ဗီတာမင်စီအုပ်ထားသော သွေးကြောချဲ့ကိရိယာငယ်က သွေးတွင်းအဆီခဲများကို သိသိသာသာ လျော့ကျစေနိုင်

Health Updates Journal No. 121
ထိပ်ပိုင်းမှာ စကာငယ်လေးများ ပါဝင်တဲ့ သွေးကြောချဲ့ကိရိယာငယ် (stent)လေးတွေ ထည့်သွင်း ထားရသူ စုစုပေါင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တစ်သန်းကျော်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ လူသားများရဲ့ အသက် ဆုံးရှုံးနိုင်ချေကို လျှော့ချပေးနိုင်တဲ့ အဆိုပါ ကိရိယာငယ်ကို ပိုပြီးအစွမ်းထက်စွာနဲ့ ကယ်ဆယ်စေနိုင်ဖို့ သိပ္ပံ ပညာရှင်များကတီထွင်နိုင်ခဲ့ပါတယ်။
ဗီတာမင်စီအပေါ်က အုပ်ထားတဲ့ သွေးကြောချဲ့ ကိရိယာတွေဟာ တပ်ဆင်အပြီးမှာ ပြန်လည်သွေးခဲ ပိတ်ဆို့နိုင်ချေကို နည်းပါးစေမှာ ဖြစ်ပြီး အဲဒီလို ပြန်ပြီး သွေးခဲဖြစ်ပေါ် မှုဟာ တပ်ဆင်ပြီး လူနာ တစ်သောင်း ကျော်ကနေ ၅ သောင်းကျော်လောက်ထိ ဖြစ်ပွားနိုင်ချေရှိပါတယ်။ ဗီတာမင် စီအုပ်ထားခြင်း ဟာ သွေးခဲပိတ်ဆို့ စေနိုင်တဲ့ နှလုံးရဲ့သွေးကြော နံရံက ကြွက်သားတွေရဲ့လှုပ်ရှားမှုကို တားဆီးပေးနိုင်ပါ တယ်။ ဒါ့အပြင် သွေးခဲပိတ်ဆို့မှုကို တားဆီးပေးနိုင်တဲ့ epithelial ဆဲလ်တွေကိုလည်းပိုပြီး ကြီးထွား လာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် တပ်ဆင်အပြီးမှာလည်း ဗီတာမင်စီနဲ့ အခြားဆေးဝါး အာနိသင်တွေကို အချိန်ကာလတစ်ခုအထိ ထုတ်လွှတ်ပေးနိုင်မှာဖြစ်ကြောင်း ဦးဆောင်တီထွင်ခဲ့တဲ့ သုတေသီ Eagappanath Thiruppathi နဲ့ Gopinath Mani က ပြောကြားထားပါတယ်။
ဒီတွေ့ရှိမှုကို ACS Journal မှာ ဖော်ပြထားတာဖြစ်ပါတယ်။
သန့်စင်
Ref; ANI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)