အနုပညာအလုပ်ကို လုပ်ချင်စိတ် ရှိနေသရွေ့ ဆုံးခန်းတိုင်အောင် လုပ်ဆောင်သွားမယ့် သင်ဇာဝင့်ကျော်
သင်ဇာဝင့်ကျော်က ‘ပြန်မချစ်ရင် ဆန္ဒဖော်ထုတ်မည်’ ဇာတ်ကားကို တက်နေနဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ သင်ဇာဝင့်ကျော်က တက်နေနဲ့ ဟန်ဆောင် လင်မယားအဖြစ် သရုပ်ဆောင်ထား ပါတယ်။ ဇာတ်ကား တစ်ကားကို ရိုက်ဖို့ရွေးချယ်တဲ့ အခါမှာ ဇာတ်ရဲ့သဘောကို သေချာလေးကြည့်ပြီးမှ ရွေးချယ် ရိုက်ကူးဖြစ်တယ်လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။ “သင်ဇာက ဇာတ်ရွေးပြီဆိုရင် သေချာလေး ကြည့်ပြီး ရွေးဖြစ်တယ်။ ဥပမာ- အပြိုင် ပါလား၊ ကိုယ်နဲ့တွဲပြီး ရိုက်ရမယ့် သရုပ်ဆောင်က Roll က ဘယ်လောက်ရှိလဲ၊ ဒါတွေကြည့်တယ်။ တော်ရုံတန်ရုံ ဆိုရင်တော့ ရိုက်ပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသစ်တွေလည်း လက်တွဲခေါ် ချင်တဲ့အခါကျတော့ ရိုက်ပေးဖြစ် ပါတယ်။ ဒါပေမဲ့ တအားကိုလုပ်ကွက် မမျှတဲ့အခါမျိုး၊ တစ်ဖက်စောင်းနင်း ဖြစ်တဲ့ အခါမျိုးတွေဆိုရင်တော့ ငြင်းလိုက် တာများတယ်။ ဒါပေမဲ့ ကိုယ့်ဆီကို အဲဒီလို မျိုးဇာတ် တွေလာတာ ရှားပါတယ်” လို့ သင်ဇာဝင့်ကျော်က ပြောပါ တယ်။ ဘယ်အရာကိုမှ အချိန်ကန့်သတ်ပြီး လုပ်တာမျိုး မဟုတ်ဘဲနဲ့ ကိုယ်တကယ်စိတ်ပါပြီး ကိုယ် လုပ်တဲ့ အလုပ် အပေါ်မှာအကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစား ပြီးလုပ်ဖြစ် တယ်လို့ ပြောလာတဲ့ သင်ဇာဝင့်ကျော်က..
“သင်ဇာက အချိန်ကန့်သတ်ပြီး ကြိုးစားတာမျိုးမရှိဘူး။ ဒီနေ့ရိုက် နေ ပေမယ့်လည်း နောက်နေ့ရိုက်ချင်စိတ် မရှိရင် ရိုက်တော့မှာမဟုတ်ဘူး။ ရိုက်ချင်စိတ်ရှိနေသရွေ့၊ ကိုယ်ဒီအလုပ်ကို လုပ်ချင်စိတ်ရှိနေသရွေ့ ဆုံးခန်းတိုင်ထိ လုပ်သွားမယ်။ တကယ်လို့ မလုပ်ချင်တော့ဘူးဆိုရင် တော့ နောက်ထပ်လည်း ဆက်ပြီးမလုပ်တော့ဘူး။ တောက် လျှောက် နားပစ် လိုက်မယ်။ အချိန်အတိုင်း အတာဆိုတာမျိုးတော့ မကန့်သတ်ထားဘူး။ မလုပ်ဘူးဆိုလည်း မလုပ်ဘူး။ လုပ်ပြီဆိုရင်လည်း အလုပ်တစ် ခုကို အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ လုပ် ဖြစ်တယ်” လို့ ပြောပါတယ်။ ဇာတ်ကားတွေရိုက်ကူး ရင်းနဲ့ တစ်ဖက်မှာလည်း အဆိုပိုင်း ပို သင်ယူ လေ့ကျင့်ဖြစ်နေတဲ့ အပေါ် သင်ဇာဝင့် ကျော်က “လောလောဆယ်တော့ သင်ဇာက အဆိုသင်နေတယ်။ အဖွဲ့ခွေတစ်ခွေမှာ ဝင် ဆိုမယ်။
သီချင်းခွေထုတ်ဖို့ ကတော့ လိုပါသေးတယ်။ ဒါက ကိုယ်ဝါသနာပါတဲ့ နောက်ထပ်အနု ပညာတစ် ခုနဲ့ပတ်သက်တဲ့ အလုပ် တစ်ခုကိုခြေလှမ်း ချဖို့ပြင်ဆင်နေတဲ့ အပိုင်းလို့ ပြောလို့ရတယ်။ ဘာမှ ကိုယ်မသိသေးတဲ့ အစိမ်း သက်သက် ကြီးဆိုရင်တော့ ခက်ခဲမှုရှိလိမ့် မယ်။အဲဒီအတွက်ကြောင့်မို့ မခက်ခဲအောင် ကိုယ့်ဘက်က အားလုံးအ ဆင် သင့်ဖြစ်အောင်၊ ကိုယ့်ဘက်က ပညာရည်ပြည့်ဝအောင် အရင်ဦးဆုံး သင်ထားတယ်။ ဆိုနိုင်ပြီဆိုမှ ဆိုဖို့ ကိုလုပ်သွားမယ်။ အခုတော့ သင်ယူ နေတဲ့အချိန်ပဲရှိတယ်။ ကိုယ့်ဘက်က တော့ အစွမ်းကုန် ကြိုးစားမယ်။မဖြစ်နိုင် ဘဲနဲ့မဖြစ်နိုင်တဲ့အရာတစ်ခုကို အတင်းအကျပ်ကြီးမလုပ်ဘူး။ ဒါပေမဲ့လည်း ဖြစ်နိုင် တယ်ထင်လို့၊ ကိုယ့်ဘက်က လုပ်ကြည့်တာပေါ့။ အဲဒါ ကြောင့် ကိုယ်ကြိုးစား သလောက်လည်း ပရိသတ်ရဲ့ အားပေး မှုရမယ်လို့ထင်ပါတယ်။ ဘာပဲဖြစ် ဖြစ် သင်ဇာသီချင်းဆိုဖြစ်ခဲ့ရင် အားပေးကြပါဦး” လို့ ပြောပြခဲ့ပါတယ်။
လွင်လွင်ထွန်း

Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook