*** ကော်ဖီ သောက်ရန် အသင့်တော်ဆုံးအချိန် ***



၉-ရာစုလောက်ကတည်းက အီသီယိုးပီးယားနိုင်ငံမှာ စပြီးသောက်သုံးခဲ့တဲ့ ကော်ဖီဟာ၊ ၁၆-ရာ စုနှစ်ရောက်တဲ့အခါမှာတော့ “အာရေဗျ ၀ိုင်” လို့ ရေပန်းစားလာခဲ့ပြီး၊ ယနေ့ ထိတိုင် ကမ္ဘာသုံး အဖျော် ယမကာအဖြစ် လူမျိုးမရွေး/ဘာသာမရွေး အာသာငမ်း ငမ်းသောက် သုံးလျှက်ရှိနေကြ ပါ တယ်။ သူ့ ရဲ့ အတန်ငယ်ခါးသက်သက်အရသာလေးက လျှာရင်ြး မက်ေ စသလို၊ နက်ရှိုင်းတဲ့ ရ နံ့  လေးကို ရှုရှိုက် လိုက်တဲ့အခါတိုင်း စိတ်ဘ၀င်ကိုကြည် လင်လန်းဆန်းသွားစေ တယ်လို့ ကော် ဖီချစ်သူတွေက မှတ်ချက် ချကြပါ တယ်။

