Monash University ၏ ဘွဲ့ ကြို၊ ဘွဲ့လွန်ဘာသာရပ်များကို မလေးရှားနိုင်ငံတွင် တက်ရောက် သင်ယူနိုင်

အတွဲ (၁၅)၊ အမှတ် (၁၃)


သြစတြေးလျနိုင်ငံ ကမ္ဘာ့ တက္ကသိုလ်အဆင့် ၁၀၀ စာရင်းဝင် Monash University ၏ ဘွဲ့ကြို၊ ဘွဲ့လွန် ဘာသာရပ်များအား မလေးရှားနိုင်ငံရှိ Monash University Malaysia တွင် တက်ရောက် သင်ယူနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သြစတြေးလျနိုင်ငံ Monash University တွင် သွားရောက် သင်ယူရသည့် ဘွဲ့နှင့် ထပ်တူညီသော ဘွဲ့ကို Monash University Malaysia တွင်ပင် တက်ရောက် သင်ယူနိုင်ပြီး သင်ယူနိုင်သော ဘာသာရပ်များမှာCivil Engineering, Chemical Engineering, Electrical and Computer Systems Engineering, Computer Science, Business, Commerce, Pharmacy, Journalism, Science စသည်တို့ဖြစ်ပြီး Intership အစီအစဉ်များ ရှိကြောင်း သိရသည်။

၁၀ တန်း အောင်မြင်ထားပါက Monash University Foundation Year အား လည်းကောင်း၊GCE A (သို့) ၎င်းနှင့်ညီမျှသော ၁၂ တန်း ပညာရေးပြီးမြောက်သူများသည် ဒီဂရီ ပထမနှစ်အား လျှောက်ထားနိုင် သည်။ BE (Electrical/ Computer Systems/ Mechanical/Chemical), IT, Business, Science ဒီဂရီမေဂျာများ လျှောက်ထား မည့် ကျောင်းသား၊ ကျောင်းသူများသည် နောက်ခံ ပညာရေးထူးချွန်သူ များပါက ကျောင်းလခ၏ ၂၅ ရာခိုင်နှုန်း အထိကို ပညာသင် ထောက်ပံ့ကြေး ရရှိနိုင်ကြောင်းသိရသည်။

Monash University Malaysia ၏ စီးပွားရေးနှင့် ၀ိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်တိုင်းအား အမျိုးအစား စုံလင်စွာ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်သော Broad Degree များ၊ ဘာသာရပ်တစ်ခုခု ကို နှိုက်နှိုက် ချွတ်ချွတ် လေ့လာနိုင်သော Specialized Degree နှင့် Double Degree များကို ရွေးချယ် သင်ယူနိုင်ကြောင်း သိရသည်။ Monash University Malaysia တွင် တက်ရောက် သင်ယူသော ကျောင်းသား၊ ကျောင်း သူများသည် သြစတြေးလျနိုင်ငံရှိ Main Campus သာမကအီတလီ၊ အိန္ဒိယ၊ တောင်အာဖရိကနိုင်ငံတို့တွင် ရှိသော Monash University Campus များတွင်လည်း သွားရောက် လေ့လာသင်ယူနိုင် သည့် Study Tour Program နှင့် Student Exchange Program များလည်း ပါရှိကြောင်းသိရသည်။

Monash University Malaysia မှ ပို့ချသော အင်ဂျင်နီယာ၊ စီးပွားရေး၊ ဆေးပညာ ပရိုဂရမ်များအား မလေးရှားရှိ အသက်မွေးဝမ်းကျောင်းနှင့် ပညာရေးအဖွဲ့ အစည်းများ သာမက သြစတြေးလျနိုင်ငံရှိ Engineers Australia Accred-itation Board, Australian Psychology Accreditation Council, CPA Australia, CIMA နှင့် Australian Medical Council တို့မှလည်း အသိအမှတ်ပြုထားကြောင်း သိရသည်။ Monash University Malaysia ၏ Bachelor of Medicine and Bachelor of Surgery (MBBS) ပရို ဂရမ်အား ၂၀၀၅ ခုနှစ်တွင် စတင် သင်ကြားပို့ချခဲ့သည်။ ၎င်း၏ The School of Medicine and Health Sciences သည် Australian Medical Council နှင့် Malaysia Medical Council မှ အသိအမှတ်ပြုထားသည်။

CROWN Education အမှတ် ၂၇၀၊ ပထမထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ဒဂုံစင်တာ (၂) နှင့် ဓနလှိုင်တာဝါကြား၊ ဖုန်း-၀၉-၇၃၀၄၀၆၈၈၊ ၀၉- ၇၃၂ ၇၃၂၂၇၇ တွင် စုံစမ်းမေးမြန်းနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...