ခေါပုတ်..
ငချိတ် အမှုန့်ကို သုံးပြီး ပေါင်းဖို.၊ ထောင်းဖို. မလိုတဲ့ ခေါပုတ် ဆိုပြီး လုပ်ပြခဲ့ဖူး ပါတယ်။ အခု လုပ်ပြမယ့် နည်းကတော့ ငချိတ်အမှုန့် ဝယ်ဖို. အဆင်မပြေပါ ဘူးလို. ပြောကြသူများ အဆင်ပြေအောင် ငချိတ်ဆန် သုံးပြီး လုပ်မှာပါ။
***... ခေါပုတ် လုပ်ရန် လိုအပ်တာလေးတွေ…
1. ငချိတ်ဆန် – ၃ ခွက် (rice cooker ခွက်)
2. လှော်ပြီး မညက်တညက် ထောင်းထားသော နှမ်းမဲ – ထမင်းစားဇွန်း ၇ ဇွန်း
3. လှော်ပြီး မညက်တညက် ထောင်းထားသော နှမ်းဖြူ – ထမင်းစားဇွန်း ၂ ဇွန်း
4. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
5. ဆီ – ထမင်းစားဇွန်း ၂ ဇွန်း
ရေဆေးထားသော ငချိတ်ဆန် – ၃ ခွက်ကို တစ်ညအိပ် ရေစိမ်ပြီး၊ ရေများ သွန်ကာ ရေစစ်ထားပါ။
ပြီးလျှင် ရေ – ၄ ခွက်ခွဲ (rice cooker ခွက်) ထည့်ကာ ချက်ပါ။
ငချိတ်ကျက်လျှင် မီးပိတ်ပြီး အိုးအဖုံးကို ချက်ချင်း မဖွင့်ပဲ ၁၀ မိနစ်ခန့်ဆက်ထားပါ။ (ငချိတ်ရဲ့ အနေအထားကို ပြချင်တဲ့ အတွက် အဖုံးဖွင့်ပြထားတာပါ။)
ပြီးလျှင် ငချိတ်၊ နှမ်းမဲ၊ နှမ်းဖြူ နှင့် ဆားတို့ကို ကြိတ်စက်ထဲ ထည့်ကာ အတော်လေး ညက်သည်အထိ ကြိတ်ပါ။ (ကျွန်မကတော့ အားလုံးကို တစ်ဝက်ခွဲပြီး ၂ ကြိမ် ကြိတ်ပါတယ်။)
ကြိတ်ပြီးလျှင် microwave safe ဖြစ်သော ဖန်ဇလုံထဲ ထည့်ကာ အဖုံး မဖုံးပဲ microwave ထဲ ၁၀ မိနစ်ထည့်ပါ။
ပြီးလျှင် microwave ထဲမှ ထုတ်ပြီး ဆီ ထည့်ကာ သမအောင် မွှေပေးပြီး microwave ထဲ ၁၀ မိနစ် ထပ်ထည့်ပါ
microwave ထဲမှ ထပ်ထုတ်ပြီး ကောင်းစွာ သမအောင်မွှေကာ နောက်ထပ် ၁၀ မိနစ် microwave ထဲ ထည့်ပါ။
၁၀ မိနစ်ပြည့်လျှင် ထုတ်ပြီး သမအောင် ထပ်မွှေကာ ဆီသုပ်ထားသည့် ခွက် (သို.) ဗူး ထဲ ထည့်ကာ အအေးခံ ထားပါ။ (အားလုံးပေါင်း ၃၀ မိနစ် microwave ထဲ ထည့်ရပါမယ်။)
အေးသွားပြီးနောက် လုံအောင်ဖုံးကာ ရေခဲသေတ္တာထဲ ၅ နာရီခန့် ထည့်ထားပြီးမှ လှီးလျှင် လှီးရတာ ပိုမိုလွယ်ကူ စေပါတယ်။
လှီးသောအခါ လက် နှင့် ဓါးကို ဆီသုတ်ပြီး လှီးကာ ဆီပူပူထဲ အိုးမကြပ်အောင် ထည့်၍ ၁၀ မိနစ်ခန့် (သို့) မိမိနှစ်သက်သည့် အပျော့၊ အမာအနေအထားရအောင် ကြော်ကာ သကြား၊ ဆီတိုဟူးတို့ဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

ChawSusFoodFriends
https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) မိခင် နို့တိုက်ကြွေးရေးဆိုင်ရာ အမိန့်အား ကျန်းမာရေး ၀န်ကြီးဌာနက မိတ်ဆက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Sony Xperia Latest Firmware Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'