ချစ်သူကို ချစ်လွန်းလို့ အုတ်ဂူက အလောင်းကို အိမ်ပြန်သယ်သတဲ့
လက်ရှိ နိုင်ငံတကာ လူမူ ကွန်ရက်မှာ နာမည်ကြီးနေ တဲ့ သတင်း ဓာတ်ပုံ တစ်ခု ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ လူငယ် တစ်ဦးဟာ အုတ်ဂူထဲက သူ့ရဲ့ ချစ်သူ အမျိုးသမီး အလောင်းကို ပြန်တူးဖော်လို့ အိမ်ပြန် သယ်တယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။
ပုံထဲက ကာယကံရှင် မဟုတ်ပဲ သူ့သူငယ်ချင်းက ဝဘ်ဆိုဒ်ပေါ် တင်ခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှု သိန်းပေါင်း များစွာ ရှိစေခဲ့ ပါတယ်။ ဓာတ်ပုံရဲ့ caption မှာလည်း သေဆုံး သွားတဲ့ ချစ်သူကို လက်လွတ်မခံပဲ အုတ်ဂူ ကနေ လူမသိသူမသိ ပြန်တူးဖော်လို့ အိမ်ပြန်သယ်တယ်လို့ ရေးထားပါတယ်။ ဒီအတွက် စစ်ဆေးမှုများကို ပြုလုပ်နေ ပါပြီ။ လူအချို့ရဲ့ ခန့ှ်မှန်းချက် အရ ကတော့ ဒါဟာ အစစ် မဟုတ်ပဲ တမင် စနောက်လို့ တင်ထားတဲ့ ပုံ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ အိပ်ပျော်နေတဲ့ အမျိုးသမီးနဲ့ အတူ ရိုက်ထားတဲ့ ပုံသက်သက် ဖြစ်ကြောင်းလည်း အချို့က ဆိုကြ ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အနောက်က အမျိုးသမီးရဲ့ ရုပ်ရည် သွင်ပြင်ဟာ အသေကောင် နဲ့ တူနေတာ ကတော့ အမှန် ပါပဲ။ Metro မှာ ယခင် သတင်းကို ယခုလို ဖော်ပြ ထားပါတယ်။ http://metro.co.uk/2014/09/19/did-a-man-actually-steal-the-corpse-of-his-dead-girlfriend-4875377/
အောင်ခမ်း (ရိုးရာလေး)

- (အရှေ့သို့) FHM မဂ္ဂဇင်းက ရွေးလိုက်တဲ့ sexy အဖြစ်ဆုံး ထိုင်းသရုပ်ဆောင် မော်ဒယ် ၁၀ ဦး Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) iOS 8 အားနည်းချက် ပြင်ဆင်ထားသည့် update ကို လာမည့် ရက်အနည်းငယ်တွင် ဖြန့်ချိမည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း