ဖြစ်ရပ်မှန်တွေ ရိုက်ချင်တဲ့ မိုးယုစံ
ကွမ်းလုံရက် ၄၀ ဇာတ်ကားတွင် ကျောင်းဆရာမ အသွင်ဖြင့် သရုပ်ဆောင်မည့် မိုးယုစံက သမိုင်းဝင် အကြောင်းများ၊ ဖြစ်ရပ်မှန် ဇာတ်လမ်း များကို နောင်လာ နောင်သားများ သိရှိစေရန် ရိုက်ကူး သင့်ကြောင်း ပြောသည်။
သမိုင်းကြောင်း ရှိပြီးသား ကားကို ရိုက်ရတာကလည်း တာဝန်ကြီးတယ်လို့ ထင်ပါတယ်။ အခုလို ဖြစ်ရပ်မှန် ကားလေးတွေကို ရိုက်ထားရင် နောင်ကျရင် အမှတ်တရ ဖြစ်မယ့်ဟာတွေ ပေါ့နော်။ နောက်ပိုင်း လူငယ်တွေ အတွက် လက်ဆင့်ကမ်း အရာဖြစ်လို့ မိုးယုလည်း ပါဝင်ခွင့်ရလို့ ၀မ်းသာ ပါတယ်။ ဖြစ်ရပ်မှန် ကားတွေက ရိုက်ထားသင့် ပါတယ်။ ဒီဖြစ်ရပ်မှန် ဆိုတာက နောင်လူငယ်တွေကို လက်ဆင့်ကမ်းရမှာ ပေါ့နော်။ ဒါကြောင့် ဖြစ်ရပ် မှန်တွေ၊ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကားလေးတွေကို ရိုက်ထားသင့်တယ်လို့ ထင်ပါတယ်။ မိုးယု ကလည်း သမိုင်း ဖြစ်ရပ်မှန် ကားတွေကို ကြည့်ရတာ ၀ါသနာ ပါတယ်။ ကြည့်လည်း ကြည့် ဖြစ်ပါတယ်။ သဘာဝဆန်တဲ့ ကားတွေဆိုလည်း ကြည့်ဖြစ်ပါတယ်။ ကိုယ်မသိတဲ့ အရာတွေလည်း အများကြီး ရှိတယ်လေ။ ဒါကြောင့် ဒီလိုကားတွေ ကြည့်မှပဲ သိရမှာ ပေါ့နော်။ တချို့အရာ တွေက လူကြီးတွေလောက်ပဲ သိမယ်လေ။ လူငယ်ပိုင်းတွေက သိကြမှာ မဟုတ်ဘူး။ အဲဒီလိုမှ မသိရဘူးဆိုရင် နောက်ထပ် နောက်ထပ်က လူငယ်တွေက ဘာမှ မသိတော့ဘူး။ ပိုတောင်ဆိုးဦးမယ်။ မိုးယု အနေနဲ့လည်း ဒီလို ဖြစ်ရပ်မှန်တွေ ရိုက်ချင်တယ် ဟု မိုးယုစံ က ပြောသည်။ မိုးယုစံသည် ဗွီဒီယို ဇာတ်ကား ရိုက်ကူးမှုများကို ရပ်နားထားပြီး၊ ကွမ်းလုံရက် ၄၀ ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ရန် ရိုက်ရက်များ ပေးထားကြောင်း သိရသည်။
The Messenger

--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ကျောင်းသူတစ်ဦး တို့ဆေးဖြင့် ခေါ်ယူခံရ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဝေဖာနှင့် ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုး စားသုံးရန် မသင့်ကြေညာအရက်နှင့် သုက်ပိုး
- (အနောကျသို့) ကယား အာလူးထောင်း Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးBreast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဝေဖာနှင့် ချိုချဉ်အပါအ၀င် အစားအစာ ၂၁ မျိုး စားသုံးရန် မသင့်ကြေညာအရက်နှင့် သုက်ပိုး