အအေးမိသော ကလေးငယ်များ လေဖြတ်နိုင်ခြင်း

လေဖြတ်ခြင်းသည် ဦးနှောက်၏ တစ်စိတ်တစ်ဒေသ တွင် သွေးခဲ ပိတ်ဆို့ခြင်းမှာ အဓိကဖြစ်သည်။ Uk ရှိ NHS အဖွဲ့၏ ထုတ်ပြန်မှုအရ အသက် ၆၅နှင့် အထက် လူကြီးများတွင် လူပေါင်း ၁သိန်း ခွဲခန့်သည် လေဖြတ် ကြသည်ကို တွေ့ရသည်။ လေဖြတ်ခြင်းသည် အသက် အရွယ် မရွေးဖြစ်တတ်သည်ကို လေ့လာမှု အသစ်အရ သိရှိရသည်။ 

ကလေးငယ် ၃သိန်းတွင် ၆ဦးသည် လေဖြတ်နေသည် ကို တွေ့ရသည်။ ထို့ကြောင့် ဂျာမနီရှိ ဦးနှောက်နှင့် အာရုံကြော တက္ကသိုလ်မှ သုတေသီများသည် ကလေးငယ်များတွင် ဘာကြောင့် လေဖြတ်ခြင်းဖြစ်ရသည်ကို လေ့လာ ခဲ့ကြသည်။ ထိုလေ့လာမှုအတွက် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကလေး ငယ် ၂.၅သန်းကို စစ်တမ်းများ ကောက်ယူခဲ့သည်။ တုပ်ကွေးကဲ့သို့ အအေးမိခြင်းသည် သွေးကြောတွေ ကို ပိတ်ဆို့စေပြီး လေဖြတ်စေကြောင်း ကိုတွေ့ရသည်။ ၎င်းင်းကို Arterial Ischemic Stroke(AIS) ဟုခေါ် သည်။ အအေးမိဖျားနာကလေးငယ် များသည် မဖျားနာသော ကလေးများ ထက် ၁၂ဆပိုဖြစ်နိုင်ကြောင်း တွေ့ရ သည်။ ထို့ကြောင့် မိဘများအနေနှင့် ကလေးများ ကို သာမန်အအေးမိ ချောင်းဆိုးတာမျိုးကအစ ဂရုပြုသင့် ကြောင်း အမေရိကန် ဦးနှောက်နှင့် အာရုံကြော ဂျာနယ် တွင် ရေးသား သတိပေးခဲ့ပါသည်။ 


မာဃ
Ref;MNT
Health Updates Journal No,(134)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...