စိတ်ယဉ်ကျေးမှု ဖြစ်တည်ရာ ပြတိုက်များနှင့် နိုင်ငံသားတာဝန်

ပြတိုက်ဆိုတာ အတိတ်နဲ့ ပစ္စုပ္ပန်ကို ဆက်စပ်ပေးရာ နေရာဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ဖွံ့ဖြိုးစေတဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။ ၁၇ရာစုမှ ၁၉ရာစုနှစ်များ အထိ ပြတိုက် ဆိုတဲ့ ဝေါဟာရဟာ သာမန်ရှေးဟောင်း ပစ္စည်းများသာ စုဆောင်း ထားရာကနေ ၂ဝရာစုနှစ်မှာတော့ ယဉ်ကျေးမှုအမွေ အနှစ်များထားရှိရာ ဂန္ထဝင်ပြတိုက်လို့ အမည်နာမ တွင်အောင် အဓိပ္ပာယ်ကျယ် ပြန့်စွာ တည်ရှိ လာခဲ့ပါတယ်။၁၉၄၁ခုနှစ် မတိုင်ခင်က ပြတိုက်များမှာ ဝါသနာရှင်များ၊ အပျော်တမ်း လုပ်အားပေးကြသူများ နဲ့ အခြား အချိန်ပိုင်း အမှုထမ်းများကနေ တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီးနောက် ပိုင်းမှာတော့ ရှေးဟောင်းသုတေသန အဖွဲ့များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်း ကျင်သူများက ပါဝင် ဦးဆောင်လာကြပါတယ်။

ကမ္ဘာ့နိုင်ငံအားလုံးမှာ မိမိနိုင်ငံနဲ့ လူမျိုးတို့ရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုအလိုက် ခေတ်အဆက်ဆက်က တည်ရှိခဲ့တဲ့ ပစ္စည်းများကို တန်ဖိုးထားထိန်းသိမ်း ကြလေ့ရှိကြပါ တယ်။ ပြတိုက်ဆိုရာမှာ သမိုင်းပြတိုက်၊ သိပ္ပံပြတိုက်၊ အနုပညာပြတိုက်၊ အမျိုးသားပြတိုက်၊ သဘာဝသမိုင်းပြတိုက်နဲ့ လူမျိုးစုပြတိုက် ဆိုပြီးရှိပါတယ်။ သမိုင်းပြတိုက် များ မှာ မိမိနိုင်ငံနဲ့လူမျိုးတို့ရဲ့သမိုင်းအမွေ လက်ဆင့်ကမ်း ပုံရိပ်များ ထင်ဟပ်နေသလို ဇာတိမာန် စိတ်ဓာတ်များ လည်းနိုးကြား ရှင်သန်စေတဲ့ နေရာဖြစ်ပါတယ်။ သိပ္ပံပြတိုက်ဆိုရာမှာ ခေတ်အဆက်ဆက် တီထွင်ဆန်းသစ်မှု များကို ခင်းကျင်းပြသထားတာမို့ ကြည့်ရှုသူတိုင်း အနေနဲ့ကိုယ်ပိုင်တီထွင်ကြံဆလို စိတ်များသန္ဓေ တည်မွေး ဖွားစေပါတယ်။ အနုပညာပြ တိုက်ဆိုရာမှာ ခေတ်အလိုက်ဖန်တီးခဲ့ကြ တဲ့ အနုပညာပစ္စည်းများ ခင်းကျင်းပြသ ထားတာမို့ကြည့်ရှုသူများကို ကြည်နူးဝမ်းသာ စိတ်များဖြစ်စေပါတယ်။ သဘာဝ သမိုင်းပြတိုက်ဆိုရာမှာ ခေတ် အဆက်ဆက် လူနေမှုဘဝနဲ့ လူ့အဖွဲ့အစည်းအကြောင်း ခင်းကျင်းပြသထားတာမို့ လူမှုဝန်းကျင် လောကအသိ အမြင်များ တိုးပွား လို စိတ် များလူတိုင်းစိတ်မှာရှင်သန် မွေးဖွားဖြစ် တည်စေပါတယ်။ လူမျိုးစုပြတိုက်ဆိုရာ မှာ မိမိနိုင်ငံနောက်ခံသမိုင်းနဲ့ တိုင်းရင်း သား လူမျိုးစုံရဲ့ လူမှုဘဝသရုပ်သဏ္ဌာန် များ သိမြင်ရတာမို့ လူသားတန်ဖိုး၊ သမိုင်း တန်ဖိုးထားတတ်စိတ်များ ကြည့်ရှုသူရင် တိုင်းမှာမွေးဖွားဖြစ်တည်ရှိစေပါတယ်။ အမျိုးသားပြတိုက်ဆိုရာမှာ နိုင်ငံတစ်ခု ချင်းစီရဲ့ သမိုင်း၊ယဉ်ကျေးမှုနဲ့ အနုပညာ ရပ်များကို တန်ဖိုးထားထိန်းသိမ်းထားရာ နေရာ ဖြစ်တာမို့ နိုင်ငံနဲ့ လူမျိုးချစ်တတ် စိတ်၊မိမိယဉ်ကျေးမှုအပေါ်တန်ဖိုးထား တတ်စိတ်အပြင် မိမိလူမျိုးတို့ရဲ့ အနုပညာ အမွေအနှစ် များကိုလည်း ချစ်မြတ်နိုးခုံမင် လိုစိတ်များ ခေတ်အဆက်ဆက်တိုင်းပင် မျိုးဆက်သစ်တွေကို ကမ်းလက်ဆင့်ရာ နေရာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပထမဆုံးပြတိုက်ဟာ ဖယ်ရာပြတိုက်ဖြစ်ပြီး အခုရန်ကုန်ပြည်သူ့ဆေးရုံကြီးတည်နေရာမှာဖွင့် လှစ်ခဲ့တာပါ။ ၁၈၇၁ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၈၉၄-၉၅ ခုနှစ်မှာ ဒေသဆိုင်ရာပြတိုက် အဖြစ်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ၁၉ဝ၅ခုနှစ်မှာ ဖယ်ရာပြတိုက်ဟောင်း ကို ဖြိုဖျက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး တည်ဆောက် ခဲ့ကာ အတွင်းဝန်ရုံးကြီးမှ အခန်းတစ်ခန်းဆီပြောင်းရွှေ့ခဲ့ပါတယ်။ ၁၉၂၄ခုနှစ်မှာ ဖယ်ရာပြတိုက်တွင်း ထားရှိတဲ့ ပစ္စည်းများကို ကတ်ကလောက် စာအုပ်အဖြစ် ရိုက်နှိပ် ထုတ်ဝေ ခဲ့ပါတယ်။

