အဆုတ်တွင်း သဘာဝပိုးမွှားများ ရင်ကျပ်ရောဂါ ကာကွယ်နိုင်
Health Updates Journal No. 119
လူတို့တွင် ရင်ကျပ်ရောဂါဖြစ် နိုင်ချေရှိမရှိ၊ မွေးကင်းစတစ်ပတ်အတွင်း သိရှိနိုင်မည့် နည်းလမ်းကို ကြွက်များ ၌ စမ်းသပ်တွေ့ရှိခဲ့ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။ အဆုတ်အတွင်းရှိ အဏုဇီဝပိုးများသည် ခုခံအားစနစ်ကို လှုံ့ဆော်ပေးသည်ဟုလည်း သုတေသီများက ဆိုသည်။
အဆုတ်များသည် ပိုးမွှားကင်းစင်၍ သန့်ရှင်းနေရမည်ဟု လက်ခံထားခဲ့ကြရာမှ အဆုတ်များအတွင်း၌လည်း အရေပြားနှင့်အူတို့မှာကဲ့သို့ ပိုးမွှားများရှိနေကြောင်း မကြာသေးမီကမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမေရိကန် သုတေသီများ၏ လေ့လာမှုများအရကြွက်များ၏အဆုတ်တွင် ပိုးမွှားများသည် ရင်ကျပ်ရောဂါကို ကာကွယ်ပေးကြောင်းသိရသည်။
သုတေသနတွင် ကြွက်များကို အိမ်တွင်းဖုန်၊ မှုန်များနှင့် ထိတွေ့စေသည်။ မွေးကင်းစကြွက်ကလေးများ သည် ကြွက်အိုများထက် ဖုန်မှုန့်ဒဏ်မခံနိုင်ဘဲ ရင်ကျပ်သည်ကိုတွေ့ ရသည်။ ကြွက်ပေါက်ကလေးများ၏ အဆုတ်တွင် ပိုးမွှားများ လုံလုံ လောက်လောက် မပေါက်ဖွားနိုင်သေးသောကြောင့် ဓါတ်မတည့်သည့် ကိစ္စများကို ခုခံအားစနစ်က လွန်ကဲစွာတုံ့ပြန်စေသည်။
ကြက်အဆုတ်အတွင်း သဘာဝ ပိုးမွှားများ ၀င်ရောက်ပေါက်ဖွားနိုင်ရန် နှစ်ပတ်ခန့်အချိန်ယူရသည်။ သဘာဝပိုးမွှားများ မ၀င်ရောက် နိုင်အောင် လုံးဝပိုးသန့်စင်ထားသော ပတ်ဝန်းကျင်၌ထားရှိသည့် ကြွက်များ တွင် အဆုတ်တွင်း သဘာဝပိုးမွှားများ အာနိသင်မရှိသောကြောင့် ခုခံအားစနစ် တုံ့ပြန်မှုလွန်ကဲကာ ဖုန်မှုန် များရှူမိသည်နှင့် ရင်ကျပ်ဝေဒနာ ပြင်းထန်သည်ကို တွေ့ရသည်။
ဆွစ်ဇာလန်နိုင်ငံနှင့် နယူးဇီလန် နိုင်ငံများတွင် ထပ်မံလေ့လာမှုများအရ လူများ၌ပါအဆိုပါ ဖြစ်စဉ်မျိုး ထပ်တူဖြစ်ပေါ်သည်ကို တွေ့ရသည်။ လူများ၌ အဆုတ်တွင်း သဘာဝပိုးမွှားများ၏ အာနိသင်ကို လေ့လာမှု များ ထပ်မံပြုလုပ်ရန်လိုကြောင်း သုတေသီများကဆိုသည်။
သီဟ
Ref:NMD
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)