လိင်ပြောင်းလဲမှု ပြုလုပ် ထားကြောင်း လူသိရှင်ကြား ကြေညာခဲ့တဲ့ ဗြိတိသျှ လေယာဉ်မှူးကြီး

အေသင်အောင်

ဗြိတိသျှ လေကြောင်းလိုင်းမှာ တာဝန် ထမ်းဆောင် နေတဲ့၊ အသက် (၆၂) နှစ်အရွယ်ရှိ လေယာဉ်မှူးကြီး ဟာ သူ့အနေနဲ့ လိင်ပြောင်းလဲမှု ပြုလုပ်ထားကြောင်း တရားဝင် အသိပေးမှုပြုလုပ်ခဲ့ ပါတယ်။ နှစ်ပေါင်း (၄၀) ကျော် လေယာဉ်မောင်းခြင်း အတွေ့အကြုံ ရှိထားတဲ့ ၀ါရင့် လေယာဉ်မှူး တစ်ဦး အနေနဲ့ လိင်ပြောင်းလဲမှု ပြုလုပ်ထားတာကို ရှက်ကြောက်ခြင်း မရှိဘဲ အသိပေးမှု ပြုလုပ်ခဲ့လို့ အံ့အား သင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဘာတန်ဟာ ယခင် ကတည်းက မိန်းမလျာ စိတ်ပေါက်နေသူ ဖြစ်ပါတယ်။ သူဟာ လိင်ပြောင်းလဲမှု ပြုလုပ်ဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပြီး နောက်ဆုံးမှာ အမျိုးသမီး ဘ၀ကို ကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာတန်ဟာ လိင်ပြောင်းလဲမှု ပြုလုပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ထင်မြင် ယူဆချက်တွေကို အင်တာနက် မှတစ်ဆင့် တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ဘာတန်အပေါ် ဝေဖန်ခဲ့တဲ့ မှတ်ချက်ပေါင်းက (၁၀၀၀၀) ကျော် အထိရှိခဲ့ပါတယ်။ အများစု ကတော့ ဘာတန်ရဲ့ သတိ္တရှိမှု အပေါ် ချီးကျူး ခဲ့ကြပါတယ်။ ဒီလို မှတ်ချက်ပြုရာမှာ လုပ်ဖော်ကိုင်ဖက် အများအပြား ပါဝင်ခဲ့ပါ တယ်။ ဘာတန်ဟာ လိင်ပြောင်းလဲမှု ပြုလုပ် ပြီးနောက်ပိုင်းမှာ သူ့ရဲ့ အမည်ကိုလည်း ကက်သရင်းဘာတန်လို့ ပြောင်း လဲမှု ပြုလုပ်ဲ့ပါတယ်။ ဘာတန်ဟာ ဘ၀သစ်ကို စတင်ရမှာ ဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်။ ဗြိတိသျှ လေကြောင်း လိုင်း ကလည်း ဘာတန်ရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး ထောက်ခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘာတန် အနေနဲ့ လိင်ပြောင်းလဲမှုပြု လုပ်ခဲ့ပေမယ့် လုပ်ငန်းခွင်ကို ပြန်လည် ၀င်ရောက်ရာမှာ ဘာပြဿနာမှ ရှိနေမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဗြိတိန်မှာ ထင်ရှားတဲ့ ပုဂ်္ဂိုလ်တွေဟာ လိင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး လူထုကြားကို တရားဝင် အသိပေးမှုတွေ ပြုလုပ်နေ ကြပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း နာမည်ကြီး လက်ဝှေ့ပွဲသွင်းသူ ဖရန့်မာ လိုနီဟာ အသက် (၄၂)နှစ် အရွယ်မှာ လိင်ပြောင်းလဲမှု ပြုလုပ်ပြီး သူ့ကိုယ်သူ ကေလီလို့ အမည် ပြောင်းလဲခဲ့ပါတယ်။ ဘာတန်ဟာ မာလိုနီ ရဲ့လိင်ပြောင်းလဲမှု ပြုလုပ်ပြီး ကြေညာခဲ့မှုဟာ များစွာ ရိုက်ခတ်မှုရှိခဲ့ပြီး ခွန်အားသတ်္တိတွေ ဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...