တယ်လီနော ဆင်းမ်ကတ်များ စက်တင်ဘာ ၁၅ စတင်ဖြန့်မည် အင်တာနက်နှုန်း သက်သာမည် ဟုဆို

တယ်လီနော ဆင်းမ်ကတ်များတွင် အသုံးပြုနိုင်မည့် ခန့်မှန်းခြေ ဒေတာပမာဏ နှင့်အင်တာနက် အသုံးပြုနိုင် မှုများကို စက်တင်ဘာ ၅ ရက်က ထုတ်ပြန် ကြေ ညာ လိုက်သော်လည်း ကောက်ခံမည့် ဒေတာနှုန်း ထားများကို မထုတ်ပြန်သေးသောကြောင့် သုံးစွဲသူများ က အူရီဒူးက လက်ရှိသတ်မှတ် ထားသည့် ဒေတာနှုန်း ထားထက် သက်သာသည့် ဈေးနှုန်းမျိုး ဖြစ်စေ လိုကြောင်း တယ်လီနော ဆင်းမ်ကတ်ကို အသုံးပြုလို သူများက စက်တင်ဘာ ၅ ရက်၌ ပြောဆိုကြသည်။
ယင်းအတိုင်းအတာကို အင်တာနက်ဒေတာ စနစ်ကောက်ခံ မှုနှုန်းထားကို မထုတ်ပြန်မီ အင်တာနက် ဒေတာစနစ်ကို သုံးစွဲမည့် ပြည်သူများ အနေဖြင့်နှိုင်းယှဉ်
လေ့လာဆန်းစစ်နိုင်ရန် ချပြထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်ကြောင်းတယ်လီနောမှ သိရသည်။ 

တယ်လီနော ထုတ်ပြန်ထားသည့် ခန့်မှန်းခြေပမာဏ များအရ တယ်လီနော အင်တာနက် ဒေတာစနစ်100 MB လျှင်ဝက်ဘ်ဆိုက် စာမျက်နှာ ၃၀၀ ခန့်ကို ၀င်ရောက်ကြည့် ရှုနိုင်ခြင်း(သို့) သီချင်း ၁၀ ပုဒ်(သို့) လေးမိနစ်စာ ဗီဒီယိုဖိုင် ၁၀ ခု ကြည့်ရှုနိုင်ခြင်း ၊အပလီကေးရှင်း ၃၂ ခုဒေါင်းလုတ်ဒ် ချနိုင်ခြင်းတို့ကို ဆောင်ရွက် နိုင်မည်ဖြစ်ပြီး 500 MB လျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၁၅၀၀ ခန့်ကို ၀င်ရောက် ကြည့်ရှုနိုင်ခြင်း(သို့) သီချင်းအပုဒ် ၅၀ (သို့) လေးမိနစ်စာဗီဒီယိုဖိုင် ၅၀ ကြည့်ရှုနိုင်ခြင်း၊ အပလီကေးရှင်း ၁၅၀ ဒေါင်းလုတ်ဒ် ချနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

အင်တာနက်အသုံးပြုမှု 1GB လျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၃၀၀၀ ခန့်ကိုဝင် ရောက်ကြည့် ရှုနိုင်ခြင်း(သို့) သီချင်း အပုဒ် ၁၀၀ (သို့) လေးမိနစ်စာ ဗီဒီယိုဖိုင် ၁၀၀ ကြည့်ရှုနိုင်ခြင်း၊ အပလီကေးရှင်း၃၂၀ ကို ဒေါင်းလုတ်ဒ် ချနိုင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။ 

