မျက်မမြင်များအတွက် စာဖတ်ပေးမည့် KNFB Reader

မျက်မမြင် များအတွက် အစားအစာ လေဘယ်များ၊ မီနူးများ၊ ဘတ်စကား အချိန်ဇယားများ၊ တက္ကသိုလ် မှတ်စုများကို လက်ရှိ ဈေးကွက်ရှိ နည်းပညာ တိုင်းထက် ပို၍မြန်ဆန် တိကျစွာ ဖတ်ရှုပေးနိုင်မည့် စမတ်ဖုန်း အပလီကေးရှင်း KNFB ကို ဘယ်လဂျီယမ် အခြေစိုက် Sensotec NV ကုမ္ပဏီနှင့် အမေရိကန် ပြည်ထောင်စု မျက်မမြင် စောင့်ရှောက်ရေး ဖက်ဒရေး ရှင်းတို့ က ပူးပေါင်း ထုတ်လုပ်ဖြန့် ချိလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် မျက်မမြင် အထောက်အကူပြုရန် ဆန်းသစ်တီထွင် ထားမှုအမြောက်အများ ရှိရာဝယ် လက်တွေ့  လောကတွင် အသုံးဝင်မှု နဲပါးနေသော်လည်း ယခု ကန်ဒေါ်လာ ၉၉ သာကျသင့်သော KNFB Reader ကိုမူ မျက် မမြင်များက လက်တွေ့ အသုံးပြုကြည့်သောအခါ အဆင်ပြေ လွယ်ကူသောကြောင့် သဘောကျနေကြကြောင်း သိ ရသည်။

KNFB Reader ဟာ မယုံကြည်နိုင်လောက်အောင် တိကျပါတယ်ဟု မွေးရာပါမျက်မမြင်တစ်ဦးဖြစ်ပြီး နယူးဇီလန် နိုင်သား နည်းပညာအတိုင်ပင်ခံတစ်ဦးဖြစ်သူ ယောနသန်က ပြောပြသည်။ ယောနသန်သည် KNFB Reader ကို နေ့ စဉ်အသုံးပြုနေပြီး သားဖြစ်သူ၏ ကျောင်းအောင်လက်မှတ်၊ မိမိထံပို့ လာသောပါဆယ်ထုပ်များနှင့် အခြား ဖတ် လိုသည်များကို KNFB Reader ကဖတ်ပြသောအသံကိုနားထောင်ကာ အဆင်ပြေလွယ်ကူနေပြီဖြစ်ကြောင်း သိရ သည်။

KNFB Reader ကိုအသုံးပြုရန် စမတ်ဖုန်းပါကင်မရာကို စာလုံးများပေါ်ထိုးချိန်ပေးလိုက်ရုံနှင့် ယင်းစာလုံးများကို အသံထွက်ဖတ်ပေးမည်ဖြစ်ပြီး ပုံနှိပ်စာလုံးဖြစ်စေ၊ လက်ရေးမူကိုဖြစ်စေ ဖတ်ပေးနိုင်ကာ ဆိုင်းဘုတ်များ၊ ပါဝါပွိုင့် များ၊ ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ စာလုံးများ အစရှိသည်တို့ ကို ဖတ်ရှုပေးနိုင်ကြောင်း သိရသည်။

လူတွေက ဓါတ်ပုံ၊ဗီဒီယို၊ဂိမ်းတွေအတွက်လောက်ပဲ အပလီကေးရှင်းအမျိုးမျိုးထုတ်နေကြတယ်။ ကျွန်တော်တို့  မျက် မမြင်တွေအတွက် တစ်ကယ်အသုံးဝင်မယ့် KNFB Reader လိုမျိုးကို အခုမှပဲ ထုတ်ကြတော့တယ်။ အခုဆိုရင် ကျွန် တော့်နားမှာဘယ်သူမှမရှိလဲ ကော်ဖီသောက်ချင်လို့ ရှိရင် ကဖင်းပါတဲ့ကော်ဖီလား၊ ကဖင်းထုတ်ထားတဲ့ ကော်ဖီလား ဆိုတာကို ကျွန်တော်ကိုယ်တိုင်ရွေးလို့ ရသွားပါပြီဟု KNFB Reader ကိုအသုံးပြုနေသူ မျက်မမြင် တစ်ဦးက ပြောပြ သည်။

KNFB Reader ကိုလက်ရှိအချိန်တွင် iPhone များတွင်သာအသုံးပြုနိုင်သေးသော်လည်း များမကြာမှီ Android ဖုန်း နှင့် Google Glass များတွင်လည်း တွဲဖက်အသုံးပြုသွားနိုင်အောင် ပြင်ဆင်ထုတ်လုပ်ဖြန့် ချိသွားမည်ဖြစ်ကြောင်း သိရသည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...