< ကော်ဖီနဲ့  ကျမ္မာရေး >

Aroma မျိုးနွယ်ဝင်ဖြစ်တဲ့ အပင်မှရရှိတာကြောင့်လည်း ကော်ဖီက (၁) ပါကင်ဆန်(ခေါ်) အသက်ြ ကီး ၍ ခြေတုန်လက်တုန်ရောဂါများ နဲ့ အယ်လ်ဇိုင်းမား(ခေါ်)ဦးနှောက် ဇရာကြိုရောဂါများ ဖြစ်နိုင်ချေကိုလျော့ ချပေးနိုင်လို့  အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေကို ကဖိန်းဓာတ်နဲတဲ့ ကော်ဖီပျော့ပျော့တို က်ကျွေးသင့်တယ်လို့ the University of South Florida နှင့် the University of Miami တို့ မှ သုတေ သီများက အကြံပြုထား ပါတယ် (၂)အချိုမ ပါတဲ့ကော်ဖီ တေ န့ ၂-ခွက်ပုံမှန် သောက်ခြင်းက ဆီးချို အမှတ်-၂ြ ဖစ်နိုင်ခြေကို ၅၀% လျော့ချေ ပးေ ကြာင်းThe American Chemical Society က အကြံပြု ထားပါတယ် (၃) ကဖိန်းဓာတ် က သွေး ထဲမှာ ရှိတဲ့ ဖက်တီးအက်ဆစ်ပမာဏ ကိုတိုးပွားေ စကာ၊ ထို အက်ဆစ်တွေကို ခန္ဒာကိုယ် ကြွက်သားများက စုပ်ယူလောင်မြိုက်ပေးတာ မို့ ကိုယ်လက်ကိုက်ခဲ နာ ကျင်ခြင်းကိုသက် သာစေ တာကြောင့် အထူး သဖြင့် မာရ သွန်၊ ပြေးခုန်ပစ်၊ ကြက်တောင် နဲ့ စက်ဘီးစီး အားကစားသမားေ တွ အတွက် အေ ထာက်အ ကူပြုတယ်လို့  The New York Times မှာဖော်ပြသွား ခဲ့ပါတယ် (၄) အမျိုးသား၊ အမျိုး သမီး ဦးရေစုစုပေါင်း တစ်သိန်းကျော်ကို အနှစ် ၂၀-ကြာ သုတေသနပြုပြီး တဲ့အ ခါမှာ ကော်ဖီက အရေပြားကင်ဆာနဲ့ ရင်သားကင်ဆာတွေ ဖြစ်နိုင်ချေနည်းပါးစေတယ်လို့  Brigham and Women's Hospital မှ အကြံပြုထားပါတယ် (၅) ကော်ဖီသောက်ပြီးတဲ့အ ခါ စိတ် ကို လန်းဆန်းေ ပျာ်ရွှင်လာစေတာကြောင့် ဆယ်ကျော် သက်များ မိမိကိုယ်ကိုသြေေ ကာင်းကြံစည် လိုမှု ၅၀%ေ လျာ့ချပေးနိုင်ကြောင်း the Harvard School of Public Health မှ အ တည်ပြုထား ပါတယ် (၆) ကိုရီးယားနိုင်ငံ Seoul National University က ကြွက်များ နဲ့ စမ်းသပ်ပြီးနောက် မှာ ကော်ဖီက စိတ် ကျရောဂါကိုပျောက်ကင်းစေတဲ့အပြင် လိင်စိတ်နိုးကြွစေတယ်လို့ ဆိုပါတယ် (၇) ၂၀၀၆ ခုနှ စ်က အမေရိကန်မှာ အရက်စွဲေ နသူ ပေါင်း တစ်သိန်းနှစ်သောင်းကျော်ကို ၂၂-နှစ်ကြာ သုတေ သနပြုချက်များ အရ၊ နေ့ စဉ် ကော်ဖီ ၁-ခွက်ပုံမှန်သောက်သူတွေမှာ အရက်ကြောင့်ဖြစ် တဲ့ အသ ည်းခြောက်ရောဂါ ဖြစ်နိုင်ခြေအလားအလာ ၂၀%မျှ လျော့ကျစေပါတယ်တဲ့ (၈) ကော် ဖီက အရွယ် တင်နုပျိုစေတဲ့အပြင် သည်းခြေအိတ်ကျောက်တည်ခြင်း/မကြာခဏမျက်စိ ပုတ်ခတ်ပုတ်ခတ်လုပ်သူများ/သွားပိုးစားခြင်း/ဂေါက် (ခေါ်)အဆစ်မြစ်ရောင်ရမ်းနာများ စသည်တို့ အတွက် ဆေးဘက်ဝင်တယ်လို့ ကျမ္မာရေး သုတေသီတွေ ကဆိုထားကြ ပါတယ် (၉) ဒါတင်မကသေး ပါဘူး။ ကော်ဖီက လူ့ သငံရည်(သားနံရည်)ကြောအဖွဲ့ အ စည်းကို အဆိပ်အတောက်ပြေစေ တာကြောင့် အထူး သဖြင့် orange peel(ခေါ်) အရေပြား အဖုအထစ် ကြမ်းတမ်းခြင်းကိုသက် သာစေ နိုင် လို့  အရေပြားရောဂါရှိ သူများ ကော်ဖီမှုန့်  နဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာ၊ ကရင်မ်၊ လိုး ရှင်းေ တွ ကို အသုံးပြုသင့် ပါကြောင်း လှပမှုဆိုင်ရာ အရေပြားရောဂါဗေဒ ပညာရှင်တွေက ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့ က Beauty Mantra(ခေါ်)အမေရိကန် အလှအပ ဆိုင်ရာ အင်တာ နက် စာမျက်မှာ အကြံပြု ထားပါတယ်။

< ကော်ဖီ နဲ့ ဘေးထွက်ဆိုးကျိုး >

ကော်ဖီက အထက်ပါကျမ္မာရေး အကျိုးကျေးဇူးတွေပေးစွမ်းနိုင်သော်လဲဘဲ၊ မွေးရာပါ ကိုယ်ခံအားနည်း သူများ၊ ကဖိန်းဓာတ်နဲ့ ဓာတ်မတည့်သူများ၊ ကဖိန်းဓာတ်ပြင်းပြင်း သောက်သုံးသူများနဲ့  ကော်ဖီအမှုန့် တွေကိုမစစ်ခံဘဲ သောက်မိတဲ့အခါများမှာ ခန္ဒာကိုယ်ကို အကျိုးယုတ်စေတဲ့ LDL ကိုလက် စထရောတွေမြင့်တက်လာပြီး (၁) နှလုံးသွေးေ ကြာရော ဂါ(၂) အစာအိမ်အချဉ်ေ ဖာက်(၃) အာရုံကြော ကိုနှိုးဆွပေးလို့  အိပ်မပျော်က တုန်ကယင်(၄) သွေးတိုး(၅) ကော်ဖီ အသောက်များတဲ့ ကလေးငယ်တွေ မှာ ခန္ဓာကိုယ်ြ ကီးထွားမှုနှေုာင့်နှေးခြင်း (၆) ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ သားလျောခြင်း (၇) အရိုးပါး (၈) အစာအိမ်၊ အူလမ်းကြောင်း အတွင်းဖုံးလွှာ ထိခိုက်ခြင်း (၉) သွားတွေညိုမည်းခြင်း စတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်စေပါ တယ်တဲ့။

