SHRM College Singapore

အတွဲ (၁၅)၊ အမှတ် (၁၁)

မြန်မာနိုင်ငံအတွက် အထူးသင့်လျော်သည့် ဟိုတယ်ခရီးကျွမ်းကျင်မှု သင်တန်းများကို SHRM College မှ စင်ကာပူနိုင်ငံတွင် Intership နှင့် အတူတွဲဖက်၍ အချိန်ကာလ တစ်နှစ်အတွင်း နိုင်ငံတကာ အတွေ့ အကြုံ ရရှိစေမည့် Food and Beverage Management နှင့် Hospitality သင်တန်းများအား လေ့ကျင့် သင်ကြားနိုင်တော့မည် ဖြစ်သည်။

SHRM College သည် ဟိုတယ်လုပ်ငန်း (Hospitality Industry) အတွက် လိုအပ်သော အရည်အသွေး ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများကို ပြုစုပျိုးထောင်ပေးသော ကောလိပ်တစ်ခုဖြစ်သည်။ SHRM College တွင် သင်ကြားသည့် သင်ရိုးညွှန်းတမ်းများမှာ Swiss Hotels School နှင့် အတူတူပင်ဖြစ်ကာ လက်တွေ့၊ စာတွေ့များဖြင့် သင်ကြား ပို့ချလျက်ရှိသည်။ အဆိုပါ ကောလိပ်မှာပင် University of Wolverhampton ၏ Bachelor of Arts (Hons) in International Hospitality Management ဘာသာရပ်ကို ဆက်လက် တက်ရောက်နိုင်သည်။ Dip In Food ၏ Beverage Management ဘာသာရပ်သည် စာတွေ့ ၆ လ Paid Intership 6 လကို သင်ကြားနိုင်သည်။ Intership ကာလတွင် Allowance SGD 500 မှ ၁၀၀၀ ကြား ရရှိနိုင်သည်။

SHRM College မှ သင်ကြားပို့ချလျက်ရှိသော သင်တန်းများမှာ Diploma in Food and Beverage Management (6month study, 6 month intership) နှင့် Postgraduate Diploma in Business Management (6 Modules, 8 months CNO Exam 100% Course Work) တို့ဖြစ်သည်။ SHRM College မှ မြန်မာကျောင်းသားများအတွက် Scholarship နှင့် လွယ်ကူသက်သာစေမည့် သင်တန်းကြေး ပေးချေမှုများ စီစဉ်ထားရှိပေးမည် ဖြစ်သည်။ Diploma in Food and Beverage နှင့် Postgraduate Diploma in Business Management ကို နှစ်ရစ်ခွဲ၍ ပေးသွင်းနိုင်ပြီး Advanced Diploma in Hospitality Management ကို လေးရစ်ခွဲ၍ ပေးသွင်းနိုင်သည်။

စင်ကာပူနိုင်ငံတွင် SHRM College ကဲ့သို့ လက်တွေ့ကျ အသုံးဝင်သည့် Switzerland Curriculum ကို လေ့ကျင့်သင်ကြားပေးသည့် ကျောင်းအနည်းငယ် သာရှိပြီး ကျောင်းအတော်များများ၏ သင်တန်းကြေး မှာလည်း ကြီးမြင့်ကြောင်း သိရသည်။ SHRM College အနေဖြင့် သင်တန်းပြီးမြောက်သည့် ကျောင်း သူ၊ ကျောင်းသားများအား မိမိတို့နှင့် ချိတ်ဆက်ထားသည့် Hotel & Restaurant များတွင် Intership အလုပ်အကိုင် ရရှိစေရန် စီစဉ်ပေးသည်။

အဆိုပါ ကောလိပ်ကို Myanmar Metropolitan College မှ Certificate in Foundation အထိ ရောက်ပြီးသော ကျောင်းသား၊ ကျောင်းသူများသည် စင်ကာပူနိုင်ငံရှိ SHRM College တွင် ပထမနှစ်ကို တိုက်ရိုက်ဝင်ခွင့် ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ Myanmar Metropolitan College မှ Higher National Diploma တက်ရောက်ပြီး UK, USA, Australia, Ireland, Netherlands, New Zealand, Singapore, Malaysia, Thailand နိုင်ငံ များရှိ တက္ကသိုလ်ကျောင်းကြီး ၇၀ ကျော်တွင် နောက်ဆုံးနှစ်သို့ တက်ရောက်နိုင်သည်။

ကျောင်းအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ
MMC City Campus
အမှတ် (၄၇/၄၈)၊ ဗဟိုစည်အိမ်ရာ၊ လမ်းမတော်မြို့နယ်။
ရန်ကုန်မြို့၊ ဖုန်း-၀၉-၄၅၀၀၆၃၀၀၈

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...