ကမ္ဘာ့ပထမဆုံး အီလက်ထရောနစ် ဆေးခြောက်စီးကရက် e-joint


Angel on 2014-06-23 17:24

နယ်သာလန်နိုင်ငံက တီထွင်လိုက်တဲ့ ဒီ e-joint ဟာ ကမ္ဘာ့ပထမဆုံး ဆေးခြောက်စီးကရက် လို့  ယူဆရ ပါတယ်။

E-Njoint BV ဆိုတဲ့ ကုမ္ပဏီဟာ တစ်နေ့ ကို သစ်သီးအနံ့ အရသာ ထည့်သွင်းထားတဲ့ ဆေးခြောက် စီးကရက်ပေါင်း တစ်သောင်းကို ထုတ်လုပ်ပြီး ဥရောပအနှံ့ မိတ်ဆက်ဖြန့် ချိနေပါပြီ။ ဒီစီးကရက်မှာ ဆေး ရွက်ကြီး ၊နီကိုတင်းးနဲ့  ဆေးခြောက်မှာ အဓိကပါဝင်တဲ့ THC ဓာတ်တို့ ပါဝင်ခြင်းမရှိတဲ့အတွက် ၁၀၀ ရာခိုင်နှုန်း တရားဝင်ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးထုတ် e-joint မှာတော့ အသုံးပြုသူတွေဟာ မိမိကိုယ်ပိုင် ဆေးခြောက်အရည် ဒါမှ မဟုတ် ဆေးရွက်ခြောက်တွေနဲ့ ဖြည့်နိုင်ပါပြီ။

E-Njoint ကုမ္ပဏီဟာ ဆေးဘက်ဝင်ဆေးခြောက် အထူးပြု စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Tikun Olam နဲ့  လက်ရှိ ဆွေးနွေးနေပြီး ကျန်းမာရေးဈေးကွက်အတွက် ထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ ကူညီနိုင်ဖို့ ဖြစ်ပါ တယ်။

E-Njoint ရဲ့ CEO Menno Contant က “ ဟော်လန်ဟာ မူးယစ်ဆေး အပျော့စားတွေအပေါ် နိုင်ငံရဲ့ သဘောထားကြီးမှုနဲ့ အတွေးအမြင် လွတ်လပ်ခြင်းရှိမှုတို့ ကြောင့် လူသိများပါတယ်။ အခုလို ထုတ်ကုန် အသစ်ကို မိတ်ဆက်ပေးနိုင်ခြင်းက အဆို တစ်ခုကို ပေးစွမ်းနိုင်တယ်။ ခင်ဗျားဟာ တခြားလူတွေကို အနှောင့်အယှက် ဒုက္ခမပေးဘဲ တရားဝင်စည်းဘောင်ထဲမှာ နေနေသရွေ့  အားလုံးဟာ အိုကေစိုပြေပဲ။”


Ref: Metro.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...