဲ ဆိုတာကို ပြောပြပါလိမ့်မယ်။

Instruction Manuals UK (www.instruction-manuals.co.uk) ကတော့ manuals တွေကို ထိန်းသိမ်း ထားရှိတဲ့နေရာတစ်ခုမဟုတ်ပေမဲ့ အဆိုပါ manual တွေကို အွန်လိုင်းမှာ ဘယ်နေရာတွေမှာ ရှာဖွေနိုင်မ လဲ ဆိုတာကို ပြောပြပေးနိုင် ပါလိမ့်မယ်။ Manuals များအတွက် Brand အလိုက်ရှာဖွေကာ links များကို ရယူနိုင်ပြီး အခြားသော websites များမှ အကြံပြုမှုများကိုရယူနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ပစ္စည်းတစ်ခု အတွက် link တစ်ခုကို ရှာဖွေမတွေ့ဘူးဆိုလျှင် သင့်အနေဖြင့်အခမဲ့ ကြော်ငြာတစ်ခုကို တင်ကာ အခြား သော သုံးစွဲသူများထံမှ ကော်ပီကို တောင်းခံနိုင်မှာ ဖြစ်ပါတယ်။

UsersManualGuide (www.usersmanualguide.com) မှာ များစွာသော အီလက်ထရောနစ် ပစ္စည်း များဖြစ်တဲ့ LCD မော်နီတာများမှသည် လျှပ်စစ် အော်ဂင်များအတွက် AC adapters များ နဲ့ အနှိပ်ထိုင်ခုံ များအထိ လက်စွဲလမ်းညွှန်စာအုပ်များစွာကိုစုစည်းထားပေးပါတယ်။ ဒီ site မှာတော့ search engine မပါရှိပေမဲ့ သင်ရှာဖွေသမျှနဲ့ပတ်သက်ပြီး brand အလိုက် စနစ်တကျစုစည်းပေးထားတဲ့ များစွာသော manuals များကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

မည်သည့် device တွေကိုမဆို ဘယ်လိုပြင်ဆင်မလဲဆိုတာကို ရှာဖွေခြင်း
================================================

အကယ်၍ သင့်ရဲ့ စက်ပစ္စည်း တစ်ခုအတွက် သုံးစွဲသူ လမ်းညွှန် မရှိလျှင်တောင်မှ အဆိုပါပစ္စည်းရဲ့ ပြဿနာများကို ဘယ်လိုဖြေရှင်းမရလဲ ဆိုတာ သိနိုင်မှာပါ။ eService Info( www.eserviceinfo.com) ဆိုတဲ့ website က သင့်အနေဖြင့် ထောင်ပေါင်းများစွာသော ကုန်ပစ္စည်းတွေ အတွက် ဘယ်လိုပြင်ဆင် ရမလဲဆိုတာနဲ့ပတ်သက်ပြီး အချက်အလက်တွေကိုပေးနိုင်မှာဖြစ်ပါတယ်။ ဒီ site ရဲ့ database ထဲမှာ ရှာဖွေလို့ရနိုင်မယ့် သုံးစွဲသူလက်စွဲလမ်းညွှန်များ၊ schematic diagrams များ၊ datasheets များ၊ service manuals များ နဲ့ download လုပ်နိုင်မဲ့ ဆော့ဖ်ဝဲများကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ ၄င်းရဲ့ database စနစ်ထဲမှာ ထုတ်လုပ်သူပေါင်း ၂၀၀ နီးပါးရဲ့ ထုတ်ကုန်တွေရဲ့ ပြုပြင်ထိန်းသိမ်းနည်းပေါင်း ၂၀၀၀၀ ဝန်းကျင် ရှိနေမှာဖြစ်ပါတယ်။

PDF SB(www.pdfsb.net) ဟာ PDF manuals များ၊ guides များ၊ ebooks များ၊ exam papers များ အပြင် ခုံနဲ့ကစားရတဲ့ဂိမ်းတွေရဲ့ ကစားနည်းဥပဒေသစာအုပ်လိုမျိုး တွေပါစုစည်းပေးထားပါတယ်။ အဆိုပါ site က ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သုံးစွဲသူလက်စွဲ တစ်ခုတည်းကိုသာ ဦးတည်ထားတာ မဟုတ်သလို သူ့ရဲ့ database ထဲမှာ စာအုပ်ပေါင်း ၇၂ သန်း နီးပါးရှိတဲ့အတွက် ရှာဖွေကြည့်ရှုဖို့ ထိုက် တန် ပါတယ်။ ဒီ site ကိုကောင်းမွန်စွာ စုစည်းထားပြီး အသုံးပြုရတာလွယ်ကူပါတယ်။ သင်ကြည့်ရှုသော စာရွက်စာတမ်းများနဲ့ ဆက်စပ်သော စာရွက်စာတမ်းများရဲ့စာရင်းကိုလည်း တွေ့ရှိနိုင်မှာဖြစ်လို့ သင့်အတွက် အသုံးတည့်မှာ ဖြစ်ပါတယ်။

