အဖမ်းအဆီးကြမ်းနေတဲ့ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံရေး အပြောင်းအလဲရှိနေချိန် အာဏာရသိမ်း စစ်အစိုးရက ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်း နိုင်ငံခြားသား အလုပ်သမားတွေဖြစ်ကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား ၊ လားအို နိုင်ငံအစရှိတဲ့ အလုပ်သမား များကို ပြီးခဲ့ တဲ့ ရက် ပိုင်းတွေက စတင်ဖမ်းဆီးနေပါတယ်။


(ဓာတ်ပုံ - cm108.com) 

ထိုင်းနိုင်ငံအတွင်းတရားဝင် နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားကဒ်ရှိသူတွေကိုပါ ဖမ်းဆီးနေတာဖြစ် ပါတယ်။

ကမ္ဘောဒီယား နိုင်ငံမှ လာရောက် လုပ်ကိုင်နေတဲ့ အလုပ်သမား ၁ သိန်းနည်းပါးလောက်ဟာ ထိုင်းစစ် အစိုးရက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ဖို့စီစဉ်မှုမှာ ကမ္ဘောဒီးယားး တာဝန်ရှိသူတွေက နယ်စပ် ဂိတ်တွေ ကနေ ပြန်ဖို့အတွက် စစ်ကားများနဲ့ စီစဉ်ပေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှ လုပ်ကိုင်နေထိုင်ကြတဲ့ နိုင်ငံခြားသား အလုပ်သမားများထဲမှာ မြန်မာရွေပြောင်းအလုပ်သမား ၃ သန်းခန့်ရှိပါတယ်။

ယနေ့နံနက် ၈ နာရီ အချိန်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်းအဝင် အလုပ်သမားတွေ အလုပ်စောင့်နေကျ မီးပွိုင့် လမ်းဆုံကြီးတွင် ထိုင်း ရဲ၊ လဝက၊ စစ်သားတွေက အလုပ်သမား လက်မှတ်နဲ့ ပတ်စ်ပို့ရှိသူတွေရော မရှိသူများကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင် လတ်တလော အဖမ်းအဆီး ကိစ္စများနှင့် ပတ်သက်၍ ဘန်ကောက် မြန်မာသံရုံး မှ ကြေ ညာချက် တစ်စောင်ကိုလည်း ယနေ့ ထုတ်ပြန်ခဲ့ပါတယ်။

 






 


မြန်မာသံရုံးရဲ့ ကြေညာချက် 


အိမ့်သံစဉ် ~ ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...