ကယား အာလူးထောင်း
ဒါလေးက တော့ ကယား လူမျိုးတွေရဲ့ အစားအစာပါ အာလူးရဲ့ အစိမ့်အရသာ ကို မအီစေပဲ ခပ်စပ်စပ်လေး ပြန်ထိန်းထားတဲ့ တိုင်းရင်းသား အစားအစာ တခုပါရှင်။ ကယားလူမျိုးတွေ ရဲ့ မက်ခါးသီး ဆိုတာကို မြင်ဖူးအောင် ပြထားပါတယ်နော်။ မက်ခါးသီး ဓာတ်ပုံ ပိုင်ရှင်ကတော့ ဒီနည်းလေးကို ပေးတဲ့ မလေးရှားက Sukhita Chaw မချောစုရဲ့ပုံလေးပါ။ အများကြီး စားရင် ဝက်ခြံ ပေါက် တတ် ပါသတဲ့။ မထဲ့လဲ ရပါတယ်။ ကယားလူမျိုးတွေ ကတော့ အမဲခြောက်ကြော်နဲ့ တွဲဖက်စားကြတယ် ။ အလွန်လွယ်ပြီး အရသာရှိတဲ့ အာလူး ထောင်းလေးကို လုပ်စားဖြစ်အောင် လုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေရှင်။
-အာလူး ၆ လုံးခန့်
- ကြက်သွန်နီ ၁လုံး
- ကြက်သွန်ဖြူ ၃-၄ မှာ
- ငရုတ်သီးစိမ်း ၇ တောင့်
- ဂျင်းထောင်းပြီးသား ၁ဇွန်းခန့် (အချိုဇွန်း)
-ဆား ၁ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
အာလူးကို ရေဆေးပြီးပြုတ်ပါတယ်။ နူးပြီးဆိုရင် အေးလောက်တဲ့အချိန်မှာ အခွံခွာပြီးထောင်းပါတယ်။ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်း ၊ ဂျင်း ခပ်ညက်ညက် ရောထောင်းပါတယ်။
ဒယ်အိုးမှာ ဆီများများနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နီ ၊ ငြုတ်သီးစိမ်း ကို ဆီသတ်ပေးပါတယ် .. ကျွတ်လာပြီးရင်ထောင်းထားတဲ့ အာလူးထည့်မွှေ ကာ ဆား နဲ့ ကြက်သားမှုန့်ထည့်ပြီး မွှေကြော်ပေးပါတယ်
ဆီပြန်ပြန် အိအိလေးဖြစ်ရင် ရပါပြီ .. ဂျင်းနဲ့ မက်ခါသီးက optional ပါ ထည့်လည်း ကောင်းတယ် မထည့်လည်း ရပါတယ် ..
မက်ခါးသီး ဓာတ်ပုံ
Credit;Danuphyu Daw Saw Yee (London)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ဖြစ်ရပ်မှန်တွေ ရိုက်ချင်တဲ့ မိုးယုစံ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး
- (အနောကျသို့) Diet ရဲ့ရန်သူ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ္ဝန္မွာသံုးတဲ့ေဆးတမ်ိဳးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Breast Benign Lumps ကင္ဆာမဟုတ္တဲ့ ရင်သားအကျိတ်များအရက်နှင့် သုက်ပိုး