အရုပ်တွေကို သွေးသားရင်းပမာ ပြုစုစောင့်ရှောက်တဲ့ အမျိုးသမီး
အေသင်အောင်
အမေရိကန် ပြည်ထောင်စု နယူးယော့ခ် စီးတီးမှာ နေထိုင်တဲ့ အသက် (၃၆)နှစ် အရွယ်ရှိ မာရီလင်းဟာ အရုပ်တွေကို သွေးသားရင်း ပမာပြုစု စောင့်ရှောက်လေ့ ရှိတယ်လို့ သိရပါတယ်။ မာရီလင်းမှာ အရုပ်ပေါင်း (၃၀၀) ခန့်ရှိပြီး အချို့အရုပ်တွေကို ဖန်တီး ပြုလုပ်ရာမှာ မိသားစုဝင်တွေရဲ့ ဆံပင်ကို အသုံးပြုလေ့ရှိ ပါတယ်။ မာရီလင်းဟာ အရုပ်တွေ ဖန်တီးထုတ်လုပ်ရောင်းချသူ ဖြစ်ပေမယ့် အရုပ်တွေ အပေါ်ထားရှိတဲ့ မေတ္တာတရား က ကြီးမားလွန်းပါ တယ်။ နေအိမ် အနှံမှာ အရုပ်တွေကို စနစ်တကျထားလေ့ ရှိပြီး အရုပ်တိုင်းကို သွေးသားရင်း ပမာပြုစု စောင့်ရှောက်ထား ပါတယ်။ အရုပ်တွေ အတွက် ခုတင်ထားရှိ ပေးခြင်း၊ ကလေးငယ်တစ်ဦး ပမာ စောင့်ရှောက်ပေးခြင်း တို့ကို ပြုလုပ်နေပေမယ့် မာရီလင်းကို မိသားစုဝင်တွေက အပြစ်မမြင်ပဲ ၀ိုင်းဝန်း ကူညီပေး ကြပါတယ်။ မာရီလင်းဟာ ငယ်စဉ် ကတည်းက အရုပ်တွေကို ချစ်မြတ်နိုးခဲ့တာ ဖြစ်ပါတယ်။ အသက် နှစ်နှစ် အရွယ် ကတည်းက အရုပ်တွေနဲ့ နေထိုင်ခဲ့တဲ့ မာရီလင်းဟာ အရုပ်တွေကို ကလေးငယ်တွေလို သဘောထားပြီး ဆော့ကစားခဲ့ ပါတယ်။ မာရီလင်းဟာ သူ့အကြိုက်ဆုံး အရုပ်တွေကို သားငယ်ဖြစ်သူ ဆံပင်တွေနဲ့ ဖန်တီးလေ့ ရှိပါတယ်။ မာရီလင်းမှာ အသက် (၁၀)နှစ် အရွယ် သားတစ်ဦးနဲ့ အသက်(၁၅)နှစ်အရွယ် သမီးတစ်ဦးရှိပါတယ်။ မာရီလင်းရဲ့ခင်ပွန်းဖြစ်သူ အသက် (၄၀) နှစ်အရွယ် အိုမွန်ကလည်း မိမိသည် အရုပ်များနှင့် ရင်းနှီး ကျွမ်းဝင်နေပြီ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူ၏ ၀ါသနာကို ကူညီပေးလေ့ ရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) Face Painting... Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) စိုးရိမ်မှုနှင့် အိပ်မပျော်ခြင်းတို့ကို ကုသရာတွင် သုံးသော ဆေးဝါးများနှင့် အယ်လ်ဇိုင်းမား ရောဂါကြား ဆက်နွှယ်မှုရှိ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း