Eco-Friendly ဆိုတာ..

Eco-Friendly ဆိုသည်မှာ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှုမရှိ(သို့) ထိခိုက်မှု အနည်း ဆုံးဖြစ်စေသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု များ၊ ဥပဒေများ၊ လမ်းညွှန် ချက်များ နှင့် ပေါ်လစီ များကို ရည်ညွှန်းခြင်းဖြစ်သည်။ Eco-Friendly ကိုEnvironmentally Friendly, nature-friendly , greenစသည်ဖြင့် လည်း ခေါ်ဆိုကြသည်။ Oxford အဘိဓာန်ကြီးကတော့ ” ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသော” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ကုမ္ပဏီများ အနေနှင့်လည်း ယင်းစကားလုံးကို ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု တိုးမြှင့်ရေးအတွက် အသုံးချ သလို တစ်ခါတစ်ရံတွင် eco-labels စသော စကားလုံးများကို ပို ထည့်သွင်း တတ်ကြသည်။Eco Friendly ထုတ်ကုန်များဟာ လေထု၊ ရေထုနှင့် မြေထုညစ်ညမ်း မှုများကိုလည်း ကာကွယ် တားဆီးနိုင်သည်။ သဘာဝ အရင်းအမြစ်များကို ဘယ်လိုအသုံးချရမည်ကို ပိုမိုအလးပေးခြင်းဖြင့် Eco-Friendly အလေ့ အကျင့်နှင့် လုပ်ဆောင်မှုများကို ပျိုးထောင်နိုင်သည်။

စစ်မှန်သော Eco-Friendly ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့် လူသားတို့နှစ်ရပ် လုံးကို ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်သည်ဟုဆိုရမည်။ အနည်း ဆုံးအားဖြင့် ကုန်ပစ္စည်းများဟာ အဆိပ်အတောက်ကင်းမှာဖြစ်ပါသည်။ ထို့ပြင် ဂေဟစနစ် (ecosystem) ထိခိုက်မှုကို လျော့နည်းစေမည် လည်းဖြစ် သည်။ အော်ဂင်နစ် ပါ ဝင်ပစ္စည်းများ သို့မဟုတ် ကုန်ပစ္စည်းများသည် အဆိပ်အတောက် မပါသော ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေး များကို တိုးပွားစေပါသည်။ Recycle ပြုလုပ်နိုင်သော ပစ္စည်းများတွင် ဖန်၊ သစ်သား၊ သတ္တုနှင့် ပလတ်စတစ်စသည်တို့ ပါဝင်ကြပြီး ယင်းတို့ကို ပစ္စည်းသစ် အဖြစ် ပြန်လည် ထုတ်လုပ်အသုံးချနိုင်မည်ဖြစ်သည်။

Eco-Friendly အလေ့အကျင့်ကိုသင်ကိုယ်တိုင် လက်တွေ့လုပ်ကိုင် ဆောင်ရွက်နိုင်သည်။ အခန်းလွတ်ရှိ မီးများကို ပိတ်ခြင်းနှင့် ပရိုဂရမ်ပါသော အပူချိန်ညှိကိရိယာ (thermostat) တို့ကို တပ်ဆင်ထားခြင်းမျိုး ဖြစ်သည်။ ကုမ္ပဏီများ၊ စီးပွား ရေးလုပ်ငန်းများအနေနှင့်လည်း သဘာဝသယံဇာတအရင်းအမြစ်များကို ထိန်း သိမ်း စော င့်ရှောက်ရာရောက်သော စီမံကိန်းများကို ချမှတ်ကျင့်သုံးခြင်းနှင့် telecommunication တို့ကို အသုံးပြုနိုင်သည်။ ရေဒီယို၊ တယ်လီဖုန်း၊ ကြေးနန်း၊ တယ်လီဗေးရှင်းစ သည်တို့နှင့် ဆက်သွယ် ဆောင်ရွက်ခြင်းဖြင့် လောင်စာဆီကို ချွေတာရာ ရောက်သည့်အပြင် လေထုညစ်ညမ်းမှုကိုလည်း ကာကွယ်ရာရောက်ပါသည်။

” Greenwashing” ဟုခေါ်သော ဈေးကွက်လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြင့်လည်း ပတ်ဝန်းကျင်ရေး ဆောင်ရွက်သူ၊ အလေးထားသူများ၏ အားပေးမှုကို ရနိုင်ပါ သည်။

ထိပ်တန်း ၁ဝ

ကမ္ဘာကျော် The Richest မဂ္ဂဇင်းကြီးက Environmental Performance Index (EPI) စံနှုန်းများဖြင့် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၏ ပတ်ဝန်းကျင်ရေးရာ မူဝါဒ များ ကို လေ့လာသုံးသပ်ခဲ့သည်။ ၂ဝ၁၃ ခုနှစ် မေလ ၁၃ရက်နေ့ The 10 most green countries အရ (၁) ကိုလံဘီယာ(၂)ကျူး ဘား၊ (၃)သြစတြေးလျ (၄)ပြင်သစ်၊ (၆) Mauritius (အာဖရိက)၊ (၅) နော်ဝေး ၊(၄)ဆွီဒင်၊ (၃)ကော်စတာရီကာ (၂)ဆွစ်ဇာလန်နှင့် (၁) အိုက်စလန်နိုင်ငံတို့ ဖြစ်သည်။

ကမ္ဘာကျော် Green Buzz Group ၏ ၂ဝ၁၃ခုနှစ် ကမ္ဘာ့အကောင်းဆုံး Green Brands ကုမ္ပဏီကြီးများမှာ (၁) Toyota (၂) Ford (၃) Honda (၄) Panasonic (၅) Nissan (၆) Johnson & Johnson (၇) Volkswagen (၈) Danone (၉) Nokia (၁ဝ) Dell ကုမ္ပဏီတို့ဖြစ်သည်။

ကမ္ဘာကျော် Time မဂ္ဂဇင်းကြီး၏ ၂ဝ၁၃ခုနှစ် အောက်တိုဘာလ ၂၄ရက်တွင် ထုတ်ပြန်ခဲ့သော စာရင်းအရ ကမ္ဘာ့လေထုညစ်ညမ်းမှုအဖြစ်ဆုံးမြို့ကြီး (၁ဝ)မြို့ (Most Polluted cities) မှာ Ahwaz (အီရန်) Ulaanbaatar (မွန်ဂိုလီးယား)၊Sanandaj (အီရန်) Ludhiana (အိန္ဒိယ)၊ Quetta (ပါကစ္စတန်)၊ Kermanshan (အီရန်)၊ Peshawar (ပါကစ္စတန်)၊ Gaborone (Botswana)၊ Yasouj (အီရန်)နှင့် Kanpur (အိန္ဒိယ)တို့ဖြစ်သည်။ 


မောင်အာကာ
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...