iOS 8 အားနည်းချက် ပြင်ဆင်ထားသည့် update ကို လာမည့် ရက်အနည်းငယ်တွင် ဖြန့်ချိမည်

iOS 8.0.1 update ပြင်ဆင်မှုအား အချိန်နှင့်အမျှ လုပ်ဆောင် နေကြောင်းနှင့် ပြင်ဆင်ထားသည့် update ကို လာမည့် ရက်အနည်းငယ် အတွင်း ဖြန့်ချိပေးမည် ဖြစ်ကြောင်း Apple မှ ပြောကြား လိုက်သည်။

ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာခဲ့သည့် iOS 8.0.1 update ကို ရယူ သုံးစွဲသူများသည် ဖုန်းလိုင်းမမိခြင်းနှင့် Touch ID အသုံးပြု၍ မရခြင်းစသည့် ချွတ်ယွင်းချက် များနှင့် တွေ့ကြုံခဲ့ရသည်။ အဆိုပါ iOS 8.0.1 update တွင် အားနည်းချက်များကို ပြင်ဆင် ထားသည်ဟု ဖော်ပြခဲ့သော်လည်း update ပြုလုပ်သူများ ချွတ်ယွင်းချက် အချို့နှင့် တွေ့ကြုံခဲ့သော အစီရင်ခံစာ များကြောင့် အဆိုပါ update ကို distributed server များမှ Apple က အလျင်အမြန် ဖယ်ရှား ခဲ့ရသည်။

ထို့အပြင် iOS 8.0.1 ကို update ပြုလုပ်သူများ အနေဖြင့် iOS 8.0 သို့ downgrade ပြုလုပ်နိုင်ရန်အတွက် downgrade ပြုလုပ်နည်းကို http://support.apple.com/kb/HT6487 တွင် Apple က အကြမ်းဖျင်း ဖော်ပြ ထားသည်။

အဆိုပါ ဖြစ်ရပ်အတွက် Apple ကုမ္ပဏီမှ တောင်းပန် ပြောကြားမှု ပြုလုပ်ခဲ့ပြီး ချွတ်ယွင်းချက်များ ပြင်ဆင်ထား သည့် iOS 8.0.2 ကို ရက်အနည်းငယ်အတွင်း ဖြန့်ချိသွားမည်ဟု ဆိုခဲ့သည်။

ရက်အနည်းငယ်အတွင်း ဖြန့်ချိမည့် iOS 8.0.2 တွင် အထက်ပါ အားနည်းချက်များအပြင် Health app အလုပ် မလုပ်သည့် အားနည်းချက်ကိုလည်း ပြင်ဆင်ပေးထားမည်ဟု Apple မှ ပြောကြားခဲ့သည်။ 


Ref: TheVerge
Internet Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...