လမ်းလျှောက်တတ်စ ကလေးငယ် နှာခေါင်းမှ ဦးနှောက်ထဲထိ တူစိုက်ဝင် သွားခဲ့ပေမဲ့ အသက်ရှင်လျှက် ရှိနေသေး

အသက်(၂) နှစ်အရွယ် Huang Zicheng ရဲ့ ဖခင်က လမ်းလျှောက်တတ်စ ကလေးငယ် တစ်ယောက်အနေနဲ့ လူကြီးသုံး တူတစ်ချောင်းလုံး သူ့နှာခေါင်းထဲ မှတဆင့် ဦးနှောက်ထဲထိ ၃ လက်မ နီးပါဝင်အောင် ဘယ်လိုမျိုးနဲ့ ဘာကြောင့် ထိုးသွင်းမိ လိုက်လဲဆိုတာ စဉ်းစားမရဘူး လို့ ပြောပါတယ်။

Hubei ခရိုင် Wuhan က ကလေးငယ်လေးကို ထမင်းစားသုံး တူတစ်ချောင်း သူ့ဦးခေါင်းထဲထိ ထိုးစိုက်ဝင်မိပြီးတဲ့နောက် ဆေးရုံတင်လိုက်ပြီး ပြန်လည်ဆွဲထုတ်ဖို့ ၄နာရီကြာ ဦးနှောက်ခွဲစိတ် ကုသမှု လုပ်ဆောင်ခဲ့ရပါတယ်။

ကလေးရဲ့ ကျန်းမာရေးအပြည့်အဝနဲ့ နလန်ထူလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဦးနှောက်အတွင်း တူစိုက်ဝင်မှုနဲ့ပတ်သက်ပြီး အရင်က အဖြစ်အပျက်တွေမှာ တူကို ကိုင်ပြီး ပြေးလွှား ကစားနေ တတ်တဲ့ ကလေးတွေဖြစ်တတ်ကြတယ်။ ဒါပေမဲ့ အဲဒီအသက် ၂ နှစ်အသက်အရွယ် အလေးအဖေက အလုပ်တချို့ လုပ်ကိုင်နေခဲ့တာဖြစ်ပြီး တခြားဘက်လည့်ကြည့်နေခဲ့တယ်။ သူပထမဆုံးကြားလိုက်တာက Huang စူးစူးဝါးဝါး အော်ဟစ်သံဖြစ်တယ်လို့ ပြောပါတယ်။

နောက်ဘက်လှည့်ကြည့်လိုက်တော့ တူအရှည်ကြီးတစ်ချောင်း သူ့နှာခါင်းကနေ ဦးခေါင်းထဲထိစိုက်ဝင်နေခဲ့တာ တအံ့တသြတွေ့လိုက်ရတယ်လို့ ဖခင်က ပြောဆိုခဲ့ပါတယ်။

ဆေးရုံရောက်တော့ CAT ဓာတ်မှန်ထဲမှာ အဲဒီတူဟာ Huang ရဲ့ ဦးနှောက်ထဲ ၃ လက်မနီးပါးခန့် ထိုးဝင်သွား ခဲ့ပေမဲ့ ဦးနှောက်အာရုံကြော သို့မဟုတ် သွေးလွတ်ကြောတွေကြီးကြီးမားမား ပျက်စီးစေခဲ့ခြင်း မရှိတာတွေ့ရ ပါတယ်။


Source: metro
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...