ဘုရင် ၁ ပါး၊ လူ ၂၂ ယောက်နှင့် ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံ

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-xfp1/t1.0-9/10449488_638551416228397_3053576793088703129_n.jpg

ကိုယ်ပိုင်ဘုရင်ရှိသည်။ ကိုယ်ပိုင်အလံရှိသည်။ နိုင်ငံကိုယ်စားပြုကိုယ်ပိုင်အမှတ် တံဆိပ်ရှိသည်။ ကိုယ် ပိုင်ငွေကြေးယူနစ်ရှိသည်။ ကိုယ်ပိုင် တံဆိပ်ခေါင်းများ ရှိနေ သည်။ ဆီးလန်းသည် နိုင်ငံတစ်ခုအဖြစ် လိုအပ်သော အခြေခံ အဆောင်အယောင် များ ပြည့်စုံနေပြီဟု ဆိုနိုင်သည်။ သို့သော် ပြဿနာတစ်ခုရှိနေ သည်။ ယင်းမှာ ဆီးလန်းတစ်နိုင်ငံလုံး လူ ၂၂ ဦးသာ နေထိုင်ခြင်းဖြစ်သည်။

အမှန်တကယ်အားဖြင့် ဘုရင်အုပ်စိုးသည့် နိုင်ငံ (Principality) တစ်ခုအဖြစ် ကမ္ဘာသို့ ကြေညာထား သည့် ဆီးလန်းသည် ဗြိတိန်ကမ်းလွန်မှ ပင်လယ်တွင်း ခံတပ် ဆိပ်ခံနေရာဟောင်း တစ်ခုသာဖြစ်သည်။

ဗြိတိန်နိုင်ငံ အရှေ့တောင်ဘက်ရှိ ဆက်ဖ် ဖော့ခ်ကမ်းခြေမှ ၆ မိုင်မျှအကွာတွင် ဒုတိယကမ္ဘာစစ်အတွင်း က ယင်းခံတပ်ကိုတည် ဆောက်ထားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်မူ ဆီးလန်းတွင် နေထိုင်သူများက မိမိတို့ သည် ဗြိတိန်၏ အစိတ်အပိုင်းမဟုတ်တော့ဟုဆိုကာ လွတ်လပ်ရေး ကြေညာပြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့်မူ ဆီးလန်းကိုနိုင်ငံအဖြစ် သတ်မှတ်ရန် ခက်ခဲနေ ဆဲဖြစ်သည်။ဆီးလန်းနိုင်ငံသားများကမူ ယင်းအခြေအနေကို ဂရုမစိုက်ချေ။ ၎င်းတို့သည် ကမ္ဘာ့အသေး ဆုံး နိုင်ငံလေးတစ်ခုမှ နိုင်ငံသားများအဖြစ် ခံယူထားကြသည်။

စုစု ပေါင်း ၅၂၉၀ စတုရန်းပေမျှသာ ကျယ်ဝန်းသည့် နေရာလေးသို့ ကမ္ဘာလှည့် ခရီးသည်များက ရေလမ်း ခရီးမှ လာရောက်လည်ပတ်ကြသည်။ ထိုအခါ ဆီးလန်းနိုင်ငံ က ၎င်းတို့၏ပတ်စ်ပို့တ်တွင် တံဆိပ်တုံး ထုပေးလေ့ရှိသည်။

ဆီးလန်း၏ လက်ရှိ ဘုရင်မှာ မင်းသားကြီး မိုက်ကယ်ဖြစ်သည်။ ၎င်း၏ ခမည်းတော် ရွိုင်းဘိတ်စ်သည် အဆိုပါ ကမ်းလွန်ဆိပ်ခံကို နိုင်ငံအဖြစ် စတင်သတ်မှတ်ကာ ဘုရင်အဖြစ် ပထမဆုံး အုပ်ချုပ်စိုးစံခဲ့သူဖြစ် သည်။

World News Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...