iOS 8 တွင် ဇော်ဂျီနှင့် ယူနီကုတ်ကဲ့သို့ မြန်မာစာ ကီးဘုတ်များကို Jailbreak ပြုလုပ်ရန် မလိုဘဲ သုံးစွဲလာနိုင်မည်



Apple က iOS 8 တွင် မြန်မာစာ ကီးဘုတ်များ ပါဝင်လာနိုင်ရန် လမ်းဖွင့်ပေးခဲ့ပြီးနောက် ယင်း Operation System ကို တရားဝင်စတင်ဖြန့်ချိသည့် နေ့တွင် Android OS ကဲ့သို့ မြန်မာစာ ကီးဘုတ် များကို ထည့်သွင်း အသုံးပြု၍ ရလာတော့မည် ဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပရှိ မြန်မာ Developer များထံမှ စုံစမ်းသိရသည်။

ထို့ကြောင့် Apple အနေဖြင့် iOS 8 ကိုသုံးစွဲသူများသို့ todayး ဖြန့်ချိ လိုက်သည်နှင့် တစ်ပြိုင်နက် ဇော်ဂျီ ကီးဘုတ် အပြင် ယူနီကုတ် ကီးဘုတ်များကိုပါ ထုတ်လုပ်လာနိုင်ကြောင်း Developer ကိုထိန်လင်းရွှေ က ပြောကြားသည်။

“iOS 8 ကို အသုံးပြုသူတွေ အနေနဲ့ Android မှာလို မိမိနှစ်သက်ရာ ကီးဘုတ်ကို အသုံးပြုနိုင်ပါတယ်။ Android မှာလူသုံးများတဲ့ Swipe လိုမျိုး ကီးဘုတ်တွေကို သွင်းလို့ ရလာနိုင်ပါတယ်”ဟု ၎င်းက ဆက် လက်ပြော သည်။

ယခုလ ပထမပတ်အတွင်း Apple က၎င်းတို့၏ iOS နည်းပညာကို စတင် မိတ်ဆက်ပေးခဲ့ပြီးသည်နှင့် မြန်မာ Developer အချို့သည် မြန်မာစာကီးဘုတ် အတွက် စတင် စမ်းသပ် ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

“iOS ထွက်ထွက်ခြင်း ကတည်းက စမ်းရေးကြည့်နေပါတယ်။ လက်ရှိ iOS 8 မှာ Bugs အချို့ရှိသေး တယ်။ Custom Keyboard မှာ Landscape ကနေ Portrait ပြောင်းတဲ့အခါမှာ Size က ပြန် မပြောင်းတော့ ဘူး”” ဟု ကိုထိန်လင်းရွှေက ဆက်လက် ပြောကြားသည်။

မကြာမီ လအနည်းငယ် အတွင်း ထွက်ရှိလာတော့မည့် iOS 8 တွင် မြန်မာစာကီးဘုတ် အသုံးပြုနိုင်ရေး အတွက် Mogoke အမည်ရှိ မြန်မာစာ ကီးဘုတ်ကို ရေးဆွဲခဲ့သည့် Developer ကိုသန့်သက်ကလည်း ကြိုးပမ်းနေကြောင်း သိရသည်။

Apple ကုမ္ပဏီက မိတ်ဆက်ပေးခဲ့သည့် အဆိုပါ iOS 8 တွင် Build in Keyboard အပြင် အခြားသော ကီးဘုတ်များကိုပါ ထည့်သွင်း သုံးစွဲခွင့်ပေးလိုက်သည့်အတွက် Jailbreak ပြုလုပ်ရန် မလိုဘဲ မြန်မာစာ ကီးဘုတ်များကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။

မြန်မာ Developer ကိုထိန်လင်းရွှေ အနေဖြင့် ဇော်ဂျီမြန်မာကီးဘုတ်ကို Apple က ၎င်းင်းတို့၏ iOS 8 ကိုစတင်ဖြန့်ချိသည့်နေ့တွင် App Store ပေါ်သို့တင်နိုင်ရန်ကြိုးစားနေပြီး ယင်းနောက်တွင် အဆိုပါ App Store ပေါ်မှ Download ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမေရိကန် နည်းပညာ ကုမ္ပဏီသည် iOS 8 Beta Version ကို ယခုလပထမပတ် အတွင်း ဆန်ဖရန်စစ္စကိုတွင် ကျင်းပခဲ့သည့် World Wide Developer Con-ference (WWDC) ဖွင့်ပွဲတွင် နိုင်ငံ တကာ Developer များထံ စတင် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပြီး လာမည့် စက်တင်ဘာမှသာ ဖြန့်ချိသွား မည်ဖြစ်ကြောင်း သိရသည်။ 



ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၃) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...