၂၀၁၄ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်သူများကို စာရင်းကိုင် ပညာသင်ဆုပေးမည်


ရန်ကုန်၊ ဇွန် ၂၀

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ များအတွက် စာရင်းကိုင်ပညာ LCCI သင်တန်း ပညာသင်ဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း USA (U Sann Aung) Commercial School ထံမှ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၂၀၁၄ တွင် ဂုဏ်ထူး ငါးဘာသာနှင့်အထက် ရရှိသူများအတွက် Level 1 နှင့် Level 2 ရာနှုန်းပြည့် သင်တန်းကြေး ကင်းလွတ်ခွင့်၊ လေးဘာသာ ဂုဏ်ထူးရှင်များအတွက် သင်တန်းကြေး ၅၀ ရာခိုင်နှုန်း၊ သုံးဘာသာ ဂုဏ်ထူးရှင်များအတွက် သင်တန်းကြေး ၄၀ ရာခိုင်နှုန်း၊ နှစ်ဘာသာနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်များအတွက် သင်တန်းကြေး ၂၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးသွား မည် ဖြစ်သည်။

UK အသိအမှတ်ပြု LCCI စာရင်းကိုင်ပညာ (Level 1 နှင့် Level 2) စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ပါက Level 3 Diploma သင်တန်း ဆက်လက်တက်ရောက်ရန် သင်တန်းကြေး ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက သင်တန်းလိပ်စာ တိုက် ၄၊ အခန်း ၂၄၊ ပြည်တော်သစ်အိမ်ရာ အောက်ပုဇွန်တောင်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၂၉၁၃၂၉၊ ၀၉-၂၅၀၇၁၅၉၂၇ နှင့် ၀၉-၈၆၃၆၉၁၅ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ယင်းသင်တန်းထံမှ သိရှိရသည်။


The Voice Daily, 21.6.2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...