သင့်ရဲ့တက်ဘလက်မှာ User Guides များကို ရယူခြင်း
=====================================

Device အသစ်များအနေဖြင့် သင့်ရဲ့ device အဟောင်းများကိုအသုံးပြုဖို့နဲ့ ပြင်ဆင်နိုင်စေရန် အလွန် ကောင်းမွန်သော iFixit ကဲ့သို့ ‘how to’ apps များကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ free app ကို တက်ဘလက်များနဲ့ ဖုန်းများမှာ ကောင်းမွန်စွာ အသုံးပြုနိုင်ပြီး Android အတွက် (www.snipca.com/12640)၊ iOS အတွက် (www.snipca.com/12639) နှင့် Window phone အတွက်(www.snipca.com/12642) တို့မှာ ရယူသုံးစွဲနိုင် မှာဖြစ်ပါတယ်။ အဆိုပါ app မှာ ရာပေါင်း များစွာသော နည်းပညာဆိုင်ရာနှင့် စက်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်များဖြစ်တဲ့ hard drives များကိုဖြုတ်ခြင်း ၊ပျက်ယွင်းနေတဲ့ မျက်နှာပြင်များလဲလှယ်ခြင်းကဲ့သို့သော နည်းစနစ်များကို သရုပ်ဖော်ပုံများနှင့်တကွ တစ်ဆင့်ချင်းစီ ရှင်းပြထားပါတယ်။ သင့်အနေဖြင့် အဆိုပါလမ်းညွှန်ချက်များကို သင့်ရဲ့ပီစီ သို့မဟုတ် လက်ပ်တော့မှာ ဖတ်ရှုချင်တယ်ဆိုရင်လည်း iFixit ရဲ့ website ဖြစ်တဲ့ (www.ifixit.com) မှာကြည့်ရှုနိုင် မှာဖြစ်ပေမဲ့ apps မှာ သုံးစွဲတာက ပိုပြီးတော့ လွယ်လင့်တကူ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

Devices အသစ်များမှာ သုံးစွဲမှုလမ်းညွှန်များပါဝင်တဲ့ apps များပါဝင်လေ့ရှိပြီး သင့် device အတွက် Google ရဲ့ Play Store, Apple App Store သို့မဟုတ် Windows Phone website များမှာ ရှာဖွေနိုင် မှာဖြစ်ကာ ဘာတွေ အသစ်ရောက်နေပြီလဲဆိုတာသိရှိနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ‘Canon PIXMA printer’ ကို Canon ရဲ့free app တစ်ခုဖြစ်တဲ့ PIXMA Printing Solutions( Android ,www.snipca.com/12544; iOS,www.snipca.com/12646) မှာ ရှာဖွေနိုင်မှာဖြစ်ကာ အဲဒိမှာ PIXMA ပရင်တာအားလုံးအတွက် manuals များပါဝင်ပြီး သင့်ရဲ့ andorid တက်ဘလက်သို့မဟုတ် ဖုန်းကနေပြီး ကြိုးမဲ့ print ထုတ်နိုင်စေမှာ လည်းဖြစ်ပါတယ်။

ကင်မရာ ထုတ်လုပ်သူ Nikon မှာလည်း သူ့ရဲ့ SLR ကင်မရာ များအားလုံးအတွက် manual ပါဝင်တဲ့ free app တစ်ခုရှိပြီး အဲဒါကို (Android , www.snipca.com/12541 ; iOS,wwwsnipca.com/12645) တို့မှာရရှိနိုင်ပါတယ်။ အချို့သော နာမည်ကျော် device တွေဖြစ်တဲ့ Raspberry Pi လိုမျိုး device တွေ အတွက် မိုဘိုင်းသုံးစွဲသူများအတွက် လမ်းညွှန်များကို RPi Hardware Guide အား Android အတွက် (www.snipca.com/12543) မှာရရှိနိုင်ပြီး iOS နဲ့ Windows ဖုန်းများအတွက်လည်းရရှိနိုင်ကာ အဲဒိမှာ များစွာသော အခမဲ့ဥပမာများစွာကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

Nyein Chan (TSJ Tech Team)
Ref: Computer ActiveIssue 428 မှ
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...