ဇာတ်ကားသစ်တွင် ဇာတ်ဝင်သီချင်းကို ကိုယ်တိုင် သီဆိုရန် စဉ်းစားနေသည့် ဂျက်ကီချန်း

ရုပ်ရှင် သရုပ်ဆောင် လောကတွင် အက်ရှင်မင်းသား ကြီးတစ်ဦးအဖြစ် ကျော်ကြားလျက်ရှိသူ ဂျက်ကီချန်းက သရုပ်ဆောင်ပိုင်းတွင် သာမကဘဲ ဂီတပညာရပ် တွင်လည်း စိတ်ပါဝင်စားသည့် အတွက် လာမည့် ၂ဝ၁၅ တွင် ထွက်ရှိလာမည့် ၎င်း၏ Dragon Blade ဇာတ်ကားသစ်၏ ဇာတ်ဝင်သီချင်းကို ကိုယ်တိုင် သီဆို သွားရန် စဉ်းစားထားကြောင်း သိရသည်။

မကြာမီက ရိုမေးနီးယား၌ ကျင်းပခဲ့သည့် တရုတ် ရုပ်ရှင်ပွဲတော်တွင် အဆိုပါ ဇာတ်ကားသစ်၏ ဇာတ်ဝင်သီချင်းမှာ ရေးစပ်ပြီးဖြစ်ကြောင်း၊ အသံသွင်းရန် အသင့်အနေအထား၌ ရှိနေကြောင်း၊ ''ဒီသီချင်းကို ဆိုသင့်၊ မဆိုသင့် စဉ်းစားနေဆဲပါ၊ ပရိသတ်ကြီးကို အံ့အားသင့်သွား စေချင်ပါတယ်'' ဟု ဂျက်ကီချန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၂ သန်းကျော်အကုန် အကျခံ ရိုက်ကူးထားသည့် Dragon Blade သမိုင်း မှတ်တမ်း ဇာတ်ကားကို လာမည့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် IMAX 3D ရုပ်ရှင်ရုံများ၌ စတင်ပြသ သွားမည်ဖြစ် ကြောင်း သိရသည်။


မျိုးစန္ဒာမောင်
The Mirror Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...