၁၉ဝ၁ ခုနှစ်၊ ဒီဇင်ဘာလမှာ အိန္ဒိယဘုရင်ခံချုပ်လော့ကာတင်ဟာ မြန်မာနိုင်ငံဆီရောက်ရှိလာပြီး ပုဂံ၊ မန္တ လေး ရှေးဟောင်းမြို့တော်များကို လှည့် လည်ကြည့် ရှုခဲ့ ရာ မြန်မာတို့ရဲ့ ရှေးဟောင်းလက်ရာများထိန်းသိမ်းလိုချင်တဲ့ စိတ်ဆန္ဒဖြစ်မိကာ နန်း တော်အဆောက် အအုံများနဲ့ မိဖုရားကျောင်းဆောင်များ စနစ်တကျ ထိန်းသိမ်းရေး အ ပါ အဝင်ပုဂံမြို့အာနန္ဒာဘုရားအနီးတွင် ပြတိုက် တည်ဆောက်ဖို့မှာကြားချက်ပြုခဲ့ပါတယ်။ ၁၉ဝ၅ ခုနှစ် ဇန်နဝါရီ ၂ဝရက်နေ့မှာ မန္တလေးနန်းတွင်းပြတိုက်ကို ဖွင့်လှစ် ခဲ့ပြီး ၁၉၁၃ခုနှစ်မှာ ရှေးဟောင်းယဉ် ကျေးမှုပစ္စည်းပြပွဲ ပြုလုပ်ခဲ့ပြီး ၁၉၃၆ ခု နှစ်မှာ မင်းခမ်းမင်းနား ရှေးဟောင်း ပစ္စည်းများ ခင်းကျင်းပြသခဲ့ပါတယ်။ ၁၉၃၇ခုနှစ်မှာ နန်း တွင်းမျှော်စင်အနီးမှာ ပြတိုက်အဆောက်အအုံအသစ် ဆောက်လုပ်ခဲ့ပြီး ကမ္ပည်းကျောက်စာဌာန ရဲ့အနယ်နယ် အရပ်ရပ်မှစုဆောင်း ရရှိ သမျှပစ္စည်းများနဲ့ထီးနန်း အသုံး အဆောင်း ပစ္စည်းများခင်းကျင်းပြသခဲ့ကြပါတယ်။

