ငြိမ်းချမ်းအေးချမ်းသည့် မိသားစုဘဝ တည်ဆောက်သူတို့ စကားသံများ

အိမ်ထောင်တစ်ခု တည်ဆောက် ကြပြီဆိုလျှင် နားလည်မှု၊ ယုံကြည်မှုများနှင့် ဖြတ်သန်းကြ ရပါသည်။ ဖြတ်သန်း လာသည့် အိမ်ထောင်သ က်တမ်းနှင့် အိမ်၏ ဆည်းလည်း သံလေးများဖြစ်သော သားသား၊ မီးမီးများနှင့် ပျော်ရွှင်စွာ လူမှု့ဘဝကို ဖြတ်သန်းနေ ကြပြီဖြစ်သည့် အနုပညာရှင် မိသားစုတို့၏ စကားသံများကလည်း ကြည်နူး စရာပါပဲ။ 


ကိုခန့်နိုင်၊ခိုင်သင်းကြည်-

” ဧပြီလ(၂၄) ရက်နေ့က အစ်မတို့နှစ်ပတ်လည်နေ့ပါ။ ၂ဝ၁၄ခု နှစ် ဧပြီလ ၂၄ ရက်နေ့တုန်းက မင်္ဂလာသက်တမ်း (၁၂)နှစ်ပြည့်သွားပြီ။ အဲဒီနေ့တုန်းကဆိုရင် အစ်မဖေ့စ် ဘုတ်မှာတောင်တင် လိုက်တယ်။ ရည်းစား သက်တမ်း (၈)နှစ် အိမ်ထောင် သက်တမ်းက (၁၂)နှစ် အနှစ်(၂ဝ) ရှိပါပြီလို့ တင်လိုက်တာ။ အဲဒီတုန်းကဆိုရင် တင်သမျှ ပုံတွေ ထဲမှာ like အများဆုံးနဲ့ comment အများဆုံး ရခဲ့တယ်။ အဲဒီနေ့လေးတွေမှာ အမှတ်တရအနေနဲ့ ထူးထူး ခြားခြားတော့ မလုပ်ဖြစ်ပါဘူး။ မိသားစုနဲ့အတူ အဲဒီနေ့ လေးမှာ တစ်ခုခု သွားစားကြတယ်။ ထိပ်ထိပ်ကလေး ကလည်းပြောတယ်။ အဲဒီတုန်းကဆို မီးမီးက မရှိသေးဘူးပေါ့နော် ဘာတို့ ကလေးဆန်တဲ့ စကားလေးတွေ ပြောတယ်။ အဲ ဒါပြီးမှ မီးမီးက ဖေဖေ၊မေမေ တို့ဆီကို ရောက်တာပေါ့နော်။ အဲဒီလိုမျိုးလေးတွေပြောတယ်။ အဲဒီနေ့ ဆိုရင် လင်မယား နှစ် ယောက်မင်္ဂလာ ဆောင်တုန်းက အချိန်လေးတွေ ကို ပြန်ပြောဖြစ်ကြတယ်။ အစ်မတို့အဖွဲ့ တွေထဲမှာဆို အစ်မက အရင်ဆုံးမင်္ဂလာဆောင်တာဖြစ်တော့ အဲဒီတုန်းက လူတွေကတော်တော်လည်း စိတ်ဝင် စား ကြတယ်။ မဖိတ်မိလို့ စိတ်ဆိုး ကြတဲ့သူတွေလည်းရှိတယ်။ Sedona ခန်းမကြီးတင်မကဘူး။ မင်းတုန်းခန်းမ ကော ခန်းမအကုန်လုံး ဖွင့်ရတဲ့ အခြေအနေထိ တောင်ဖြစ်တယ်။ အဲဒီတုန်း ကအချိန်လေးတွေကို သတိတရနဲ့ ပြန်ပြောဖြစ်ကြတယ်။ အဲနေ့လေးမှာ တစ်ခုခု သွားစားဖြစ်တယ်”



နိုင်းနိုင်း၊စန္ဒီချို -

” ကျွန်တော်တို့က ၂ဝဝ၈ ခုနှစ်က မင်္ဂလာဆောင်တာပေါ့။ အဓိကက နားလည်မှုပဲ။ အချိန်ပေးနိုင်ရမယ်။ ဝေးတာ၊ နီးတာက အဓိက မဟုတ်ဘူး။ မိသားစုအတွက် အချိန်ပေးနိုင်ရမယ်။ ကောလာဟလ တွေကတော့ ဖြေရှင်းနေ စရာ မလိုပါဘူး။ လူတွေက ဒီလိုပဲလျှောက် ပြောနေမှာပဲ။ အဲဒါတွေ မစဉ်းစားဘဲနဲ့ ဒီလိုပဲ ကိုယ့်ဘဝ ကိုယ် ရှေ့ ဆက်လျှောက် လှမ်းရမှာပေါ့။ ကျွန်တော်တို့ မိသားစုတွေက ဝေးနေရတာဆိုတော့ မနက်မိုးလင်းတာနဲ့ ဖုန်းဆက် ပြီး သူတို့နဲ့ စကားပြောရတယ်။ သိတဲ့အတိုင်း လိုင်းတွေ ကလည်းကောင်းလိုက်၊ မကောင်းလိုက်နဲ့ ဖြစ်နေတယ်။ နေ့တိုင်းပုံမှန် သူတို့နဲ့ အမြဲပြောဖြစ်တယ်။ သမီးကြီးက ကျောင်းတက် ရတော့မယ်။ ကျွန်တော် ကတော့ ဒီဇင်ဘာ လမှပဲ အမေရိကကို သွားဖြစ်မှာပါ”



ချမ်းကျော်ကျော်ပိုင်၊ ဇင်ဇင်ဇော်မြင့် -

” အစ်မတို့ရဲ့မင်္ဂလာသက်တမ်းက ၇နှစ်လောက်ရှိပြီ။ အမြဲတမ်း မင်္ဂလာနှစ်ပတ်လည်နေ့တိုင်းလည်း ဘုရားသွား တယ်။ အလှူတစ်ခု ခုလုပ်ဖြစ်တယ်။ မိသားစုနဲ့အတူ ဒင်နာသွားစားကြတယ်။ နှစ်ပတ်လည်တိုင်း အမှတ်တရ တစ်ခုခု လုပ်ဖြစ်တယ်။ အမှတ်တရ လက်ဆောင်ပေးတာလည်း ရှိတယ်။ အစ်မတို့နှစ်ယောက်က ဘဝမှာ အခက်အခဲတွေ ကြုံခဲ့ရတဲ့အခါတိုင်း အမြဲတမ်း အတူတူ ရင်ဆိုင်ကျော်ဖြတ်တယ်။ မိသားစုအပေါ်ကို နားလည်မှု တွေ၊ ချစ်ခြင်း တွေနဲ့အပြန်အလှန် အားပေးမှုတွေနဲ့ တစ်ဦးနဲ့တစ်ဦးထားရှိပြီး မိသားစုဘဝလေးကို တည်ဆောက် ရမယ်လို့လည်း အစ်မ ယူဆတယ်။ အခုဆိုလည်း အငယ်လေးက ၂ လလောက်ပဲ ရှိသေးတော့ ကလေးတွေ အတွက်ပဲ အချိန်ပေးပြီးပြုစုတယ်။ မိသားစု အတွက်ပဲ အချိန်ပိုပေးထားပါတယ်”


ပေါ်ပြူလာအဖွဲ့
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...