သီချင်းတွေကို Up To Date အမြဲ လုပ်ပေးချင်တဲ့ မျိုးကျော့မြိုင်


ခိုင်ဇာသွင်

အဆိုတော် မျိုးကျော့မြိုင်က အနုပညာသမားတစ်ယောက် အနေဖြင့် ဂီတ ပရိသတ်များကို Up To Date ဖြစ်မည့် သီချင်းများကိုသာ အမြဲ ပေးချင် နေကြောင်း ပြောသည်။

ကျွန်တော်က အနုပညာသမား ဖြစ်တဲ့ အတွက် သီချင်းခွေတွေလည်း ထုတ်ခဲ့ပြီးပါပြီ။ နောက်ပိုင်းမှာ လည်း အယ်လဘမ်အလိုက် ထုတ်ချင်မှ ထုတ်ဖြစ်မယ်။ ကိုယ်ပေးချင်တဲ့ အနုပညာ ကိုလည်း ရွေးပေး ရင်ပေးမယ်။ ကိုယ် ဘာလုပ်နေလဲ ဆိုတာကိုတာကိုလည်း Up To Date အမြဲလုပ်ပေးချင် တယ်။ အခုလိုမျိုး အွန်လိုင်း စတိုးတွေလည်း ရှိလာတော့ သက်ရောက်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို Trend ကိုလည်း ကမ္ဘာမှာလည်း အကုန်လုံး ကလည်း လုပ်နေကြတယ်။ သူ့မှာ ကောင်းတဲ့ အချက်ရှိ တယ် ဆိုတာကိုလည်း မျှော်လင့် ထားတာ ရှိပါတယ်။ ကျွန်တော် ရှင်းပြရရင် အွန်လိုင်းပေါ် တင်ရောင်းကြတဲ့ Mini Ablum ဆိုတာကို မျိုးစုံယူဆကြတာလည်း ရှိပါတယ်။ Mini Ablum ဆိုတာက အယ်လအမ်တွေထဲကနေ ရွေးထုတ်တာဖြစ်ဖြစ် လုပ်ကြတာရှိပါတယ်။ အခွေ လုပ်တယ်ဆိုရင် ကျွန်တော် အမြဲခေါ်တဲ့ လက်ပစ်ဗုံး ဆိုတာကို တစ်လုံးနှစ်လုံး ထည့်ပါတယ်။ တချို့တွေကတော့ (၁၆) ပုဒ် လုံး လူတွေထိသွား စေအောင် ကတော့ ခဲယဉ်းပါတယ်။ အဲဒီတော့ လက်ပစ်ဗုံးလေးတွေ တစ်လုံးနှစ်လုံးကို ရွေးထုတ်ပြီးတော့ တစ်ခါတည်း One Shoot နဲ့ချပြတဲ့သဘော။ ကျွန်တော်က အနုပညာသမား အဆိုတော်ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ရဲ့ အနုပညာကို Up To Date ဖြစ်နေတဲ့ သီချင်းတွေက အွန်လိုင်းကနေ ချက်ခြင်းရောက် သွားတယ်။ ကျွန်တော်တို့ အရင်တုန်းကဆိုရင် စနစ် တစ်ခုရှိပါတယ်။ သီချင်းလုပ်ဖို့ အယ်လဘမ် လုပ်ရတယ်။ သို့မဟုတ် ဖန်တီးမှု လုပ်ရတယ်။ ပြီးတော့လည်း သူများကို အားကိုးရတယ်။ ဖြန့်ချိရင်လည်း ကိုယ်သွားချင်တဲ့ နေရာရောက်အောင် တွန်းရပါတယ်။ အဲလို လုပ်ရင်းနဲ့ အဆင်မပြေတာတွေ များလာတော့ ကိုယ်လုပ်တဲ့ Product ကို ယုံကြည်မှု လျော့လျော့လာတယ်။ အခုချိန်မှာ အွန်လိုင်းစတိုးတွေ ပေါ်လာတော့ ကျွန်တော်တို့ အနုပညာသမားတွေ အရမ်းကို Depend နဲ့ Repect လည်း ရှိလာပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အွန်လိုင်းကနေ သီချင်းတင်ရောင်း ထားပါတယ်။ ဟု မျိုးကျော့မြိုင်က ပြောသည်။ မျိုးကျော့မြိုင်သည် လတ်လောတွင် Myanmar Music Store တွင် တစ်ဖက်စွန်းဂီတ သီချင်းကို ရောင်းချ ထားကြောင်း ပြောသည်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...