စိုးရိမ်မှုနှင့် အိပ်မပျော်ခြင်းတို့ကို ကုသရာတွင် သုံးသော ဆေးဝါးများနှင့် အယ်လ်ဇိုင်းမား ရောဂါကြား ဆက်နွှယ်မှုရှိ
![]() |
ယင်းဆေးဝါးကို အထူးသဖြင့် ရေရှည် အသုံးပြုသူ များနှင့် အယ်လ်ဇိုင်းမားရောဂါ အန္တရာယ်ပိုများ ခြင်းကြား အခိုင်အမာ ဆက်စပ်မှုရှိကြောင်း တွေ့ရှိရ သည်ဟု အွန်လိုင်းဂျာနယ် The BJM တွင် ဖော်ပြ ထားသည်။
ယင်းဆေးဝါးကို သုံးလ (သို့မဟုတ်) ယင်းထက်ပို၍ သုံးစွဲသူများနှင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်သည့် အန္တရာယ် ပိုများလာခြင်းကြား အခိုင်အမာဆက်စပ်မှုရှိကြောင်း ပြင်သစ်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ သုတေသီ များက လေ့လာတွေ့ရှိခဲ့သည်။
လက်ရှိ ကမ္ဘာပေါ်တွင် လူပေါင်း ၃၆ သန်းကျော်သည် အယ်လ်ဇိုင်းမားရောဂါ၏ ပြဿနာများကို ဖြေရှင်းနေကြရသည်။ ယင်းအရေအတွက်မှာ ၂၀၅၀ ပြည့်နှစ်တွင် သုံးဆပိုများလာမည်ဟု ကျွမ်းကျင်သူများက မျှော်လင့်ထားသည်။
ဘန်ဇိုဒီယာဇီဖိန်း (benzodiazepines) ဆေးဝါးမှာ စိုးရိမ်ပူပန်မှု ဒဏ်ခံနေရသူများနှင့် အိပ်မပျော်နိုင်ဖြစ်နေ သူများကို ကုသပေးရာတွင် အငြင်းပွားစရာမရှိလောက်အောင် အကျိုးအာနိသင်ကောင်းသော ဆေးဝါးဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားသော်လည်း ယင်းဆေးဝါးကို ကာလတိုသာ သုံးစွဲရန် ညွှန်ကြားထားပြီး သုံးလထက် ပို၍ မသုံးသင့်ကြောင်း ညွှန်ကြားထားသည်။
သို့သော် ယင်းဆေးဝါးကို သုံးလထက်ပို၍ အသုံးပြုသူများမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုများပြီး အသက်အရွယ် ကြီးရင့်သူများအတွက် သင့်လျော်မှုမရှိဘဲ မလိုလားအပ်သော အသိဉာဏ် ဆုံးရှုံးမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့် ဆက်နွှယ်နေကြောင်း သိရသည်။
—Ref: UPI
7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) အရုပ်တွေကို သွေးသားရင်းပမာ ပြုစုစောင့်ရှောက်တဲ့ အမျိုးသမီး Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) သဘာဝနည်းဖြင့် အဆီချနည်း Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'