Dimensions International College မှ ပညာသင် ထောက်ပံ့ကြေးပေးမည်



၁၀ တန်း ဖြေဆို အောင်မြင်ထားသူများ ဘွဲ့တစ်ခုခု ရထားသူများ အတွက် ဒီပလိုမာ ဘွဲ့လွန် ဒီပလိုမာ ဘာသာရပ်များကို စင်ကာပူနိုင်ငံတွင် ပညာသင် ထောက်ပံ့ကြေး အစီအစဉ်ဖြင့် July နှင့် August 2014 Intake များ အတွက် လျှောက်ထား တက်ရောက် နိုင်ပြီး ကျောင်းသူ၊ ကျောင်းသားများ ရွေးချယ်သည့် ဘာသာရပ်ပေါ် မူတည်ပြီး ကျောင်းစရိတ်၏ ၂၀ မှ ၃၀ ရာခိုင်နှုန်း အထိ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ Diploma in Hotel & Restaurant Services, Diploma in Food Preparation & Culinary Arts, Diploma/Adv Diploma in Hotel Management, Edexcel BTEC Level 5 HND Diploma in Hospitality Management, Diploma in Business, Edexcel BTEC Level 5 HND Diploma in Business, Diploma in Finance & Accounting, Post Graduate Diploma in Hospitality Management တို့ ဖြစ်သည်။

July & August 2014 Intake ကျောင်းဝင်ခွင့်အတွက် English အရည်အချင်းစစ် စာမေးပွဲကို Dimension International College ၏ မြန်မာပြည် ရုံးခွဲဖြစ်သော Dimensions Education Center တွင် ကြိုတင် စာရင်း ပေးသွင်း ဖြေဆိုရမည်ဖြစ်သည်။

ပညာသင် ထောက်ပံ့ကြေး ရရှိပြီးသော ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းလျှောက်ရန် လိုအပ်သည့် စာရွက် စာတမ်းများ ဝန်ဆောင်မှုများကိုလည်း မြန်မာပြည်ရုံးခွဲမှ (အခမဲ့) စီစဉ် ဆောင် ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

Dimensions Education Center ဖုန်း-၀၉၄၅၀၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈ သို့ ဆက်သွယ် စုံစမ်းနိုင် သည်။

Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၁) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...