၁၉ဝ၃ ခုနှစ်မှာ အာနန္ဒာဘုရားအနီးမှ မြေကွက်လပ်တွင် ပုဂံပြတိုက်ကို ဆောက်လုပ်ခဲ့ပြီး၊ ပုဂံမြို့အနီးတစ်ဝိုက်မှ စုဆောင်းရရှိခဲ့တဲ့ကျောက် စာ ၅၇ ချပ်နဲ့ ရှေးဟောင်း ပစ္စည်းအမျိုးအမည်ပေါင်း ၁၁ဝ၉ကို ခင်းကျင်း ပြသခဲ့ပါတယ်။ အဆိုပါ ခင်းကျင်းပြသတဲ့ ပစ္စည်းများတွင် ရွှံ့စေးဖြင့်ပြုလုပ်ထားတဲ့ ပစ္စည်း ၉ဝဝကျော်၊ ကျောက်သား ဖြင့်ပြု လုပ် ထားတဲ့ ပစ္စည်း ၇၄ မျိုး၊ သစ်သားဖြင့် ပြုလုပ်ထားတဲ့ ပစ္စည်း ၂၅မျိုး နဲ့ စဉ့်ရည်သုတ် ပစ္စည်း ၇၈မျိုးခန့်ပါရှိရာ အေဒီ ၁၂ရာစု- ၁၅ရာစုအတွင်း က ရှေးဟောင်း အမွေ အနှစ်ပစ္စည်းများဖြစ်တာမို့ မြန်မာနိုင်ငံအတွက် သမိုင်းတန်ဖိုး မြှင့်တင်ပေးတဲ့ ပြတိုက်လည်းဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ယဉ်ကျေးမှု ဓလေ့ပေါင်းစုံ ထုံးမွှမ်းထားရာ နောက်ခံ သမိုင်းရာဇဝင်များ တည်ရှိခဲ့ရာ နေရာ လည်းဖြစ် တာမို့ ပျူ၊ မွန်၊ဓညဝတီ၊ တကောင်း၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး၊ ဟံသာဝတီ၊အင်းဝ၊ ပုဂံ၊ကုန်းဘောင်စတဲ့ခေတ်ကာလ ယဉ်ကျေးမှု အသီးသီးဖြစ်တည်ရှိခဲ့သလို တန်ဖိုး မဖြတ်နိုင်တဲ့ လူမျိုးစုဆိုင်ရာ ဒေသန္တရ ဆိုင်ရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း များ ဖွံ့ဖြိုးခဲ့ရာနိုင်ငံ တစ်နိုင်ငံဖြစ်လို့ မျိုးဆက်လက်ကမ်းရ မယ့်မွေးရာပါ နိုင်ငံသားတို့ တာဝန်ရှိနေပါတယ်။ အဲဒီလိုအသိစိတ်တွေကို မွေးဖွားပေးနိုင်တာကတော့ ပြတိုက်များပဲဖြစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့အနာဂတ်ပုံ ရိပ်ကောင်းကို မွေးဖွားပေးဖို့ ဆိုရင် အတိတ်နဲ့ပစ္စုပ္ပန် ချိတ်ဆက်ပေးပြီး အမျိုးသားရေးအသိ စိတ်ဓာတ်၊ဇာတိမာန်စိတ်ဓာတ်တွေ စိတ် နှလုံးသား ထဲမှာ သန္ဓေတည် ကိန်းအောင်း ရှင် သန်နိုးကြားစေ တာက ပြတိုက်များ ကပေးစွမ်းတဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု စွမ်းအားတစ်ရပ်ပင် ဖြစ်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ်လူငယ်လူရွယ်တိုင်းဟာ အခွင့်အခါသင့် တိုင်းပြ တိုက်များဆီ အရောက်သွားကြပြီးနိုင်ငံချစ်စိတ်၊ လူ မျိုးချစ်စိတ်ယဉ်ကျေးမှုချစ်စိတ်နဲ့ သမိုင်း တာဝန်သိစိတ် များထား တတ်အောင် လေ့ ကျင့်သင်ကြားကြေ စပြီး နိုင်ငံ သားတာဝန်ကျေပွန်သင့်ပါကြောင်း ဆန္ဒပြု လိုက်ရ ပါတော့တယ်။ 


လင်းထိပ်သျှင်
စာကိုး – မြန်မာနိုင်ငံပြတိုက်လမ်းညွှန်(ဦးမင်းနိုင်)
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...