အ၀တ်လျှော်စက်ထဲ ခွေးထည့်လျှော်လို့ ဒေါသထွက်ကြ

ဟောင်ကောင်က ဂျက်ကီလိုဆိုတဲ့ လူတစ်ဦးဟာ အရှိန်နဲ့ လည်နေတဲ့ အ၀တ်လျှော်စက်ထဲ ခွေးလေး တစ်ကောင်ကို ထည့်ပြီး သတ်ခဲ့တဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဟာသလုပ် တင်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က တိရစ္ဆာန်ညှင်း ပန်းနှိပ်စက်မှု နဲ့ စုံစမ်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အဖြူရောင်ခွေးလေး အ၀တ်လျှော်စက် ထဲကနေ ခုန်ထွက်ဖို့ကြိုးစားနေပုံ၊ အရှိန်နဲ့ လည်နေတဲ့ အ၀တ်လျှော်စက်ထဲမှာ သူ့ရဲ့ခေါင်းကိုကြိုးစားပြီး မော့ထားပုံတွေကို သူက တင်ခဲ့တာဖြစ်ပါတယ်။ ခွေးတစ်ကောင်ကို အမြန်ဆုံးရေချိုးပေးနည်းကို ပြချင်လို့ အခုလိုဓာတ်ပုံတွေ တင်ခဲ့ တာလို့ သူကပြောပြီး ခွေးလေးသေသွားပြီလား ဆိုတဲ့အမေးကို သူကသေသွားပြီ၊ ကြည့်ချင်လို့လား လို့ ပြန်ဖြေခဲ့ တယ်လို့ ဆိုပါတယ်။

အရင်လကလည်း ဟောင်ကောင်မှာလမ်းဘေးခွေးတစ်ကောင်ကို ရထားဖြတ် ကြိတ်မှာကို ရထားဝန်ထမ်းတွေ မတားဆီးခဲ့ကြတဲ့အတွက် မြေအောက် ဘူတာရုံတစ်ခုမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။

ဟောင်ကောင်ဥပဒေအရ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်တဲ့ပြစ်မှုကို ထောင်ဒဏ် သုံးနှစ်အထိ အများဆုံး အပြစ်ပေး ပါတယ်။

ဘာသာပြန်... ချိုလေးငယ်

Ref: AFP
Kumudra Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...