မိုဘိုင်းဆင်းမ်ကတ် မှောင်ခိုဈေးကွက် ထိန်းချုပ်ရန် အစီအစဉ် ဆွဲမည်ဟုဆို

ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းရှိ ဖုန်းဆိုင်ရှေ့၌ ဆင်းမ်ကတ် ၀ယ်ယူရန် တိုးဝှေ့နေစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)


မိုဘိုင်း ဆင်းမ်ကတ်များ ရောင်းချရာတွင် မှောင်ခိုဈေး ကွက်များ ဖြစ်ပေါ်နေခြင်းကို ထိန်းချုပ်နိုင်ရန် အစီအစဉ်များ ပြုလုပ် ၍ အကောင် အထည်ဖော်သွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင် ထွန်းက ပြောသည်။

‘‘MPT ဆင်းမ်ကတ်တွေကို ရောင်းတဲ့အခါမှာ ၀ယ်လိုအားက များနေပြီး ရောင်းလိုအားက နည်း နေတဲ့အတွက် မှောင်ခိုဈေးကွက် က ဖြစ်နေတာပါ။ နောက်ပိုင်းမှာ ဆင်းမ်ကတ်တွေကို လိုသလောက်ရနိုင်အောင် ဆောင်ရွက် ပေးပြီး မှောင်ခိုဈေးကွက် တဖြည်းဖြည်း လျော့ကျသွားအောင် လုပ်သွား မှာဖြစ်ပါတယ်’’ ဟု ဦးခင်မောင် ထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် ၎င်းတို့၏ ဆင်းမ် ကတ်များကို စက်တင်ဘာလ ၁ ရက်မှစ၍ လက်လီ အရောင်းဆိုင် များတွင် စတင်ရောင်းချပေးခဲ့ပြီး ၂၀၁၄ နှစ်ကုန်တွင် ဆင်းမ်ကတ် ပေါင်း ငါးသန်းအထိ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ သို့သော် ဆိုင်အနည်းငယ်တွင်သာ ၀ယ်ယူ ၍ ရပြီး လိုအပ် သလောက် မရနိုင် သေး၍ မှောင်ခိုဈေးကွက်များ ဖြစ်ပေါ်နေသော အရောင်းဆိုင် အချို့တွင် ဆင်းမ်ကတ်တစ်ခု လျှင်ကျပ် ၂၅,၀၀၀ အထိ ဈေးတင်၍ရောင်းချမှုများ ပြုလုပ်လျက်ရှိ သည်။

‘‘ကျွန်တော်တို့ဟာ ဒီနှစ်အ တွင်းမှာ ဆင်းမ်ကတ်ပေါင်း ငါး သန်းအထိ ရောင်းပေးသွားမှာဖြစ် တဲ့အတွက် မှောင်ခို ဈေးကွက်ကို ရှောင်ရှားနိုင်ပြီး အလွယ်တကူ ၀ယ်ယူနိုင်ဖို့အတွက် ပြုလုပ်ပေး ပြီးတော့ ဈေးကွက်ကို ဟန်ချက် ညီအောင် လုပ်ပေးသွားမှာဖြစ်ပါ တယ်’’ ဟု ဦးခင်မောင်ထွန်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ကိုးသိန်းကို နှစ်ကြိမ်ခွဲ၍ ရောင်းချပေးထား ကြောင်း သတင်းရရှိသည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...