"တယ်လီနောနဲ့ ပတ်သက်ပြီးတော့ ဆင်းမ်ကတ်ဖြန့်ဝေမယ့် စက်တင်ဘာလအတွင်းကို ရောက်ရှိလာပါပြီ။တယ်လီနော သုံးစွဲဖို့စောင့်မျှော် နေသူတွေ အတွက်သက်သာတဲ့ ခေါ်ဆိုခနဲ့သက်သာတဲ့ အင်တာနက် ဈေးနှုန်း တွေကို မကြာမီရက်ပိုင်း အတွင်းမှာပဲ အံ့သြ၀မ်းသာစရာ အသိပေးသွားတော့မှာပါ"ဟု တယ်လီနောမှ တာဝန်
ရှိသူတစ်ဦး ကပြောသည်။ တယ်လီနော ဆင်းမ်ကတ်များကို ယခု စက်တင်ဘာ ၁၅ ရက်တွင် စတင်ဖြန့်ချိ သွားမည် ဖြစ်ကာ ဖုန်းခေါ်ဆိုခမှာ တယ်လီနော ကွန်ရက်အချင်း ချင်းဖြစ်ပါက ၁၅ ကျပ်သာ ကျသင့် မည်ဖြစ်ပြီး အူရီဒူးနှင့် MPT ကဲ့သို့ အခြား ကွန်ရက်များကို ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း၊ မှတ်ပုံ
တင်တစ်ခုလျှင် တယ်လီနောဆင်းမ်ကတ် ငါးကတ်ခန့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊ ၀န်ဆောင်မှုစတင်ချိန် တစ်လအခမဲ့ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာက အရောင်းဆိုင်များထံ မိတ်ဆက်စဉ် ပြောကြားခဲ့ကြောင်း အရောင်းကိုယ်စားလှယ် အချို့ထံမှ သိရသည်။ ယင်းနှင့်ပတ်သက်၍ တယ်လီနော မြန်မာထံ အတည်ပြုချက် ရယူခဲ့သော်လည်း ရက်ပိုင်းအတွင်း အတိအကျကြေညာ ပေးသွားမည် ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သည်။ 

"ကျွန်တော်ကတော့ ဖုန်းခေါ်ဆိုခ ဈေးသက်သက်သာသာနဲ့ ဖြစ်ရုံမက အင်တာနက် အသုံးပြုမှုကလည်း ဒေတာနဲ့ ကောက်မယ်ဆိုရင် အားလုံး အဆင်ပြေပြေအသုံးပြု နိုင်မယ့် အနေအထားတစ်ခု ဖြစ်စေချင်တယ် ဒီခေတ်က လူမှုကွန်ရက် ၀က်ဘ်ဆိုက်တွေကလည်း အရေးပါလာပြီးလိုအပ်တဲ အပလီကေးရှင်းတွေ သီချင်းတွေကလည်း အင်တာနက် လိုင်းကောင်းကောင်းနဲ့ ဒေါင်းလုတ်ဒ်ချနိုင်မယ့် အနေအထား တစ်ခုကို မျှော်လင့်ခဲ့တာကြာပြီ။အူရီဒူးကတော့ အင်တာနက်ကောက်ခံနှုန်းက မြင့်တော့ သုံးတာတောင် ရင်တမမဖြစ်နေရတယ်။ ဒါကြောင့် တယ်လီနောကိုတော့ ဒီလိုမဖြစ်စေဖို့နဲ့ 1MB ကိုအများဆုံး နှစ်ကျပ်လောက် ထိတော့ ထားပေးဖို့ မျှော်လင့်ထား တယ်။ ဒါဆိုရင် အားလုံးအဆင်ပြေပြေ သုံးနိုင်မယ်လို့ ထင်ပါတယ်။ တယ်လီနောအနေနဲ့လည်း သုံးစွဲသူတွေ တတ်နိုင်တဲ့နှုန်းထားဖြစ်အောင် လုပ်ပေးစေလိုပါတယ်" ဟု လှည်းတန်းနေအသက်(၂၉)နှစ်အရွယ် ကိုသက်အောင် က ပြောဆိုခဲ့သည်။ 

တယ်လီနောမြန်မာသည် ယခုလတွင်း ဖြန့်ဝေမည့် ဆင်းမ်ကတ်များကို 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြုနိုင် မည်ဖြစ်သည့်အတွက် အောက်ခြေလူတန်းစားများ အသုံးပြုနိုင်သည့် ဖုန်းဟန်းဆက်များ ၌်လည်း ထည့်သွင်း အသုံးပြုနိုင်စေ မည်ဖြစ်ကြောင်း အာမခံထားသည်။


စံတော်ချိန်သတင်းစာ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...