သဘာဝနည်းဖြင့် မျက်နှာ ပေါင်းတင်ခြင်း

< သကြားမှုန့်  >

အလှကုန် ဈေးကွက်မှာ ရောင်းချနေတဲ့ wax(ခေါ်) အမွှေးချွတ် ဖယောင်းလိုဘဲ မိမိဖာသာ အိမ်မှာ သကြားမှုန့်  တို့ ဖြင့် ဖယောင်း လုပ်လို့ ရပါတယ်။ သို့ သော် ဒီနည်းက အင်မတန် ကပ်စေးနေ တာကြောင့် နနွင်းမှုန့် ၊ ဂျုံမှုန့် တို့  လိုမဟုတ်ဘဲ အသားကို နာကျင်တဲ့ ခံစားမှုဖြစ်စေပါတယ်။ ခွက်တစ်ခုထဲမှာ လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏ ရှိသော သကြားမှုန့် ကို ၄င်းနှင့်ဆတူ ပျားရည်စစ်စစ် ၁-ဇွန်းရော၍ သံပုရာရည် အ နည်းငယ် ညှစ်ထဲ့ကာ ထိုအရော အနှောတွေကို အရည်ပျော်အောင် အပူပေးပြီးေ နာက် မီးဖိုပေါ်ကချပါ။ ခပ်နွေးနွေးဖြစ်တဲ့အခါ မလိုလားအပ်တဲ့ အမွှေးအမျှင်များပေါ် လိမ်းကျံပြီးတာနဲ့ တပြိုင်နက် အပေါ်ကနေ ချည်ထည် အ၀တ်စကို ဖိအုပ်လိုက်ပြီး ချက်ချင်း ဆိုသလို ထိုအ၀တ်စကိုဆွဲခွာလိုက်ပါ။ (အ၀တ်စကိုဆွဲခွာတဲ့ အခါ အမွှေးတွေလားရာနှင့်ဆန့် ကျင်၍ ပြောင်းပြန် ဆွဲခွာပေးရပါမယ်)

< ကြက်ဥအကာ >

လွယ်ကူမြန်ဆန်တဲ့ ကြက်ဥလေးတွေကို အသုံးပြုနိုင်ပါတယ်။ ကြက်ဥအကာကို စားပွဲတင်ဇွန်း ၁-ဇွန်းစာ ပမာဏ ရှိတဲ့ သကြား နှင့်အတူ စားပွဲတင်ဇွန်း တ၀က်စာ ပမာဏရှိတဲ့ ပြောင်းဖူးမှုန့် ဖြင့်ရောကာ သမအောင်မွှေပြီးနောက် မလိုလားအပ်တဲ့ အမွှေးအမျှင် များပေါ်လိမ်းကျံပေးပါ။ မျက်နှာပေါ်ခြောက်သွေ့ သွားတဲ့အခါ မျက်နှာ ဖုံးသဏ္ဍာန် အလွှာပါးလေး ဖြစ်နေပါလိမ့်မယ်။ ထိုအလွှာကို ဆွဲခွာလိုက်တဲ့အခါ အမွှေးများပါ ကျွတ်၍ ပါသွားပါလိမ့်မယ်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

promise.pauk
------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...