တရုတ်နိုင်ငံ Shandong ဒေသအစိုးရမှ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ပေးအပ်မည့် ပညာသင်ဆု
အတွဲ (၁၅)၊ အမှတ် (၁၁)
Shandong ဒေသအစိုးရမှ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆု ကမ်းလှမ်းမှု များရှိပြီး ယခုပညာသင်ဆုသည် တရုတ်နိုင်ငံ Quingdao တက္ကသိုလ်တွင် ကောလိပ်ကျောင်းသားအဆင့် ဘာသာ စကား သင်ကြား ခွင့်ကို ရရှိမည် ဖြစ်သည်။ လျှောက်ထားလိုသူများသည် အသက် ၁၈ နှစ်မှ ၄၀ ကြားရှိရမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်သော နိုင်ငံခြားသားများ ဖြစ်ရမည်။ ယခု ပညာသင်ဆုတွင် ကျောင်း လခ၊ နေထိုင်မှုစရိတ်၊ တရုတ်နိုင်ငံ တွင် နိုင်ငံတ ကာကျောင်းသားများအတွက် ပညာရေး အာမခံကြေးများ ကိုပါ ခံစားခွင့်ရရှိမည် ဖြစ်သည်။ ထောက်ခံပေးထားသော ကျောင်းကို လျှောက်လွှာပေးပို့ရမည့် ရက်မှာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်ဖြစ်သည်။ လျှောက်လွှာရှင်များသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်၊ ညနေ ၅ နာရီမတိုင်ခင် လျှောက်လွှာ စာရွက်စာတမ်းများကို International Student's Office သို့ တိုက်ရိုက်ပေးပို့ နိုင်သည်။
လေ့လာရမည့် ဘာသာရပ်များမှာ Quingdao တက္ကသိုလ်မှ ထောက်ပံ့ပေးသော မည်သည့် သင်ရိုးမဆို လေ့လာနိုင်မည်ဖြစ်ပြီး သင်ရိုးအဆင့်မှာ ကောလိပ် ကျောင်းသားအဆင့် ဘာသာစကားဆိုင်ရာ လေ့လာမှု ပြုလုပ်ရမည်။ တရုတ်နိုင်ငံတွင် တက်ရောက်လေ့လာရမည်ဖြစ်ပြီး အခြားပညာသင်ဆု ခံစားဖူးခြင်းမရှိစေရဘဲ ကျောင်းပညာရမှတ်များလည်း ကောင်းမွန်ရန်လိုအပ်သည်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာမှ ကျောင်းစတင် တက်ရောက်လိုသူများ ဖြစ်ရမည်။ လျှောက်လွှာများကို စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်မည် ဖြစ်သည်။
Shandong ဒေသအစိုးရ ပညာသင်ဆုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက scholar ship-positions.com။Shandong-provincial-government-scholarship-international-students-china-201415/2013/12/20 တွင် လေ့လာနိုင်သည်။
Internet Journal