အာကာသ သမိုင်းကြောင်း


ဇွန်လ ၈ ရက်နေ့

ယနေ့ ဇွန်လ ၈ ရက်နေ့ကတော့ အာကာသ သမိုင်းမှာ ထူးချွန်ပြောင်မြောက်ခဲ့တဲ့ ပြင်သစ်၊ အီတလီ လူမျိုး၊ အာကာသနှင့် သင်္ချာပညာရှင်၊ အင်ဂျင်နီယာကြီး ဂျီရိုဗာနီ ဒိုမန်ချို ကာဆီနီ (Giovanni Domenico Cassini) ရဲ့ မွေးနေ့ဘဲ ဖြစ်ပါတယ်။ သူ့ကို ၁၆၂၅ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ (၁၇၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာကွယ်လွန်ခဲ့ပါတယ်..။)

ကာဆီနီဟာ စေတန် (ခ) စနေဂြိုဟ်ရဲ့ ဂြိုဟ်ရံလ (၄) ခုကို တယ်လီစကုပ်ကြီးများဖြင့် စတင်တွေ့ရှိခဲ့ သူဖြစ်ပါတယ်။ အဲ့ဒီ့အထဲမှာ အိုင်အေပီးတပ်စ် လို့ခေါ်တဲ့ ဂြိုဟ်ရံလအပေါ် သူသုံးသပ်ထားချက်ဟာ တကယ်ဘဲ အမှန်ဖြစ်နေတာဟာလည်း အံ့သြစရာပါ။

အိုင်အေပီးတပ်စ် ဟာစေတန်ဂြိုဟ်ရဲ့ အနောက်ခြမ်းကိုရောက်မှ သေသေချာချာမြင်ရပြီး ကျန်တဲ့အချိန်တွေ မှာ ပျောက်နေခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဂိုဗာနီက "အိုင်အေပီးတပ်စ်ရဲ့ တစ်ဖက်ခြမ်းဟာ မဲမှောင်နေ တယ်.. နောက်ပြီးမျက်နှာပြင်တစ်ဖက်ထဲကသာ စေတန်ကို မျက်နှာမူနေတယ်.." လို့..သုံးသပ်ခဲ့ တာဖြစ် ပါတယ်..။ အမှန်ပါဘဲ.. ၁၉၈၀၊ ၈၁ ခုနှစ်က ဗိုရေဂျာ (၁) နဲ့ (၂) အာကာသယာဉ်များ စနေဂြိုဟ်ကို ဖြတ်သန်းသွားတဲ့အခါမှာတော့ မီးသွေးကဲ့သို့ မဲမှောင်နေတဲ့ အိုင်အေပီးတပ်စ်ရဲ့ တစ်ဖက်ခြမ်းကို မြင်တွေ့ခဲ့ရပါတယ်။

နောက်ပြီး သူဟာ စေတန်ဂြိုဟ်ရဲ့ ကွင်းများကို နေရာအပိုင်းအခြားဖြင့် စတင်တွေ့ရှိခဲ့သူလည်း ဖြစ်ပါ တယ်။ ထိုမျှမကသေးပါ..။ ဂျူပီတာဂြိုဟ်ရဲ့ ကြီးမားတဲ့ အနီစက်ကြီးကို ရောဘတ် ဟုခ် (Robert Hooke) ဆိုတဲ့ အာကာသပညာရှင်နဲ့အတူ ၁၆၆၅ ခုနှစ်မှာ ရှာတွေ့ခဲ့ပါသေးတယ်။ အင်္ဂါဂြိုဟ်ကို လေ့လာပြီး သူနဲ့ ကမ္ဘာကြားအကွာအဝေးကို သင်္ချာပညာဖြင့် တိုင်းတာ တွက်ချက်နိုင်ခဲ့ပါတယ်။ ထိုမှတဆင့်.. စနေဂြိုဟ် အပါအ၀င် နေအဖွဲ့အစည်းမှ ဂြိုဟ်များရဲ့ အကွာအဝေးကို ပထမဆုံးအကြိမ်အဖြစ် ခန့်မှန်းတွက်ချက်နိုင်ခဲ့ ပါသေးတယ်..။

ကာဆီနီကို ဂုဏ်ပြုသောအားဖြင့် စနေဂြိုဟ်ကို စေလွှတ်ထားသော အာကာသယာဉ်၏အမည်ကို ကာဆီနီဟု အမည်ပေးခဲ့ကြပါတယ်။ နောက်ပြီး အင်္ဂါဂြိုဟ် နဲ့ လကမ္ဘာပေါ်မှာ ရှိတဲ့ ချိုင့်ဝှမ်းများ မီးတောင်များရဲ့ အမည်အချို့ကို ကာဆီနီ လို့ အမည်သတ်မှတ်ပေးခဲ့ကြပါတယ်။ စနေဂြိုဟ်မှ ဂြိုဟ်ပတ် ကွင်း အစိတ်အပိုင်းတချို့ကို ကာဆီနီ အစိတ်အပိုင်းနေရာ (Cassini Division in Saturn's rings)၊ ကာဆီနီ ဥပဒေ၊ ကာဆီနီ ဂြိုဟ်သိမ်၊ ကာဆီနီ မျဉ်းကြောင်း၊ ကာဆီနီ သီအိုရီ ရယ်လို့ အမည်နာမတွေ အသုံးပြုပြီး ကျနော်တို့ ဂုဏ်ပြုခဲ့ကြပါတော့တယ်..။


အာကာသနှင့် စကြ၀ဠာ

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...