ကားထဲရှိ ပလပ်စတစ် သောက်ရေသန့်  ဗူးများက ရင်သားကင်ဆာ ဖြစ်စေနိုင်

ခရီးရှည်မြို့ ပြင် ထွက်တဲ့ အခါမျိုး မဟုတ်တောင်၊ နေ့  တဓူဝပုံမှန် အပြင်ထွက်တဲ့ အခါများမှာလည်း ရေဆာ ပြေစေဖို့ ကားထဲမှာ သောက်ရေသန့်  ဗူးလေးတွေ ဆောင်ထားလေ့ ရှိကြပါတယ်။ သို့ သော် အဲဒီ ပလပ်စတစ် ဗူးက သင့်အတွက် အဆိပ်ဗူးဖြစ်စေ ကြောင်းကို Daily Health Tips(ခေါ်) အင်တာနက် ကျမ္မာရေး သတင်းလွှာမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ က အောက်ပါအတိုင်း ဖော်ပြသွားခဲ့ ပါတယ်။

အမေရိကန်နိုင်ငံ၏ Castle ဆေးရုံမှ အကြိတ်ဗေဒ ပါရဂူများ၏ လေ့လာစမ်းစစ်ချက်များအရ၊ ကားထဲရှိ ပလပ်စတစ် သောက်ရေ သန့် ဗူးများဟာ အချိန်ကြာလာတဲ့နဲ့ အမျှ၊ အပူပြန်လာပြီး ပလပ်စတစ်ဗူးခွံရဲ့  ဓာတု ပစ္စည်းများက အဆိပ်အဖြစ် ရေထဲကိုရောက် သွားတယ်လို့ ဆိုပါတယ်။ ထိုအဆိပ်က ရင်သားကင်ဆာ တစ်ရှုး များကို ပိုမိုအပွားမြန်စေလို့  အမျိုးသမီးများ မသောက်သင့်ပါ ဘူးတဲ့။ ဒါကြောင့် ကားထဲမှာ ပလပ်စတစ် သောက်ရေ သန့် ဗူးကိုမထဲ့ဘဲ၊ စတီးလ်ရေဗူး(သို့ မ ဟုတ်) ဖန်ပုလင်းကိုသာ သုံးသင့်ပါ တယ်တဲ့။

ဒါ့အပြင် ပလပ်စတစ်ဗူးဖြင့်ထဲ့ထားသော အစားအစာများကို မိုက်ကရိုဝေ့ဖ်မီိးဖိုမှာ့ အပူပေးလိုက် တဲ့အ ခါ၊ ပလပ်စတစ်မှ ထွက်လာ သော dioxins များက အပူရှိန်နှင့်အတူ အစားအစာထဲရှိအဆီ များနှင့် ဓာတ်ပြုကာ ကင်ဆာဖြစ်စေကြောင်း၊ ထိုမျှမက ဟင်းခွက် ပူပူများကိုလည်း ပလပ်စတစ် အဖုံးမဖုံး သင့်ကြောင်း၊ ထို့ ပြင် စားသောက်ဆိုင်များမှာ သုံးလေ့ရှိတဲ့ styrene(ခေါ်)ရေမြှုပ်ရာ ဘာ ဗူးခွံများကို ပလပ်စတစ်ပြုလုပ်ရာတွင် သုံးသည့် ဟိုက်ဒရိုကာဘွန်အရည်တစ်မျိုးဖြင့် အသုံြး ပု ထားတာကြောင့် ထိုဘူးခွံများထဲမှာ အစားအစာ ပူပူထဲ့၍ သယ်ဆောင်ခြင်းကလည်း ကင်ဆာရောဂါဖြစ်ကြောင်း…စသည်ဖြင့် အဆိုပါ Castle ဆေးရုံမှ အကြိတ်ဗေဒ ပါရဂူများက လေ့လာ စမ်းစစ် အဖြေထွက်ရှိခဲ့ကြပါတယ်။

ထိုပါရဂူများရဲ့  အဆိုကို Walter Reed Army Medical Center က ထောက်ခံထားပြီး၊ အဲဒီ ပလပ်စတစ်သောက် ရေသန့် ဗူး များကို ကားထဲမှာသာမက၊ ရေခဲသေတ္တာများနဲ့  မိုက်ကရိုဝေ့ဖ် မီးဖိုများထဲမှာလည်း ထဲ့မထား သင့်ကြောင်း၊ အဲဒီလိုပြုခြင်းက ပလပ်စတစ်ဗူးထဲက dioxins(ခေါ်) အန္တ ရာယ် ဓာတ်ပြုဓာတုပစ္စည်း များထွက် လာပြီး၊ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကိုအဆိပ်သင့်၍ ကင် ဆာဖြစ်စေကြာင်း၊ အထူးသဖြင့် အမျိုးသမီးများ ရင်သား ကင်ဆာရောဂါဖြစ်စေကြောင်း ထပ်လောင်း အကြံပြုထားပါတယ်။

ယခုဆိုလျှင် Castle ဆေးရုံမှ တာဝန်ရှိပုဂ္ဂိုလ်များက ကျမ္မာရေးဗဟုသုတရစေရန် တီဗွီလိုင်းများ မှာ health hazard (ခေါ်)ကျမ္မာ ရေးသတိပေးကဏ္ဍအဖြစ် မကြာခဏထုတ်လွှင့်ပြ သပေးနေပါပြီ။ သို့ ပါ၍ မိမိကိုယ်ကို ကျမ္မာရေး အသိရှိစေရန်နှင့်၊ မသိသေး သော အမျိုးသမီးများအားလုံး ကို လည်း မျှဝေသတိပေးကြပါရန် ဤဆောင်းပါးလေးနဲ့  တိုက်တွန်းလိုက်ပါရစေ။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
(မှီငြမ်း။ Daily Health Tips@Internwe news on 31st July 2013)

promise.pauk
------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...