အိမ်မွေးခွေးနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခြင်း





အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့မှာ နေထိုင်တဲ့ အသက်(၂၇)နှစ် အရွယ်ရှိ အေလီရှာဟာ သူ့ရဲ့ခွေးနှစ်ကောင် ကို မင်္ဂလာဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။ အီလီရှာဟာ ခရစ္စမတ်လက်ဆောင်နဲ့ မွေးနေ့ လက်ဆောင် အဖြစ် ရရှိထားတဲ့ သူ့ရဲ့အချစ်ဆုံး ခွေးနှစ်ကောင်ကို ခမ်းနားစွာ မင်္ဂလာဆောင်ပေးမှု ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကို ပြီးခဲ့တဲ့ သောကြာနေ့မှာ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ခွေးတွေကို မင်္ဂလာဝတ်စုံ ၀တ်ဆင်ပေးခဲ့တဲ့အပြင် ကိတ်မုန့်တွေ ကိုလည်း ထားရှိပေးခဲ့ပါတယ်။ မိတ်ကပ်ပညာရှင် အေလီရှာဟာ ဟာသတွေကို အမြဲပြုလုပ် တတ်သူဖြစ်ပြီး သူငယ်ချင်း တွေကိုလည်း နောက်ပြောင်လေ့ ရှိပါတယ်။ အေလီရှာဟာ ထူးခြားတဲ့ အပြုအမူ တစ်ရပ်ကို ပြုလုပ်လိုတာမို့ ခွေးနှစ်ကောင်ကို လက်ထပ် ထိမ်းမြားပေး ခဲ့ခြင်း ဖြစ်ပါတယ်။ ခွေးတွေကို လက်ထပ်ပွဲ မကျင်းပမီ အကောင်းဆုံး ပြုပြင်ပေးမှု ပြုလုပ်ခဲ့ ပါတယ်။ အေလီရှာဟာ လက်ထပ်မင်္ဂလာပွဲ ကျင်းပပေးခဲ့တဲ့ ခွေးနှစ်ကောင်ကို ချစ်သူဖြစ်သူ ပီတာထံ ကနေ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အေလီရှာဟာ ခွေးတွေ ရဲ့ လက်ထပ် မင်္ဂလာဝတ်စုံကို ဖန်တီးနိုင်ဖို့ အသက်(၁၁)နှစ် အရွယ်ရှိ သောမတ်စ်ရဲ့ အ၀တ်အစားတွေကို အကူအညီတောင်းပြီး ရယူခဲ့တယ်လို့ သိရပါတယ်။ အေလီရှာက မင်္ဂလာပွဲမှာ ခွေးနှစ်ကောင်ဟာ ခမ်းနားလွန်းနေတာမို့ မယုံကြည် နိုင်လောက်အောင် ဖြစ်ခဲ့ရကြောင်း ဖွင့်ဟသွား ခဲ့ပါတယ်။


The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...