< ကော်ဖီ သောက်သင့် မသောက်သင့် >

ဒါကြောင့် ကျမ္မာရေးအမြင်ကျယ်လာတာနဲ့ အမျှ “ကော်ဖီ ကောင်း၏-ဆိုး၏” ဟူ၍ ကာလ ကြာရှ ည် အငြင်းပွားလျှက်ရှိနေကြပါတယ်။ ယနေ့ အမေရိကန်မှာတော့ ကော်ဖီကရတဲ့ ကဖိန်းဓာတ်နဲ့  homeopathic medicine (ခေါ်)လူကောင်း အတွက်ရောဂါရစေပြီး လူနာများအတွက်ရောဂါပျောက်စေတဲ့ ကုထုံးကို အောင်မြင်စွာကုသနိုင်ပြီလို့ ဆိုထား ပါတယ်။

< ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန် >

နံက်အိပ်ယာနိုးထလာတဲ့အခါ ခန္ဒာကိုယ်ထဲမှာ Cortisol ဟိုမုန်းပမာဏမြင့် တက် နေချိန်ဖြစ်ပြီး၊ အဲဒီ အချိန်ကော်ဖီသောက်လိုက်တဲ့အခါမှာ ကဖိန်းဓာတ်တွေနဲ့ ဟိုမုန်း တို့ ဓာတ်ပြု ကပြီးနောက် ခန္ဒာကိုယ်ရဲ့ ဇီဝ ကမ္မဖြစ်စဉ်ကို ကောင်းမွန်အောင်နှိုးဆော်ပေးပါတယ်။ ဒါကြောင့် နိုင်ငံတ ကာေ ဆးသုတေသီတွေရဲ့  လေ့လာစမ်းစစ်မှုအရ၊ နံက် အိပ်ယာမှနိုးထပြီးနောက် တစ်နာရီခန့် အကြာ ဟာ ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်ြ ဖစ်ပါ တယ်တဲ့။ ထို့ ပြင် နေ့ လည် စာစားပြီးေ နာက် တစ်နာရီကျော်အကြာ နဲ့  ညနေခင်း အချိန်ေ တွကလည်း ကော်ဖီသောက်ရန် သင့်တော်ေ ကာင်းမွန်တဲ့ အချိန် များပါဘဲ။ သို့ သော် တန်ဆေးလွန်ဘေး ဖြစ်တတ်တာကြောင့် ကျန်းမာေ ရးေ ကာင်းမွန်သူ တစ်ယောက် အ တွက် ကော်ဖီကို တစ်နေ့  ၃-ခွက်ထက်ပိုမသောက်သင့် ပါဘူး။ေ ကာ် ဖီကို တနေ့  ၃-ခွက် ထက်ပိုသောက်သူတွေမှာ ကျောက်ကပ်ပျက်စီး၍ ဆီးတ စက္စက္က်ေ ရာဂါမ်ားနဲ ့ အရိုး ပါးေ ရာဂါတွေဖြစ်လာစေတတ်ပါတယ်။ အကယ်၍ တစ်နေ့ ၎-ခွက်နဲ့  အထ က် သောက် သုံးသူ များမှာ အချိန်မတိုင်မီ အသက်တိုစေနိုင်ပါတယ်။ ဒါ့ပြင် ကော်ဖီကို ပါရာ စီတေ မာလ် အကိုက်အခဲပျောက်ဆေးတွေနဲ့ (လုံးဝ)တွဲ မသောက်သင့်ပါကြောင်း၊ ကလေးငယ် များ/သ က်ကြီးရွယ်အိုများနဲ့  ကျန်းမာရေးမကောင်း၍ကိုယ်ခံအားနည်း သူများအဖို့  ကော်ဖီ ကို လျော့ေ သာက် သင့်ပါကြောင်း အကြံပြုလိုက်ပါရစေ။


(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
(ကိုးကား Beauty Mantra on 16th July ’13)
--
promise.pauk
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...