University of West of England တွင် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများ လျှောက်ထားတက်ရောက် နိုင်မည့် Chancellor's scholarship

အတွဲ (၁၅)၊ အမှတ် (၁၁)

University of West of England မှ ပညာသင်ဆု ဘွဲ့လွန် တစ်နှစ်တာ တက်ရောက်နိုင်မည့် ပညာသင်ဆု အစီအစဉ်ကို နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများအား ကမ်းလှမ်းထားသည်။ ပညာသင်ဆု အပ်နှင်းခံရမည့်သူသည် International Development Office နှင့်အခြားဌာနများတွင် အလုပ်အတွေ့ အကြုံ ရယူရန် လိုအပ်သည်။

လျှောက်ထားလိုသူများသည် ဗြိတိန်နိုင်ငံ၏ ပထမနှစ် ပညာအရည်အချင်းများနှင့် ညီမျှမှု ရှိရမည်။ UWE တွင် ဘွဲ့လွန် ဒီဂရီ ပညာကို တစ်နှစ်တိတိ လေ့လာနိုင်ရန် ခြင်းချက်မရှိ အပြည့်အ၀ တက်ရောက်နိုင် ရမည်။ ကျောင်းသားအသစ်ဖြစ်ရမည် ဖြစ်ပြီး နိုင်ငံရပ်ခြားတွင် ပထမဦးဆုံး ပညာသင်ကြားဖူးသူ ဖြစ်ရမည်။ အခြား ပညာသင်ဆုတစ်ခုကို ခံစားနေသော ကျောင်းသား (သို့မဟုတ်) အထောက်အပံ့ တစ်ခုခုနှင့် ပညာသင်ကြားနေသော ကျောင်းသားမဖြစ်ရန် လိုအပ်သည်။

နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားမည်သူမဆို လျှောက်ထားခွင့်ရှိပြီး လျှောက်လွှာပိတ်ရက်မှာ ၂၀၁၄ မေလ ၃၁ ရက် ဖြစ်သည်။

လေ့လာရမည့် ဘာသာရပ်မှာ UWE မှ ထောက်ပံ့ပေးမည့် မည်သည့်ဘာသာရပ်မဆို သင်ယူနိုင်ပြီး တစ်နှစ်တာဘွဲ့လွန် သင်တန်းကြေး ကို အပြည့်အဝ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ပညာသင်ဆု အပ်နှံခံ ရမည့်သူသည် International Development နှင့် အခြား ဌာနများတွင် အလုပ်အတွေ့အကြုံ ရယူရန် လိုအပ်ပြီး သင်ရိုးကာလအတွင်း တက္ကသိုလ်အတွက်သံအမတ်ဆိုင်ရာ လုပ်ဆောင်ချက်များကို လည်း တာဝန်ယူ ဆောင်ရွက်သွား ရန် လိုအပ်သည်။

အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသည် ၎င်းတို့၏ website မှ တစ်ဆင့် လျှောက်ထားရန် ဖိတ်ခေါ်ခံရမှာဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အကြောင်းကြားသွားမည် ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက Scholarship-positions.com/Chancellors-scholarship-international-students-university-west-england.uk-2014/2013/11/201 တွင် လေ့လာနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...