မျိုးဆက်သစ်တို့ အတွက် လင်းလင်း ဖန်တီးပေးမယ့် အခွင့်အလမ်း

အဆိုတော် လင်းလင်း စီစဉ် သော မျိုးဆက်သစ် ဂီတ ဝါသနာရှင် များအား ဖိတ်ခေါ်ခြင်း စာနယ်ဇင်း ရှင်းလင်း ပွဲကို သြဂုတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီ အချိန်က ရန်ကုန် မြို့ စင်ထရယ် ဟိုတယ်တွင် ကျင်းပပြု လုပ်ခဲ့ သည်။ မြန်မာ တစ်နိုင်ငံလုံးတွင် ရှိသော မျိုးဆက် သစ်ဂီတ ဝါသနာရှင် များအား ဖိတ်ခေါ်ခြင်း ဖြစ်ပြီးရေး၊ ဆို၊တီး သုံးမျိုး စလုံးကို တကယ်သိ၊ တကယ် တတ်သော မျိုးဆက်သစ်များ အားဖော် ထုတ်ပေးစေ လိုသည့် ရည်ရွယ်ချက်ဖြင့် ထိုပွဲကို ကျင်းပဖြစ်ပုံကို လင်းလင်းက “အရေးသမား တစ် ယောက်က သူရေးတဲ့သီချင်း ကိုပြမယ် ဆိုရင် ဂစ်တာ နဲ့ပဲဖြစ်ဖြစ်၊ တီးဝိုင်းနဲ့ ပဲဖြစ်ဖြစ် ရေးထားတဲ့ သီချင်းကို စီဒီ ခွေနဲ့ပေးပို့ ရမှာ ဖြစ်ပါတယ်။ အဆို သမားက လည်း သူကြိုက်နှစ်သက်တဲ့ မည်သည့်သီ ချင်းကို မဆိုဆိုပြရမယ်။ အတီးသမား ကျတော့ ကိုယ်ပိုင်တီး ထားတဲ့ သံစဉ်ကို ပို့ရမှာဖြစ်ပါတယ်။ အမှတ်-၂၅၄၊ အခန်း- ၈၁ (၄- လွှာ)၊ ဆိပ်ကမ်း သာလမ်း အပေါ်ဘလောက် Metal Zone Studio ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အခွေထုတ်တဲ့ အခါ ကုန်ကျမယ့် ကုန်ကျစရိတ် အကုန် လုံး ကို ကျွန် တော်ပဲ တာဝန်ယူမှာဖြစ်ပါ တယ်”ဟု ပြောသည်။ “အခွေ လုပ်နေ တဲ့ အ ချိန်မှာ စာချုပ်တစ်ခု ချုပ်ပါမယ်။ ဘာစာချုပ်လဲ ဆိုတော့ ဂီတအ နုပညာ နဲ့ပတ် သက် ပြီးတော့ တခြား အဖွဲ့အစည်း နဲ့သော်လည်းကောင်း၊ မည်သူ တစ်ဦးတစ် ယောက် နဲ့သော် လည်းကောင်း စာချုပ်ချုပ် မယ် ဆိုရင် ကျွန်တော့်ရဲ့ သဘော တူညီချက် မရ ဘဲ စာချုပ်ချုပ် ခွင့်ပေးမှာ မဟုတ်ပါဘူး။ အဓိကက အရည်အသွေး မမီတဲ့ စင်တင်ရှိုးတွေ၊ ဘီယာဆိုင်တွေ စသ ဖြင့်ပေါ့နော်။ ဒီပွဲတွေမှ လုံးဝပေး မဆိုပါ ဘူး။ ဒီလို စာချုပ် ချုပ်ရတာ ဟာလည်း သူတို့ ဘဝကို ချုပ်ချယ် ခြင်း မဟုတ်ပါဘူး။ သူတို့ရဲ့အောင်မြင် မှုကြောင့် ရလာတဲ့ အကျိုး အမြတ် တွေကိုလည်း ဘာတစ်ခုမှ ကျွန်တော် ယူမှာ မဟုတ်ပါ ဘူး” ဟု အဆိုတော် လင်းလင်းက စာချုပ်ကိစ္စ နှင့် ပတ် သက်၍ ပြောခဲ့သည်။ စီဒီခွေများ ကို စက် တင်ဘာလ တစ်လလုံး ပေးပို့နိုင် မည်ဖြစ် ပြီး အသေးစိတ် သိရှိ လိုပါက ဖုန်းနံပါတ် ဝ၉ ၄၄၄ဝဝ၂၂၈ဝ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရ သည်။


ကောင်းခန့်ဇော်
Popular Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...