အမျိုးသမီးများသည် အမျိုးသားများထက် စိုးရိမ်စိတ်ပိုများ
စတန်းဖို့ဒ် တက္ကသိုလ် လူမှုရေး ဘာသာရပ် ထူးချွန်သူ စူစန်နှင့် အဖွဲ့ သည် ၁၀၉ ကြိမ်မြောက် အမေရိကန် လူမှုရေးရာ အစည်းအဝေးတွင် သူတို့၏တွေ့ရှိချက် တစ်ခုကို တင်ပြခဲ့သည်။ အန္တရာယ်များပြီး တာဝန်ယူ မှုများသော အခြေအနေ တစ်ရပ်တွင် အမျိုးသားနှင့် အမျိုးသမီးကွာခြားမှု ရှိသလားဆိုသည်ကို တင်ပြခဲ့ကြ သည်။ သူတို့အဖွဲ့ဟာ အသက် ၁၈ နှစ်မှ ၈၁ နှစ်ကြား အမျိုးသားနှင့် အမျိုးသမီးများကို လေ့လာခဲ့ကြပါသည်။ အဓိကအားဖြင့် စိုးရိမ်စိတ်ကို စာမေးပွဲစစ်သကဲ့သို့ စစ်ဆေးခဲ့ကြရာ အမျိုးသမီးများသည် အမျိုးသားများ ထက် စိုးရိမ်စိတ် ၁၃.၆ ရာခိုင်နှုန်း ပိုများကြောင်ျး တွေ့ရသည်။
အမျိုးသမီးများသည် တာဝန် ယူမှုများသော အလုပ်ခွင်များတွင် စိုးရိမ်စိတ်များတတ်ကြသည်။ ထို အချက်သည် အလုပ်အတွက်အကျိုး ယုတ်စေကြောင်း သူတို့အဖွဲ့က ကောက်ချက်ချခဲ့ကြသည်။ ဒီတွေ့ရှိ မှုကြောင့် အမျိုးသမီး များသည် ခေါင်းဆောင်မှုပိုင်းတွင် နည်းပါးခြင်း ဖြစ်တယ်လို့ စူစန်က ရှင်းပြခဲ့ပါသည်။
မာဃ
Ref;MNT

Health Updates Journal No.(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook