(၄၀)ကျော် ထိပ်ပြောင်သော အမျိုးသားများ ကင်ဆာရောဂါ အန္တရာယ်ပိုများ
![]() |
www.goodenoughmother.com |
‘‘အသက် (၄၅)နှစ်အရွယ်မှာ ဆံပင် အတော်အသင့်ပါးတဲ့ အမျိုးသားတွေ၊ ထိပ်ပြောင်တဲ့ အမျိုးသားတွေ၊ ဆံပင်ကျွတ်တာ များတဲ့ အမျိုးသားတွေမှာပဲ ပြင်းထန်တဲ့ ဆီးကျိတ် ကင်ဆာ အန္တရာယ် ပိုများတာကို ကျွန်တော်တို့ လေ့လာမှုအရ စစ်ဆေးတွေ့ ရှိခဲ့ပါတယ်’’ဟု အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် ဘီသက်စ်ဆာမြို့ရှိ အမျိုးသား ကင်ဆာ ရောဂါဌာနမှ စုံစမ်းစစ် ဆေးရေးမှူး မိုက်ကယ်ဘီကွတ်က ပြောသည်။
သို့သော် အခြားသော ဆံပင်ကျွတ်ခြင်း ပုံစံများရှိသည့် အမျိုးသား များတွင် ဆီးကျိတ်ကင်ဆာ အန္တရာယ်မတွေ့ရဟု ဘီကွတ်က ထပ်လောင်းပြောကြားသည်။
အမေရိကန်ကင်ဆာစစ်ဆေးရေးဌာနတွင် စစ်ဆေးခံသူ အသက် (၅၅)နှစ်မှ (၇၄)နှစ်ကြား အမျိုးသား၃၉,၀၇၀ ဦးတို့တွင် ဆီးကျိတ်ရောဂါအန္တရာယ်နှင့် ထိပ်ပြောင်ခြင်းကြားဆက်စပ်မှုကို သုတေသီများ စိစစ်လေ့လာခဲ့ကြသည်။
၎င်းတို့ကို အသက်(၄၅)နှစ်အရွယ်တွင် ထိပ်ပြောင်ခြင်း၊ ဆံပင် ကျွတ်ခြင်းရှိ၊ မရှိ သုတေသီများက မေးမြန်းခဲ့ပြီး လေ့လာမှုအတွင်း ပါဝင်သူ ၁,၁၃၈ ဦးမှာ ဆီးကျိတ်ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ လေ့လာမှု တွင် ပါဝင်သူ ၅၁ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကင်ဆာပြင်းထန်ကြောင်း သိရသည်။
ယင်းလေ့လာမှုအရ ထိပ်မပြောင်သော အမျိုးသားများထက် ထိပ် ပြောင်သော အမျိုးသားများသည် ဆီးကျိတ် ကင်ဆာဖြစ်နိုင်သည့် အန္တရာယ် ၄၀ ရာခိုင်နှုန်းပိုများကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဆီးကျိတ်ကင်ဆာရောဂါနှင့် ထိပ်ပြောင်ခြင်းနှစ်ခုစလုံးမှာ အမျိုးသားများ၏ လိင်ဟော်မုန်းနှင့် ယင်းဟော်မုန်းများ ပို့လွှတ်သည့် အာရုံကြောများအဆင့်မြင့်မားမှုနှင့်ဆက်နွှယ်ကြောင်း အထောက်အထားတွေ့ရှိရသဖြင့် ထိပ်ပြောင်ခြင်းနှင့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြင်း၊ ရောဂါအဆင့်မြင့်လာခြင်းကြား ဇီဝဗေဒဆိုင်ရာ ဆက်စပ်မှု ရှိကြောင်းသုတေသီများက ပြောသည်။ ယခုလေ့လာမှုကို Clinical Oncology ဂျာနယ်တွင် ဖော်ပြထားသည်။
—Ref: TOI

7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ပညာဖြင့် လူ့စွမ်းအားမြင့် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးVery little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ
- (အနောကျသို့) မိုဘိုင်းဆင်းမ်ကတ် မှောင်ခိုဈေးကွက် ထိန်းချုပ်ရန် အစီအစဉ် ဆွဲမည်ဟုဆို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးVery little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