ဘတ္တရီ မပါသည့် နှလုံးထိန်းညှိစက် တီထွင်နိုင်

နှလုံးခုန်နှုန်း ထိန်းညှိစက်ကို ဘတ္တရီမပါဘဲ တီထွင်နိုင် ပြီဖြစ် ကြောင်း သုတေသီများက ဆိုသည်။ နှလုံးလှုပ်ရှား မှုမှ စွမ်းအင်ရယူပြီး နှလုံးခုန်နှုန်း ထိန်းစက်ကို လည်ပတ် စေမည်ဖြစ်ကာ ဘတ္တရီ မလိုအပ် ကြောင်း ကြေငြာထား သည်။

““ယနေ့ခေတ် ဆေးပညာ နယ်ပယ်မှာ အသုံးပြုနေတဲ့ စက်ပစ္စည်း တွေကို ဘတ္တရီ လိုအပ်ချက်ကြောင့် တွင်တွင် ကျယ်ကျယ် မသုံးနိုင်သေး ပါဘူး။ စက်ပစ္စည်း လည်ပတ်ဖို့ စွမ်းအင်ကုန်ဆုံး သွားတာနှင့် သမား တော်တွေဟာ ခွဲစိတ်ဆရာဝန် အကူအညီယူပြီး စက်ပစ္စည်း နောက်တစ်ခု အသစ် ထပ်မံခွဲစိတ် လဲလှယ်ရပါတယ်။ ဒါဟာ အဆင်ပြေ ချေမွေ့မှု မရှိတဲ့ နည်းလမ်း တစ်ခုဖြစ်ပြီး ကုန်ကျစရိတ် များသလို နောက်ဆက်တွဲ အန္တရာယ်တွေလည်း မြင့်တက် စေ ပါတယ်”” ဟု့  University of Bernမှသုတေသီ Adrian Zurbuchen က ဆိုသည်။

နှလုံးအထူးကုနှင့် အင်ဂျင်နီ ယာတစ်ဦးလည်းဖြစ်သူ ပါမောက္ခ Rolf Vogel ၏အဆိုအရ နှလုံးသည် (၂၄)နာရီ ပတ်လုံး တုန်ခါလှုပ်ရှားနေ သောကြောင့် အရေးပါသည့် စွမ်း အင်ရင်းမြစ် တစ်ခုဖြစ် သည်။ ၁၇၇၇ ခုနှစ်ကတည်း က အသုံးပြုလာခဲ့သည့် သံပတ်ပေးလည်ပတ်မှုစနစ်ဖြင့် နှလုံး လှုပ်ရှားမှုမှ စွမ်းအင်ရယူကာ နှလုံး စက်ကို လည်ပတ် စေရန် ပါမောက္ခ Rolf Vogel နှင့်အဖွဲ့ကလေ့လာ မှုများပြုလုပ်ခဲ့သည်။ လက်ကောက် ၀တ်လှုပ်ရှား မှုဖြင့် သံပတ်လည်သော လက်ပတ်နာရီကဲ့သို့ပင် နှလုံးခုန်နှုန်း ထိန်းစက်ကို သံပတ်တပ်ဆင်၍ နှလုံးကြွက်သား တွင်း မြှုပ်နှံစမ်းသပ် ခဲ့သည်။

နှလုံးလှုပ်ရှားမှုကို စတင်ထိ တွေ့သည်နှင့် သံပတ်လည်ပြီး စပရင် တစ်ခုကို တဖြည်းဖြည်း ရစ်ပတ်ကာ စပရင်ကို အပြည့်အ၀ရစ်ပတ်မိသည် နှင့် သံပတ်ပြေလျော့သည့်နည်းလမ်း ဖြင့်စက်အတွင်းရှိ ဂျင်နရေတာ အသေးစားကို မောင်းနှင်စေသည်။ ၎င်းင်းမှ ထုတ်လုပ်သည့် လျှပ်စစ် စွမ်းအားကိုသိုလှောင်ထားပြီး နှလုံးခုန်နှုန်းထိန်းစက်ကို စွမ်းအားပေး ထားသည်။

သုတေသနကို ဥရောပနှလုံး ကျန်းမာရေးဆေးပညာအသင်း (European Society of Cardiology ESC) ညီလာခံ တွင် တင်ပြခဲ့သည်။ 


သီဟ
Ref;MDI
Health Updates Journal No,(134)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...