ဆေးပညာဘွဲ့ရသူများ၏ ကိုးဆယ်ရာခိုင်နှုန်းကျော် အလုပ်မပေးနိုင်ခဲ့

၁၀ နှစ်အတွင်း နိုင်ငံတစ်ဝန်း ဆေးပညာဘွဲ့ (MBBS) ရရှိသူ ခုနစ်သောင်း ရှစ်ထောင်ကျော် ရှိသော် လည်း အဆိုပါအရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့်ဖြစ်သော ဘွဲ့ရဦးရေ ၇၀၈၀ ကျော်ကိုသာ အလုပ်ခန့် အပ်နိုင်ခဲ့ကြောင်း သတင်းရရှိ သည်။
ယခုလ ၅ ရက်တွင် ကျင်းပ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆေးပညာဘွဲ့ ရများအား အလုပ်ခန့်ထားမှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ကျန်းမာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး က ဖြေကြားရာ တွင် အထက်ပါ အတိုင်း ထည့်သွင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။
‘‘နိုင်ငံတစ်ဝန်းမှာ ဆရာဝန် လိုအပ်ချက်က အရမ်းကို မြင့်မား ပါတယ်။ ဒါကိုဝင်ခွင့်စာမေးပွဲဖြေ ဆိုပြီးအောင်မှ အလုပ်ခန့်ထားတဲ့ စနစ်သုံးတာထက် ဘွဲ့ရအမှတ် စဉ်အလိုက် အလုပ်ခန့်ထားပေးဖို့ လိုပါတယ်။ ဒါမှ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာဖြစ်ပြီး ဒေသခံ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို အလုံအ လောက်ပေးနိုင်မှာဖြစ်ပါတယ်’’ ဟု ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဖေသန်းက ပြော သည်။
လက်ထောက်ဆရာဝန်ရာထူးသည် အရာထမ်းအဆင့်ဖြစ် သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဥပ ဒေအရ ရာထူးဝန်အဖွဲ့မှ ပြုလုပ် သောစာမေးပွဲသို့ ၀င်ရောက် ဖြေဆိုပြီးမှသာ ခန့်အပ်နိုင်ခြင်း၊ လိုအပ်သည့် အရေအတွက် အ ကန့်အသတ်ဖြင့် သာခန့်အပ်နိုင် ခြင်းစသည့် အချက်များကြောင့် စိစစ်ခန့်အပ် ရခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးကပြောသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း တာဝန်ထမ်းဆောင်ရန် ခွင့်ပြု သော လက်ထောက်ဆရာဝန်အ ရေအတွက် ၇၉၀၀ ကျော်ရှိ သည်။ သို့သော် ၅၄၀၀ ကျော် ကို ခန့်အပ်ပြီးဖြစ်ကာ နေရာ ၂၅၀၀ ကျော် လစ်လပ် လျက်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ စာရင်းများအရ သိရသည်။
လာမည့်ဇွန်လနှောင်းပိုင်း တွင် သစ်လွင်ဆရာဝန် ၁၁၀၀ ကျော်အား ခန့်အပ်သွားမည်ဖြစ်ကာ ဆေးသိပ္ပံ ပညာဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များ တွင်လည်း သရုပ်ပြရာထူး ၆၀၀ ကျော်ကို ခန့်အပ်ရန် စီစဉ်နေ ကြောင်း ဒုတိယ၀န်ကြီးက ပြော သည်။
7 Day Daily
No.401 Friday, June 6, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း အွန်လိုင်းပေါ်မှကြည့်ရမည်မဟုတ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ကမ္ဘာ့အရှည်ကြာဆုံး ဟန်းနီးမွန်းခရီးစဉ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'