ငါးထမင်းနယ်
ငါးထမင်းနယ် ကို လုပ်ရ တာ အမယ်မယ်တွေ လုပ်ရပြီး ကရိကထ များလွန်းလို့ ကျမ တခါတခါလုပ်စားဖို့ တော်တော် ပျင်းပါတယ်။ ဒါပေမဲ့ ကျမတို့ လင်မယား၂ ယောက်လုံး အလွန် ကြိုက်တာမို့ မကြာမကြာ လုပ်စားဖြစ်ပါတယ်။ လုပ်ရတာနဲ့ တန်အောင် အရသာ အလွန်ရှိပါတယ်။ ဒါလေးက ရှမ်းပြည်ရဲ့ အစားအစာလေးပါရှင်။ တချို့က သတ်သတ်လွတ်ဆို ငါးမထဲ့ပဲ အာလူးနဲ့ လုပ်ပါတယ် တဲ့ ,
ပါဝင်ပစ္စည်း
-ဆန် နို့ဆီခွက် ၂လုံး
-ငါး အသားချည်း၇၀၀ ဂရမ်
-စပါလင် ၁ချောင်း
-ဆနွမ်း ၁ဇွန်း (အချိုဇွန်း)
-ခရမ်းချဉ်သီး ၂လုံး (အလုံးကြီး)
-အာလူး ၂လုံး
-ဆား ၂ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
-ငရုတ်သီးအတောင့်ခြောက်
-ကြက်သွန်ဖြူဆီချက်
ဆန်ကို စင်စင်ဆေးကာ ထမင်းတည်ပေးထားပါ။
ငါးရယ် စပါလင်ရယ် ဆနွမ်းဝါရယ် ကို ဆား နဲနဲ အသားမှုန့် နဲနဲ နဲ့ ပြုတ်ထားပေးပါ။
ခရမ်းချဉ်သီးကိုလဲဆီမထည့်ဘဲ ဆနွမ်း၊ အသားမှုန်.၊ဆားနဲ့ ကြေနေအောင်ချက်ထားပါ။ အာလူးကိုလဲ နူးတဲ့ထိပြုတ်ယူပါ
.ပြီးရင် ကြက်သွန်ဖြူ ဆီကျက်လုပ်ထားပါ ။ ငရုတ်သီး အခြောက်များကို ဆီပူမှာ ကျွတ်အောင်ကြော်ထားပါ။ ထမင်းဖြူ ပူပူ ငါးပြုတ်ထားတာရယ် အာလူး ,ခရမ်းချဉ်သီးကို ရောပြီး ကြက်သွန်ဖြူ ဆီကျက်နဲ့ လိမ့်ကာ စီးနေအောင်နယ်ပြီး လက်တဆုပ်စာ အလုံးလေးများ လုပ်ထားပါ။
ငါးအသားပြုတ် နဲနဲ နှင့် ခရမ်းချဉ်သီးအနှစ်ကို ဖြူးစားရန် အနယ်ငယ်ချန်ထားပါ။
စားဖို့ပြင်တဲ့အခါမှာ ထမင်းလုံးကို ပန်းကန်ပေါ်ပြားတင်ကာ ငါးအသားပြုတ် နဲနဲ နှင့် ခရမ်းချဉ်သီးအနှစ်ကို ဖြူး ငရုတ်သီးမုံ့ကြော်(သို့)ငရုတ်သီးထောင့်အခြောက်ကြော် (သို့) အချဉ်တည်ထားတဲ့ငရုတ်သီးအလုံးလိုက် စတာတွေရယ် ဂျူး မြစ်/ကြက်သွန်ဖြူအလွာစိမ်း/နံနံပင်/ ဆန်လုံးစီ ကြော် /ငါးမုံ့ကြော်တို့နဲ့တွဲစားပြီးကိုးကန့် လဖက်ခြောက်အခါးရည်နဲ့ …ဆို ရင်ဖြင့် အလွန်အရသာရှိသော ငါးထမင်းနယ်ရပြီပေါ့ရှင်….
မှတ်ချက်-ငါးကို အကောင်လိုက်ပြုတ်ပြီးမှ အသားနွှာလဲရပါတယ်။ ကျမက ဒီက အသားချည်းရောင်းတာကို ဝယ်သုံးပါတယ်။
Credit;Danuphyu Daw Saw Yee (London)
--------------------------------------
- (အရှေ့သို့) သမီးရည်းစားချင်း စကားများရာမှ ချစ်သူမိန်းကလေးကို ဓားဖြင့်ထိုးသတ်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု လှိုင်မြို့နယ်တွင်ဖြစ်ပွား Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဝက်နံရိုးကြံမဆိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'