ကြီးထွားမှုဟော်မုန်း အကူအညီ ရယူထားသော ကလေးများတွင် လေဖြတ်ရန် အန္တရာယ်မြင့်မား
ကြီးထွားမှု ဟော်မုန်း (ွGrowth hormone) ကို ဆေး အဖြစ်သုံး စွဲလျက်ရှိသော ကလေးများသည် အရွယ်ရောက် လာသည့် အချိန်တွင် လေဖြတ်ဝေဒနာ ခံစား ရနိုင်ကြောင်း Paris Descartea University မှ Dr.Amelie poidvin ကဆိုသည်။
ဦးနှောက် သွေးကြောများ ပေါက် ခြင်း၊ ပိတ်ခြင်းကြောင့် လေဖြတ်ဝေဒ နာခံစားရခြင်းဖြစ်ပြီး ကြီးထွားမှု ဟော်မုန်း၏ အာနိသင်ကြောင့် လေဖြတ်ဝေဒနာ ခံစားရနိုင်သည့် အန္တရာယ် မြင့်မားစေကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။
၁၉၉၀ ခုနှစ်မတိုင်မီ မွေးဖွားခဲ့ သော ကလေးငယ်များအနက် ၁၉၈၅ မှ ၁၉၉၆ ခုနှစ်အတွင်း ကြီးထွားမှု ဟော်မုန်း အကူအညီရယူခဲ့ကြသော ကလေးငယ် (၆၈၇၄) ဦးကို စုဆောင်း ခဲ့ပြီး လေ့လာမှုများပြုလုပ် ခဲ့ကြသည်။
ကြီးထွားမှုဟော်မုန်း အကူ အညီဖြင့် ကုသမှုခံယူအပြီး (၁၇)နှစ် အကြာတွင် အဆိုပါကလေးငယ်များကို ထပ်မံ ခေါ်ယူလေ့လာခဲ့ပြီး ကျန်း မာရေးပြဿနာများ ပေါ်ပေါက်လာ ခြင်းရှိ မရှိ စစ်ဆေးခဲ့သည်။
ကြီးထွားမှုဟော်မုန်းဖြင့် ကုသ မှုခံယူခဲ့သော ကလေးငယ်အနည်းဆုံး (၁၁) ဦးခန့်မှာ ကုသမှုခံယူနေစဉ် ကာလ၌ ပင် လေဖြတ်ဝေဒနာခံစားခဲ့ရပြီး ၎င်းင်းတို့အနက်မှ (၈) ဦးမှာ ဦးနှောက် သွေးကြောပေါက်ခြင်းကြောင့် လေ ဖြတ် ရခြင်းဖြစ်သည်။ ထို့ကြောင့် ကြီးထွားမှုဟော်မုန်းသည် လေဖြတ် ဝေဒနာအန္တရာယ်ကို (၇.၅) ဆအထိ မြင့်တက် စေကြောင်း သုတေသီတို့က ကောက်ချက်ချထားသည်။
ကြီးထွားမှုဟော်မုန်းကို ဆေးကုသရန်အလို့ငှာ အသုံးပြုခွင့်ကို အမေရိကန်အစိုးရက ၁၉၈၀ ခုနှစ် များအတွင်း အတည်ပြုပေးခဲ့ပြီး ပီကျူ ထရီဂလင်းမှ ကြီးထွားမှုဟော်မုန်း အလုံအလောက် မထုတ်လုပ်နိုင် သော ကလေးများ၊ ကြီးထွားမှုနှောင့် နှေးသောကလေးများတွင်အဓိကအ သုံးပြုခဲ့သည်။
ယခုအခါအဆိုပါဟော်မုန်းကို ခန္ဓာကိုယ်ကြက်သား အလှအပနှင့် အားကစားစွမ်းဆောင်ရည် မြင့်တက် စေရန် အတွက် အသုံးများလာကြပြီး ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အကြား၌ ကြီးထွားမှုဟော်မုန်းသုံးစွဲသော ဆယ် ကျော်သက် အရေအတွက်မှာ (၅) ဆမှ (၁၁) ဆအထိမြင့်တက်လာခဲ့သည်။
ဇော်ကို
Ref;MDI

Health Updates Journal No.(132)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook