ဝက်နံရိုးကြံမဆိုင်
ဝက်နံရိုး ကို ဟင်းအဖြစ်နဲ့ ချက်စားကြသလို အရည်သောက်စမ်း အဖြစ် ကြံမဆိုင်၊ ကုလားပဲ၊ ဗူးသီး တို့နဲ့ အမျိုးမျိုး ချက်သောက်ကြပါတယ်။ ဝက်နံရိုးလို အရိုးမျိုးကို အရည်သောက်အဖြစ် ချက်တဲ့အခါ မချက်တတ်ရင် ညှီပါတယ်။ အဲဒီ အညှီနံ့က သောက်တဲ့အခါ အလွန် ကသိကအောက်ဖြစ်စေပါတယ်ရှင်။ ကျမ ကအတော်ကို ဟင်းကို ကညာစစ်ကာ စား သောသူမို့ညှီနံ့အလွန် ကြောက်ပါတယ်။ ဝက်နံရိုးကို အနံ့ပျောက်အောင် တော်တော် လုံးပြီးမှ ချက်ပါက အနံ့ မရှိတော့တဲ့ အပြင် ပိုတောင်မွှေးပါတယ်နော်။ ကုလားပဲ၊ ဗူးသီးတို့ကို လဲ ကြံမဆိုင်အစားထိုး ပြီးဒီနည်းအတိုင်း ချက်နိုင်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
-ဝက်နံ ရိုး ၅၀၀ ဂရမ်
-ကြံမဆိုင် ၇၀၀ ဂရမ် ( sour musturb leaves )
-ငရုတ်သီးနီ ၁ တောင့်
-ကြက်သွန်နီ အသေး ၁လုံး
-ကြက်သွန်ဖြူ ၃မွှာ
-ကြာညို့(သို့) ပဲငံပြာရည် ၁ဇွန်း (စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း (အချိုဇွန်း)
-ဂျင်းထောင်းပြီးသား ၁ဇွန်း (အချိုဇွန်း)
-ကြက်သားမှုန့် ၂ဇွန်း(အချိုဇွန်း)
-ဆား ၁ဇွန်း(အချိုဇွန်း)
ဝက်နံ ရိုးများကို သန့်စင်ပြီး ဆား၊ ဂျင်း၊ ငရုတ်ကောင်း၊ ပဲငံပြာရည်တို့ဖြင့် နယ်ထားပါ။
ကြက်သွန်နီ ကို နုတ်နုတ် စင်းထားပြီး အဖြူကို ဓားပြားရိုက်ကာ ဓားနုတ်ပေါက်ထားပါ။ ဆီမ ထဲ့ပဲ လုံးပါမယ်နော်။
ဝက်သားဆိုတာတော့ ဘယ်နားဖြစ်ဖြစ် အဆီလေးတော့ ရှိတယ်။ သူဆီနဲ့ သူ့ပြန်လုံးလိုက်တာပေါ့။
ကြက်သွန်များကို ဝက်နံ ရိုးနဲ့ ကြာကြာလုံးတဲ့အခါ အိုးထဲက ဝက်နံ ရိုးလေးတွေ ဖြူလာပြီး မွှေးလာပါမယ်။ ကြာညို့၊ ငရုတ်ကောင်း၊ ဂျင်း၊ ကြက်သွန်ဖြူ တို့ရဲ့ အစွမ်းနဲ့ ဝက်ရိုး ညှီနံ့လေး က ဒီအချိန်မှာ ပျောက်ပြီး အမွှေနံ့ဖက်ပါသွားပါပြီ။ အဲဒီအချိန်မှာ ငရုတ်သီး နီလေးတွေ ပါးပါးလှီးထားတာကို ထဲ့ပေးလိုက်ပါ။ ဒီ အချိန်မှာ ကျမ အလွန်နှစ်သက်တဲ့ ငရုတ်သီး နံ့မွှေးမွှေးလေးပါ ရလာပါပြီ။ ဝက်ရိုး အနံ့သတ်ခြင်း ကိစ္စ ဒီနေရာမှာပြီးဆုံးပါတယ်ရှင်။
ရေကို အရိုးမြုပ်ထဲ့ပါမယ်။ အသားမှုန့်ထဲ့ပါမယ်။ ဝက်နံ ရိုး နူးပြီဆိုရင် ကြံမဆိုင် လှီးဖြတ်ထားတာလေးများကို ထဲ့ကာ ရေကို ၁ လီတာ ခန့်ထပ်ဖြည့်ပေးပါ။ တော်တော်လေးပွက်လာတဲ့ အခါ အရသာ အပေါ့အငံ မြည်းပြီး ပူပူလေးသုံးဆောင်နိုင်ပါပြီ။
( ကုလားပဲနဲ့ ချက်မယ်ဆိုရင် တည ရေစိမ်ထားပြီး တခါထဲ နံ ရိုးနဲ့ အတူလုံးချက်ပါတယ်ရှင်)
ref;Danuphyu Daw Saw Yee (London)
--------------------------------------
- (အရှေ့သို့) ငါးထမင်းနယ် Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS
- (အနောကျသို့) Pixels သို့မဟုတ် ပုံပြင်ထဲက ယုံတမ်း စကားတစ်ခု Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDS