၂၀၅၀ အမှီ အာကာသသွား ဓါတ်လှေကား အပြီးတည်ဆောက်မည်
ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော အိုဘာယာရှီ ကော်ပိုရေးရှင်းက ကာဗွန် နာနိုပြွန်များကို အသုံးပြုကာ ကီလိုမီတာပေါင်း ၉၆၀၀၀ မြင့်သော အာကာသသွား ဓါတ်လှေကား တစ်ခုကို ၂၀၅၀ အမှီ အပြီး တည်ဆောက်ကာ အာကာသသွား ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ ဆောင်ရေး လုပ်ငန်းကို ဈေးနှူန်း ချိုသာစွာဖြင့် ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
ကီလိုမီတာ ၉၆၀၀ ခန့် မြင့်မားသော အာကာသသွား ဓါတ်လှေကား တစ်စီးကို တည်ဆောက်ရန်မှာ မဖြစ်နိုင်ဟု ထင်ရသော်လည်း ၂၀၁၂ ခုနှစ်က နိုင်ငံတကာ ပညာရှင်များ ပါဝင်သော လေ့လာမှုအရ အလွန်ခိုင်ခန့် သော ကာဗွန် နာနိုပြွန်များကို အသုံးပြုလျင် ဤဓါတ်လှေကားမျိုးကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း အတည်ပြု ခဲ့ကြသည်။ နာနို ကာဗွန်ပြွန်များသည် သံမဏိကြိုးထက် အဆပေါင်း ရာပေါင်းများစွာ ပို၍ခိုင်ခံ့ကြောင်း သိရသည်။
သို့ သော် ယင်းကာဗွန်နာနိုပြွန်များကို ထိုမျှရှည်လျားအောင် ပြုလုပ်ရန်မှာ အကြီးဆုံးအတားအဆီးတစ်ခုဖြစ်နေ သည်။ အိုဘာယာရှီကော်ပိုရေးရှင်းက ကာဗွန်နာနိုပြွန်ကို အရှည် သုံးစင်တီမီတာရအောင်သာ ပြုလုပ်နိုင်သေးပြီး ဂျပန်နိုင်ငံတစ်ဝန်းလုံးမှ သုတေသီများက ကာဗွန်နာနိုပြွန်ကို လိုအပ်သည့်အရှည်ရအောင်မည်သို့ ပြုလုပ်ရမည်ကို နည်းပညာပြိုင်ပွဲများနှစ်စဉ်ကျင်းပ အဖြေရှာလျက်ရှိပြီး ၂၀၃၀ ခုနှစ်မတိုင်မှီတွင် ကာဗွန်နာနိုပြွန်ကို လိုသလိုဆွဲဆန့်  နိုင်မည့် နည်းပညာကို တွေ့ ရှိမည်ဟု မျှော်လင့်နေကြသည်။
ကာဗွန်နာနိုပြွန်ကြိုးများ အဆင်သင့်မဖြစ်သေးသော်လည်း ဂျပန်နိုင်ငံ ကာနာဂါဝါတက္ကသိုလ်မှ သိပ္ပံပညာရှင်များက အာကာသထဲ ကီလိုမီတာ ၉၆၀၀၀ အမြင့်ထိတက်နိုင်မည့် စက်ရုပ်ကားများကို တည်ဆောက်နေပြီး ယင်းကားများ က တစ်ကြိမ်လျင် လူအယောက် (၃၀)ခန့် ကို အာကာသထဲ ပို့ ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဤအာကာသသွားဓါတ်လှေကားစီမံကိန်း အမှန်တစ်ကယ်ထမြောက်အောင်မြင်ပါလျင် အာကာသ ခရီးစဉ်အတွက် ငွေကုန်ကြေးကျများလှသော ရော့ကက်ဒုံးကျဉ်များကို အသုံးပြုရန်လိုအပ်တော့မည်မဟုတ်ပေ။ လက်ရှိအချိန်တွင် အာကာသထဲသို့  အလေးချိန် တစ်ကီလိုဂရမ်ကိုပို့ ဆောင်ရန် ကန်ဒေါ်လာ ၂၂၀၀၀ ကုန်ကျရာဝယ် ယင်းဓါတ်လှေ ကားဖြင့် ကန်ဒေါ်လာ ၂၀၀ သာကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
သို့ သော် နေအဖွဲ့ အစည်းထဲ နက်ရှိုင်းစွာစူးစမ်းလေ့လာရန် ဒုံးကျဉ်များကိုဆက်လက်အသုံးပြုရအုံးမည်ဖြစ်သော် လည်း အာကာသယာဉ်များကို နောက်ပိုင်းတွင် ကမ္ဘာပတ်လမ်းကြောင်းထဲ အသင့်တည်ဆောက်ထားသော ဒုံးလွတ်စင်များမှ တိုက်ရိုက်ပို့ လွတ်နိုင်မည်ဖြစ်သည့်အတွက် ကမ္ဘာ့ဆွဲအားမှရုန်းထွက်ရန်အသုံးပြုရသော လောင် စာဆီကုန်ကျစရိတ် သက်သာသွားအုံးမည်ဖြစ်ကြောင်း သိရသည်။
သို့ ဖြင့် ကြီးမားသောအာကာသစူးစမ်းလေ့လာမှုများအတွက်လည်း အထောက်အကူပြုပြီး အာကာသထဲ အလည် အပတ်သွားလိုသော ခရီးသည်များအတွက် ကုန်ကျစရိတ်သက်သာလှသော အစီအစဉ်ဖြစ်သဖြင့် ကမ္ဘာက စိတ်ဝင် တစား စောင့်ကြည့်နေကြကြောင်း သိရသည်။

Lashio News Diary
- (အရှေ့သို့) လမ်းလျှောက်တတ်စ ကလေးငယ် နှာခေါင်းမှ ဦးနှောက်ထဲထိ တူစိုက်ဝင် သွားခဲ့ပေမဲ့ အသက်ရှင်လျှက် ရှိနေသေး Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) မျက်မမြင်များအတွက် စာဖတ်ပေးမည့် KNFB Reader Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'